"အန်တီ ကျွန်တော်ရောက်ပါပြီ"
သီဟသက်ထင်က ရှုပ်ပွနေတဲ့ စားပွဲနောက်မှာ ထိုင်နေတဲ့ အမျိူးသမီးကို နှုတ်ဆက်တယ်။ အဲဒီ အမျိုးသမီးဟာ ဧသာဒ်နဲ့ သီဟသက်ထင်ရဲ့ မတော်တဆ blind ိdate ကို စီစဉ်တဲ့ အန်တီချစ်ပဲဖြစ်တယ်။ သက်ကြီးရွယ်အိုများ ဂေဟာရဲ့ ဂေဟာမှုးပေါ့။
ဒီနေ့က အဘိုးအဘွားတွေကို ဆေးစစ်ပေးရမယ့်နေ့ဖြစ်တယ်။ ပြီးတော့ အပါရိကရောဂါတွေကို ကြည့်ပေးဖို့ မကြာမကြာလာဖြစ်တယ်။
"မနေ့ကပဲ 'သက်' ကုမ္ပဏီ ဘက်က လိုတဲ့ ဆေး အားလုံးနီးပါးလာပို့သွားပြီ။ အန်တီ ဂိုထောင်မှာ နေရာချထားပေးတယ်။ လိုက်ကြည့်ပါဉီးလား"
အန်တီချစ်က ပြောပြောဆိုဆိုနဲ့ ဆေးဂိုထောင်ဘက် ခြေဉီးလှည့်သွားတယ်။ သီဟသက်ထင်က နောက်က လိုက်သွားရတယ်။
"ဆေးတွေ က အလျှံအပါယ်ပဲကွယ်။ ဒေါက်တာ သီဟ ရဲ့ ကျေးဇူးတွေပါပဲ"
"သူတို့ ကုမ္ပဏီရဲ့ အလှူက ဘယ်လိုလုပ် ကျွန်တော့် ကျေးဇူး ဖြစ်ပါ့မလဲ အန်တီရယ်။ အန်တီ ဆရာဉီးသက်ဝေကို သာ ကျေးဇူးတင်ပါ"
"အန်တီက ဉီးသက်ဝေဆီ ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပြီးပါပြီ။ ဧသာဒ်လေးက ဒေါက်တာသီဟက ဒီဆေးတွေရဖို့ ဘယ်လောက် အပင်ပန်းခံခဲ့လဲဆိုတာ အန်တီ့ကို ပြောပြနေခဲ့တာ"
"ဧသာဒ်လေး.." သီဟသက်ထင်က အန်တီချစ်ရဲ့ အခေါ်အဝေါ်ကို လိုက်ခေါ်လိုက်မိတယ်။ ဧဿာဒ်နဲ့ အန်တီချစ် သိတာ မဆန်းပေမယ့် ဧသာဒ်လေး ဆိုတဲ့ အခေါ်အဝေါ်ကတော့ အရမ်း ရင်းနှီးလွန်နေသလားလို့လေ..
"ကောင်လေးက အန်တီတို့ ဆီ ဆေးလာပို့တော့ လိုက်လာတာလေ။ သွက်ကလည်းသွက် ချောက လဲချော။ အပြောကလဲ ချို။ အခုတော့ ဒီမှာ အသည်းကျော်လေး ဖြစ်နေလေရဲ့"
"အသည်းကျော်?"
အန်တီချစ်က တခစ်ခစ် ရယ်မောလိုက်တယ်။
"ဧသာဒ်လေးက ပိတ်ရက်ဆို ဒီကိုလာပြီး အဘိုးကြီးတွေနဲ့ ကစားပေးတယ်လေ။ ဒီမှာကလဲ အဖော်ငတ်နေကြတဲ့သူတွေဆိုတော့ သူ့ပဲမျှော်နေကြတာပေါ့"
ဘာကစားပေးလဲဆိုတာ မေးစရာ မလိုတော့ဘူး။ အဘိုးအဘွားတွေ အနားယူဖို့ လုပ်ပေးထားတဲ့ အခန်းကျယ်ကြီးမှာ ဆူဆူညံညံ အသံတွေ ထွက်လာနေတယ်။
BẠN ĐANG ĐỌC
မောင့် မာရီဂိုးလ်
Lãng mạnမာရီဂိုးလ် ပန်းလေးတွေဟာ နေရဲ့ အရောင်နဲ့ ဆင်တူတဲ့ အဝါရောင် ကို ပိုင်ဆိုင်ထားတယ်။ သူတို့ဟာ ပျော်ရွှင်ခြင်းနဲ့ နွေးထွေးခြင်းကို ကိုယ်စားပြုတယ်။ ကံကောင်းခြင်းကို ပေးစွမ်းနိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ လွမ်းဆွတ်ခြင်းနဲ့ အဆုံးမဲ့ နောင်တရဲ့ ပြယုဂ်ဖြစ...