"သွားတော့ မလို့လား"
ဆွေသက်က ဖတ်လက်စ သတင်းစာကို ချပြီး လှေကားပေါ်က ဆင်းလာတဲ့ ဧသာဒ်ကို မေးလိုက်တယ်။
"တစ်မိနစ်တောင် နောက်မကျ ချင်ဘူးလေ။" ဧသာဒ်က ချိတ်ထားတဲ့ ကားသော့ကို ယူလိုက်တယ်။ "ဒီလောက် အကြာကြီး စောင့်ခဲ့ရတာ။"
"ဘယ်လိုလူမျိုးများ ဖြစ်မလဲ၊ ငါလဲ တစ်ခါလောက် လိုက်တွေ့ချင်တာ" ဆွေသက်ဟာ ဧသာဒ်ဆီ လျှောက်လာပြီး ဧသာဒ် ဝတ်ထားတဲ့ အနက်ရောင် ကုတ်အင်္ကျီရှည်ရဲ့ ကော်လံ ကို တည့်မတ်ပေးလိုက်တယ်။ ညှပ်ကလစ်တွေရဲ့ အကူအညီနဲ့ ထုံးနှောင်ထားတဲ့ ဆံပင်တွေဆီက ကျလာတဲ့ နီညိုရောင် ဆံပင်တစ်နွယ်ကို ကုတ်ပေါ်က ဖယ်ထုတ်ပေးလိုက်တယ်။
"ဟန်ဆောင် ကောင်းတဲ့သူပေါ့။" ဧသာဒ်က မကျေမနပ်ပြောတယ်။ "အထင်ကြီးစရာကောင်းတဲ့ ပညာရေး နောက်ခံကို နှစ်ပေါင်းများစွာ စေတနာ့ ဝန်ထမ်းလုပ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းလိုက်တော့ အပြစ်ပြောစရာ အမဲစက် တစ်ခုမှမရှိတဲ့ သူ"
"ကိစ္စမရှိဘူး။ ငါတို့ က သူ့ရဲ့ ကိုယ်ရေးရာဇဝင်မှာ အမဲစက်တွေပေါင်း ထည့်ပေးနိုင်မှာပါ။"
ဆွေသက်က နှစ်သိမ့်ပေးလိုက်တယ်။ "ငါနဲ့ အဖေ ဝင်ပါဖို့ မလိုသေးတာ သေချာလား"
"သူက မမ ရဲ့ နောက်ခံကို ဘယ်အနေအထားထိ သိထားလဲ မသိသေးတော့ အစ်ကိုနဲ့ အဖေပါ ပါလာရင် ဆက်စပ်မိသွားမယ် ထင်တယ်"
"ဝေသက်က သူ့နောက်ခံမိသားစု အကြောင်း သူများကို လျှောက်ပြောတတ်တဲ့ သူမှ မဟုတ်တာ။ သူပြောလေ့ရှိတာက ဘာတဲ့ 'ထမင်းကို နပ်မှန်အောင်စားဖို့ ရုန်းကန်နေတဲ့ လူတွေကြားမှာ ချမ်းသာတယ်လို့ ထုတ်ပြောဖို့ ရှက်တယ်' တဲ့"
"ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ သူနဲ့ မတွေ့သေးတာ အကောင်းဆုံးပဲလေ"
"အေးပါ။ ငါတို့ ဒီအကြောင်းပြောထားပြီးသားပဲ" ဆွေသက်က လက်လျှော့ပြီး ဧသာဒ်ကို တံခါးဖွင့်ပေးလိုက်တယ်။
"ရယ်စရာ ကောင်းတယ် မဟုတ်လား။ သူသာ ဝေသက် အပေါ်မှာ ကောင်းခဲ့ရင် အခုအချိန် ငါတို့ရဲ့ ယောက်ဖ ဖြစ်နေမှာ"
ESTÁS LEYENDO
မောင့် မာရီဂိုးလ်
Romanceမာရီဂိုးလ် ပန်းလေးတွေဟာ နေရဲ့ အရောင်နဲ့ ဆင်တူတဲ့ အဝါရောင် ကို ပိုင်ဆိုင်ထားတယ်။ သူတို့ဟာ ပျော်ရွှင်ခြင်းနဲ့ နွေးထွေးခြင်းကို ကိုယ်စားပြုတယ်။ ကံကောင်းခြင်းကို ပေးစွမ်းနိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ လွမ်းဆွတ်ခြင်းနဲ့ အဆုံးမဲ့ နောင်တရဲ့ ပြယုဂ်ဖြစ...