Uni
" ခင်များ ဘာလုပ်တာလဲ ၊ ယဥ်ကျေးမှုကိုမရှိဘူး "
ကားထဲ ရောက်တော့ နှိုင်းဘက်က စပြီးစကားပြောတော့သည်။
" အဲ့မိန်းမ အပေါ်တော့ ယဥ်ကျေးမှု ရှိစရာမလိုဘူး "" ဘာလို့လဲ "
" ဒါက ငါတို့ရဲ့အိမ်တွင်းရေး ကိစ္စမို့လို့ မင်းသိစရာမလိုဘူး "
အင်းပေါ့ ဒါကသူတို့ရဲ့အိမ်တွင်းရေး ဆိုတော့ နှိုင်းလည်းသိစရာမလိုဘူးထင်ပါတယ်။
ထားလိုက်ပါလေ ၊ နှိုင်းက အရမ်းစပ်စု တဲ့သူမျိုးထဲလဲမပါဘူးဆိုတော့.... ။.....
နှိုင်းအိမ်ရှေ့ကိုကားလေးရောက်တော့ မေကြီးက ခြံထဲက အပင်တွေကို ရေလောင်းနေတာ တွေ့ရသည်။
နှိုင်းလည်း မျက်ရည်များကိုမထိန်းနိုင်ကာ ငိုချပြီး မေကြီးရှိသည့် ခြံဝန်းထဲသို့ ပြေးဆင်းသွားသည်။" မေကြီး..အီးးဟီးးး"
နှိုင်းက ပြေးဖက်လိုက်တော့ ရေလောင်းနေတဲ့ မေကြီးက လက်ထဲက ရေပုံး များကိုပင် လွှတ်ချကာ နှိုင်းကို ပြန်ဖက်လာသည်။
" မေကြီးရဲ့သားလေး ၊ မေကြီးရဲ့သားငယ်လေး နှိုင်း ပြန်လာတယ်ပေါ့ လေ ၊ မေကြီးဖြင့်လွမ်းနေခဲ့တာကွယ် "
မေကြီးရဲ့အသံမှာ ငိုသံနည်းနည်းပါနေသည်။" သားလည်းလွမ်းတယ် မေကြီး.. "
သားအမိနှစ်ယောက် မှာတင်းကြပ်စွာဖက်ထားပြီး ပျော်ရွှင်သောကြောင့် မျက်ရည်များပင် ထွက်ကြသည်။" မေကြီး...သားက ဒီကိုအပြီးပြန်လာခဲ့တာ ၊ မေကြီးနဲ့ပဲ အတူတူနေတော့မှာ ၊ မေကြီးစျေးရောင်းစရာမလိုတော့ဘူးနော် "
ဒေါ်ခတ္တာနွယ်ဟာ သူမရဲ့ ခင်ပွန်း မရှိခင်ထဲက သူမရဲ့သားကို စျေးရောင်းကာ ရှာဖွေကျွေးမွေးစောင့်ရှောက်နေတာ ဖြစ်သည်။ အိမ်ရှေ့မှာလဲ အသီးအရွယ် မျိုးစုံစိုက်ထားသေးသည်။ ထိုမှ သီးပွင့်သော ဟင်းသီးဟင်းရွက်များကို ခူးကာ အိမ်နီးချင်းများကို ပြန်ရောင်းလေ့ရှိသည်။ စျေးထဲမှ အသားငါးတွေဝယ်ပြီး စျေးနဲ့အလှမ်းဝေးသည့် ရပ်ကွက် တွေမှာ စျေးပြန်ရောင်းသည်။
ထို့ကြောင့်ထင်ပါသည် မေကြီးသည် အသက်ရွယ်တော်တော် ကျသွားလိုက်တာ အရေတွေတောင်တွန့်လို့ ။ သို့သော် မေကြီးဟာ လှနေဆဲပါပင်။
![](https://img.wattpad.com/cover/356373308-288-k210271.jpg)
YOU ARE READING
Only for you ( မင်းအတွက်သာ)
Romanceမင်းကိုဘယ်ကနေ စချစ်မိမှန်းငါမသိခဲ့ဘူး။ #ရှိုင်းဝဋ်သာလွန် အစ်ကို့ကို ချစ်ပါတယ် ဘဝနဲ့ရင်းပြီးတော့ပေါ့ #နှိုင်းလွန်းသာနွယ်