Uni
" ရှိုင်း မင်းသိပ်လွန်တယ်နော်သိလား "
ရှိုင်း ဟိုတနေ့က bar ကနေ တစ်ယောက်ထဲ ပြန်လာပြီးထဲက စိတ်တို့ဟာ လုံးဝကိုမကြည်နေခဲ့ ။
အိမ်ပြန်ရောက်လာတော့လည်း အခန်းထဲမှာ သောင်းကျန်းနေသေးတာ ။ရှိုင်းရဲ့ အကျင့်ဆိုးအရ တစ်ခုခု စိတ်ညစ်စရာ ရှိရင် တစ်ယောက်ယောက် ဒါမှမဟုတ် ပစ္စည်း တစ်ခုခုကို ပစ်ပေါက်တာဖြစ်ဖြစ် ရိုက်ခွဲတာ ဖြစ်ဖြစ် ၊ လူဆိုရင်လည်း ဘေးနားက လူကို တစ်ခုခု လုပ်လိုက်ရမှ ကျေနပ်တဲ့ သူမျိုး ၊
အဲ့ဒါကြောင့် ရှိုင်း စိတ်ညစ်နေချိန် ၊ စိတ်တိုနေချိန်တွေမှာ သူငယ်ချင်းဖြစ်သူ တွေရော ၊ အိမ်က အစေခံတွေကပါ ရှိုင်းနဲ့ ဝေးဝေးမှာ နေကြတာ ။" ဘာလဲ ကိုရဲ ၊ ငါက လွန်တယ်လား ရှိသေးတယ် ၊
အဲ့ အပျက်မတွေသာ ငါ့နားမှာရစ်သိသိ မလုပ်ရင် ငါလည်း အဲ့လိုရိုက်ခွဲ စရာအကြောင်းမရှိဘူး "" ဘာ မင်းကတော့လေ ၊ မင်းရဲ့အဲ့အကျင့်စရိုက်ကြီးကိုပြင်စမ်းပါ ၊ ပြဿနာတစ်ခုခုဖြစ်ရင် မလွယ်ဘူးနော် "
" အဟက် ပြဿနာက ငွေနဲ့ ရှင်းရင်ပြီးတယ်ကွ "
ထင်တဲ့အတိုင်းပါပဲ ၊ အမြဲတမ်း အရာရာကိုပိုက်ဆံနဲ့ဘဲ လိုက်ရှင်းနေတာ ။ အဲ့ဒါက ပြဿနာဖြေရှင်းတာမှမဟုတ်ဘဲ ။
" မင်း ဟန်နီကို မေ့လိုက်တော့ ၊ ဟိုကဖြင့် တရုတ်က ဘဲကြီးနောက်ကို ကောက်ကောက်ပါသွားပြီ "
" တိတ်စမ်း ကိုရဲ ၊ ငါက ဟန်နီ့ကိုမရရအောင်ပြန်ယူမှာ ၊ အဲ့တရုတ်ကြီးရဲ့ နောက်ကြောင်းကိုလည်းငါစုံစမ်း ခိုင်းထားတယ် မကြာခင်ရတော့မှာ ၊ အဟက် အဲ့ခါကြမှ အဲ့တရုတ်ကြီးရဲ့ မကောင်းကြောင်းတွေချည်း ဖော်ထုတ်ပစ်အုံးမယ် "
ပြောလို့ ဆိုလို့ကလည်းရမှာမဟုတ်တဲ့ ရှိုင်းကို
ကိုရဲလည်း တစ်ယောက်ထဲသာ လွှတ်ထားလိုက်တော့တယ် ။
နောင်ကိစ္စ နောင်မှ ရှင်းဆိုသလိုပါပဲ ။ သူ့ရဲ့ စရိုက်အတိုင်း ပြဿနာ ဖြစ်ရင် ငွေနဲ့ပဲ ကြည့်ရှင်းလိမ့်မယ် ။အခုလောလောဆယ်တော့ bar က ကောင်မလေး နှိုင်းက သွေးထွက်လွန်ပြီး ဆေးရုံတတ်နေရတယ်။
ကိုယ့်သူငယ်ချင်း လုပ်ခဲ့တဲ့ ပြဿနာ ကိုယ့်ပြဿနာလိုပါပဲ ။
![](https://img.wattpad.com/cover/356373308-288-k210271.jpg)
YOU ARE READING
Only for you ( မင်းအတွက်သာ)
Romanceမင်းကိုဘယ်ကနေ စချစ်မိမှန်းငါမသိခဲ့ဘူး။ #ရှိုင်းဝဋ်သာလွန် အစ်ကို့ကို ချစ်ပါတယ် ဘဝနဲ့ရင်းပြီးတော့ပေါ့ #နှိုင်းလွန်းသာနွယ်