Uni
ပါတီက ဟိုတယ် တစ်ခုမှာဖြစ်သည်။
ဟိုတယ်က Premium ဆန်ပြီး ခမ်းနားသည် ။ရှိုင်း မိုင်းလားဘက်မှာတုန်းက ရှိုင်း ရဲ့ bar မှာ share ပါတဲ့ မိတ်ဆွေ တစ်ဦး ရဲ့ wedding dinner party ဖြစ်သည်။
ပွဲထဲရောက်တော့ ရှိုင်းက သူ့လက်မောင်းကိုပုတ်ပြလာသည် ။
အဓိပ္ပါယ်က သူ့ကို လက်ချင်းချိတ်ပါဆိုပြီး ။နှိုင်းလည်း သူ့လက်မောင်းကိုဖွဖွလေးကိုင်ကာ ချိတ်လိုက်ပြီးနောက် ပွဲထဲသို့ အတူယှဥ်ကာ ဝင်ရောက်လာကြသည်။
ပွဲထဲမှာ မင်္ဂလာသတိုးသား သတိုးသမီးထက် နှိုင်းတို့အတွဲကိုပိုပြီး စိတ်ဝင်တစားလိုက်ကြည့် နေကြသူတွေကများသည်။
" ဟာ... ရှိုင်းဝဋ်သာလွန် လာတာနောက်ကျတယ်ကွာ "
သတိုးသားဖြစ်ဟန်တူသော လူက ရှိုင်းဝဋ်သာလွန် ကိုလာပြီးနှုတ်ဆက်သည်။" အေးကွာ...ငါ့ပါတနာက အလှနည်းနည်းပြင်နေလို့နောက်ကျသွားတယ်.."
ထိုသို့ပြောမှ ဘေးနားက နှိုင်းကိုနှုတ်ဆက်လာသည်။
" တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော့်နာမည်က ဝဏ္ဏ ပါ သတိုးသားပေါ့ "
" ဟုတ် နှိုင်းလွန်းသာနွယ်ပါ "
" နာမည်ရော လူရောအလှလေးပဲ ၊ ရှိုင်း ငါမင်းကိုအားကျတယ်ကွာ ၊ ဟိုးးဝင်ပေါက်ထဲက ကြည့်နေတာ အဝေးက ကြည့်တာတောင် လိုက်ဖက်လွန်းလိုက်တာကွာ..."
" အေးပါ ကျေးဇူးပဲ... အဟမ်း.."
ထို့နောက် သူတို့ကို ထိုင်ဖို့ နေရာချပေးကာ သတိုးသားနဲ့ စကားခဏတာ ပြောဖြစ်ခဲ့ ကြသည်။
ခဏကြာတော့ လူတွေက လျှောက်လမ်းပေါ်က မိန်းကလေးတစ်ဦးကို စိတ်ဝင်တစား လိုက်ကြည့်ကြသည်။
" ဟန်နီ... "
ရှိုင်းရဲ့ နှုတ်မှ ထွက်ကျလာသော ထိုအသံတိုးတိုးလေးကို နှိုင်းကြည့် ဖြစ်အောင်ကိုကြားမိသည်။
အော် သူ့ရဲ့ လူအမှန်က ရောက်လာခဲ့ပြီကို ၊ ထိုမိန်းကလေးက လှပါသည်၊ အသားဖွေးဖွေး နုနုဖက်ဖက်လေးနဲ့ သူနဲ့ဆင်တူ အနီနဲ့အမဲနဲ့ စက်ထားတဲ့ body fit ကိုဝတ်ဆင်ထားတာ ၊ တစ်ပုံစံထဲတူသည်။
![](https://img.wattpad.com/cover/356373308-288-k210271.jpg)
YOU ARE READING
Only for you ( မင်းအတွက်သာ)
Romantikမင်းကိုဘယ်ကနေ စချစ်မိမှန်းငါမသိခဲ့ဘူး။ #ရှိုင်းဝဋ်သာလွန် အစ်ကို့ကို ချစ်ပါတယ် ဘဝနဲ့ရင်းပြီးတော့ပေါ့ #နှိုင်းလွန်းသာနွယ်