Part 18

3.4K 84 0
                                    

Uni

နှိုင်းရဲ့ပထမဆုံးခြေလှမ်းဟာ Gogi hotel ရဲ့အဝင်ဝသို့စဝင်လိုက်သည်။

ထို့နောက် မန်နေဂျာ ဆီကိုသွားကာ သူရောက်ကြောင်းသွားပြောရသည်။

" အော် နှိုင်းလွန်းသာနွယ် ဆိုတာ မင်းလား"

" ဟုတ်ကဲ့ပါဗျ "

" အင်း လာလာ ၊ ဒါက အဝတ်လဲခန်း ၊ ဒီမှာ မင်းအတွက် uniform ၊ လုပ်ရမဲ့ရာထူးကိုသိတယ်မလား ၊ အသေးစိတ်မရှင်းပြတော့ဘူး "

" ဟုတ်ကဲ့ "

မန်နေဂျာမ ဖြစ်သူက ခပ်သွက်သွက်ပြောပြီး သူလုပ်စရာရှိတာတွေကိုသွားလုပ်သည်။
နှိုင်းကတော့ သူ့ရဲ့ပထမဆုံး ဖြူဖြူစင်စင်လုပ်ရမဲ့ အလုပ်ဆိုတော့ သိပ်ကိုပျော်လွန်းသည်။
နာမည်ကြီး 5 star hotel မှာအလုပ်ရဖို့ဆိုတာ တော်တော်မှ ခက်ခဲတယ်မလား ။

အလုပ်က service အပိုင်းမှာ လုပ်ရမှာ ၊ ဧည့်သည်တွေကိုဝန်ဆောင်မှုပေးရတာပေါ့ ၊ ဧည့်သည်တွေလာရင် အိတ်သယ်ပေးပြီး အခန်းထဲကိုလိုက်ပို့ပေးတာတို့ ၊ အခန်းလိုက်ပြပေးတာတို့ ၊ ကောင်တာမှာ ဧည့်သည်အလိုရှိတာကို လိုက်လုပ်ပေးတာတို့ ၊ စသည်စသည် ဖြင့်ပေါ့။

" မင်းက အလုပ်သမားအသစ်လား "

" ဟုတ်ကဲ့ နှိုင်းလွန်းသာနွယ်လို့ခေါ်ပါတယ် ဗျ"

" အင်း ၊ မျက်နှာကြီးက ဆူပုတ်မနေဘဲ ပြုံးနေ၊ မင်းရဲ့ရင်ထဲမှာ တစ်ခုခု ခံစားနေရင်တောင်မှ ဆက်ပြုံးနေ ၊ သိလား "

ဝါရင့် စီနီယာ အလုပ်သမားကြီးက နှိုင်းကိုထိုသို့ပြောတော့ နှိုင်းလဲ ပြုံးမိသွားသည်။
အင်း ပြုံးတာများ ဘာခက်တာကြလို့ ။

" မင်္ဂလာပါ ခင်ဗျ ၊ Gogi hotel မှ ကြိုဆိုပါတယ်ဗျ "

ဧည့်သည်လာလို့အပြုံးဖြင့် နှုတ်ခွန်းဆက်သရင်း နှိုင်းရဲ့ ပထမဆုံး အလုပ်နေ့ကို စတင်လိုက်သည်။

......

" ရှိုင်း မင်း မိုင်းလားကို ခဏပြန်လာမှ ဖြစ်မယ် "

သူငယ်ချင်းဖြစ်သူ ရဲမာန်ပြည့်ဟိန်းက အရေးကြီးဖုန်းဆက်လာသည်။

" ဘာလို့လဲ ကိုရဲရ ၊ ငါဒီမှာ ဆိုင်ကိုပစ်ထားလို့မရလို့"

" အမလေး ဟျောင့်ရ ၊ မင်းတစ်သက်လုံး ဒီဆိုင်ကိုပစ်ပြီး မိုင်းလားမှာဘဲ လာနေနေတဲ့ကောင်က ၊ အခုမှ ဆိုင်ကိုတွယ်တာနေတာ ၊ မင်းရဲ့လက်ထောက် နဲ့ထားခဲ့ ၊ တတ်တူးက မင်းပဲထိုးတတ်တာမဟုတ်ဘူး မင်းဆိုင်က ငှားထားတဲ့ တတ်တူးဆရာတွေလဲ ထိုးတတ်တယ် "

Only for you ( မင်းအတွက်သာ)Where stories live. Discover now