Part 20

3.7K 87 1
                                    

Uni

ညက အလုပ်က အစ်မ တစ်ယောက်က နှိုင်းဆီကိုဖုန်းဆက်လာတယ် ၊ နှိုင်းလွန်းသာနွယ်ကို အလောတကြီး လိုက်ရှာနေတဲ့ ဧည့်သည် ရှိသည်တဲ့လေ ၊ နှိုင်းသိတာပေါ့ ဟိုလူပဲ ဆိုတာ...

ဘာပဲ ဖြစ်ဖြစ် သူ့ကြောင့်နဲ့တော့ နှိုင်းအလုပ်ကို အပျတ်မခံပါဘူး...၊

" အမလေး ကျေးဇူးရှင်ရယ် ရောက်လာလို့တော်သေးတာပေါ့ ၊ ဟို ဧည့်သည်က မင်းကို မေးနေတာ မနက်မိုးလင်းထဲက မင်းမလာသေးဘူးလားဘဲ မေးနေတာ....၊ သူညကလည်း အိပ်ပုံမကျဘူး ၊ ဒီ living room မှာ စောင့်နေတာ ၊ စောဏလေးကမှ ပြန်သွားတယ်"

ရောက်ရောက်ချင်း အလုပ်က အစ်မက အလုံးစုံကို ပြောပြသည်၊ ဒီလူ အစထဲက ပစ်တုန်းက ပစ်ထားပြီး တော့ သူ့ကိုဘာလို့ လိုက်ရှာနေတာလဲ... ၊

" သွားတွေ့လိုက်အုံးနော် နှိုင်းလေး ၊ ပေးပေး အစ်မကို အိတ်တွေပေးခဲ့ "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်မ "

သူက နှိုင်းကို ဒုက္ခ လိုက်ပေးနေတာ ၊ အလုပ်က လူတွေကိုလည်း အားနာရသည်။...

ဒေါက် ဒေါက်

တံခါးခေါက်လိုက်တော့ လာဖွင့်ပေးသည်။

သောက်ချီးးး ဒုက္ခ တော်တော်ပေးတဲ့ လူ ၊ ရေချိုးပြီး အင်္ကျီလည်း မဝတ်ရသေးဘူး၊ ရေတောင်ကောင်းကောင်း သုတ်ထားပုံမကျဘူး၊ ခါးမှာလည်းတဘတ်တစ်ထည်ထဲနဲ့ ၊ အဲ့လိုပုံစံနဲ့ လာပြီး တံခါးလာဖွင့်ပေးတာတဲ့...၊

" နောက်ဆုံးတော့ ရောက်လာပြီပဲ" ..

ရှိုင်းက မဲ့ပြုံးပြုံးလိုက်ပြီး ထိုသို့ပြောလာသည်။

အဟက် ဒီကောင်လေး ရှက်နေတာများ မျက်နှာကို ငုတ်ထားလို့ ၊ ဒီလိုပုံစံကို ကြိုက်တယ် ဘာလို့မှန်းလည်းမသိဘူး...။

" ခင်များ အင်္ကျီအရင်သွားဝတ် "

" ဘာလို့ ဝတ်ရမှာလဲ ဒါငါ့အခန်း၊
ငါ့အခန်းမှာငါကြိုက်သလို နေမှာပေါ့ "

" ခင်များလေ ဖြတ်ပြီး သေမှာ ဆိုးလို့ပြောနေတာ ​ေ-ာက်ရူးရ၊ အဲကွင်းက ဖွင့်ထားသေးတာ "

အဟက် ဒီလောက်ထိစိတ်ပူနေလည်း ငါ့ကိုသာယူထားပြီး ပြုစုပေးလိုက်ပါတော့လား။

Only for you ( မင်းအတွက်သာ)Where stories live. Discover now