Part 14

3.4K 82 1
                                    

Uni

ရက်အနည်းငယ်ကြာတော့ ဟိုလူက နေပြန်ကောင်းလေသည်။ သူ့ကို အိမ်ပြန်ပါ အိမ်မှာ ခင်များအမေတွေအစ်ကိုတွေက ပြုစုပေးလိမ့်မယ်လို့ပြောလိုက်ချင်ပေမဲ့ ၊ သဘောထားကြီးလွန်းတဲ့ မေကြီးကြောင့် ကိုယ့်မှာ ပြောပြန်ရင်လည်း လူကြမ်းကြီးက ဖြစ်ပြန်အုံးမည်။
ထို့ကြောင့်ပင်... သူနေမကောင်းသည့်တလျှောက်လုံး နှိုင်းကသာ ပြုစုပေးရသည်။ မေကြီးကလည်း ဝင်ကူပေမဲ့ နှိုင်းက မေကြီး အတွက် မပင်ပန်းလေအောင် နားနားနေနေသာ နေခိုင်းသည်။

" ဟော..သားတောင် ပြန်တော့မှာကို "

ဧည့်ခန်းထဲမှာ ပုတီးစိတ်ကာ ထိုင်နေပါသော မေကြီးက ကိုယ်နဲ့ ဟိုလူ့ကိုတွေ့တော့ အနားကိုလာကာ ဟိုလူ့ကိုနှုတ်ဆက်လေသည်။

" ဟုတ်တယ် အန်တီ ၊ ဒီအတောအတွင်း ကျွန်တော့်ကို ကူညီပေးခဲ့လို့လဲ ကျေးဇူးတင်ပါတယ် "

" မဟုတ်တာကွယ် ၊သားတကယ် ကျေးဇူးတင်ရမှာက အန်တီ့ရဲ့သား နှိုင်းကိုပဲကွယ် "

​မေကြီးက  ထိုသို့ပြောလိုက်တော့ ဟိုလူက နှိုင်းဘက်ကို ခဏ လှည့်ကြည့်လာသည်။ ပြီးတော့

" ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဗျာ ၊ ကျွန်တော်သွားလိုက်ပါအုံးမယ် "

" ဟုတ်ပါပြီကွယ် ၊ နှိုင်းလေး သား ရှိုင်းကို လိုက်ပို့လိုက်အုံးနော် "

" ဟုတ်ကဲ့မေကြီး "

ဒီအမေက သူ့ကို အမြဲဟိုလူ့အနားကိုတွန်းပို့နေတာ ၊ သူ့သား လင်ရသွားမှာကို မြင်ချင်နေသလားပဲ ။ ကိုယ်က ဖြင့် ကိုယ့်မေမေကို ပြုစု စောင့်ရှောက်ပေးချင်သေးတာကို ။

နှိုင်းတို့နှစ်ယောက် ယှဥ်တွဲကာလမ်းလျှောက်ပြီး ကားပါကင်ဆီသို့ ရောက်မှန်းမသိ ရောက်သွားရသည်။
ဟိုလူက ကားထဲမဝင်သေးဘဲ နှိုင်းရဲ့ဘက်ကိုလှည့်လာကာ...

" ကျေဇူးတင်ပါတယ်... နှိုင်း..."

ဒီလူက ကိုယ့်ကို နှိုင်းတဲ့ ၊ ရှားရှားပါးပါးကြားရခဲတဲ့ သူ့ဆီက ဒီလိုခေါ်သံ... ၊ အရင်တုန်းက ဆိုရင် နာမည်အပြည့်ခေါ်တာတို့ မင်း တွေ ငါတွေနဲ့ပြောတာတို့ပဲ ကြားဖူးခဲ့သည်၊ သူများတွေလည်း ထိုသို့ခေါ်ကြပေမဲ့ ၊ အခုသူခေါ်မှာ ဘယ်လိုကြီးလည်း ရင်ဘတ်ထဲက တစ်ခုခုက လှုပ်ခတ်နေသည်။

Only for you ( မင်းအတွက်သာ)Where stories live. Discover now