Uni
အိမ်ပြန်ရောက်တော့ နှိုင်းမှာ ဟန်မဆောင်နိုင်တော့ဘဲ အတော်လေးကိုပင်ပန်းနေလေပြီ ၊ မနက်က မေကြီးကို တရားရိပ်သာကိုသွားပြီး ပို့ထားတာမို့လို့ ခရီးဝေးကနေ ပြန်ရောက်ရောက်ချင်း ပါတီဆိုလို့ ခဏတောင်မနားပါပဲ ချက်ချင်းပြန်ထွက်လာရသည်။ ဟိုရောက်တော့လဲ စိတ်အိုက်ရသည်ကြောင့် အတော်လေးကို ပင်ပန်းရသည်။
ဒီကြားထဲ ဖိနပ်ကပါ လာပေါက်နေလို့ ခြေထောင့်တွေပါ နာနေရသည် ။နှိုင်း apartment ထဲဝင်ဝင်ချင်းမှာဘဲ ရှိုင်းက နှိုင်းကိုသတိထားမိပုံရသည်။ နှိုင်းအရှေ့မှာ ဒူးထောက်ပြီး နှိုင်းစီးထားတဲ့ heels ကိုချွတ်ကာ သူ့လက်မှာ ကိုင်လိုက်ပြီး နှိုင်းကို ဒကောက်ကွေးကနေ ချီ မ သွားသည်။
ရုတ်တရက်မို့လို့ နှိုင်းပင် လန့်သွားရသည်။
" အမလေး..."
" အဟမ်း.... မင်းခြေထောင့်တွေက နာနေတာမို့လို့... "
ဒီလိုပဲ တိုက်ခန်းထဲ ရောက်ပြန်တော့လဲ နှိုင်းအခန်းထဲကိုဝင်ကာ နှိုင်းရဲ့ ခြေထောင့်ကို ဆေးလိမ်းပေးသည် ။
" ဟို.... ငါ့ကြောင့်မင်းပင်ပန်းထားလို့ ဆေးပြန်လိမ်းပေးတာ ၊ တစ်မျိုးမထင်နဲ့..."
" အင်းမထင်ပါဘူး.."
နှိုင်းအခန်းထဲက ထွက်လာတော့ ရှိုင်းမှာ မျက်နှာကြီးကိုနီရဲလို့နေသည်။
" ချီး... ရှိုင်းဝဋ်သာလွန် မင်းဘာတွေလျှောက်လုပ်နေတာလဲ.... ၊ ရင်မခုန်မိစေနဲ့ ထိန်းထား..၊ ငါက ဟန်နီ့ကိုပဲ ပြန်ကြိုက်မှာ ငါက ဟန်နီ့ကို အရွဲ့တိုက်ချင်လို့သာ သူနဲ့ တွဲ ပြနေတာ ဟုတ်တယ်၊ "
ရှိုင်း ရောင်ရောင်မှားမှားနဲ့ ပါးစပ်ထဲရှိတာတွေအကုန်လျှောက်ရွတ်နေမိသည်။
သေချာတာကတော့ သူ့ဆီကနေ 'ကိုကို' လို့ခေါ်တဲ့ အသံကို စွဲလမ်းမိနေတာ ဖြစ်မည်။
နှစ်ယောက်သား ကိုယ်စီကိုယ်စီ ခံစားချက်များရှိနေကြတာကိုပင် သူတို့ ကိုယ်သူတို့မသိခဲ့ကြလေ။
.....
ညက အိမ်မပြန်ပဲ apartmentမှာဘဲ အိပ်လိုက်သည်။
ညနက်နေပြီက တစ်ကြောင်း ၊ သူ့ကို တစ်ယောက်ထဲမထားခဲ့ချင်တာက တစ်ကြောင်းနဲ့ ဖြစ်သည် ။
သေချာတာကတော့ ညနက်နေလို့ အိမ်မပြန်ချင်တာဘဲ နေမှာပါ။
YOU ARE READING
Only for you ( မင်းအတွက်သာ)
Lãng mạnမင်းကိုဘယ်ကနေ စချစ်မိမှန်းငါမသိခဲ့ဘူး။ #ရှိုင်းဝဋ်သာလွန် အစ်ကို့ကို ချစ်ပါတယ် ဘဝနဲ့ရင်းပြီးတော့ပေါ့ #နှိုင်းလွန်းသာနွယ်