Uni
အခန်းထဲသို့ ဝင်လာသော လူတစ်ယောက် ။
" ခင်များ ဘာလာလုပ်တာလဲ "
" အဟက် ငါက အရမ်းလာချင်လို့များထင်နေလား ၊ငါ့ကြောင့်မင်းခေါင်းကွဲသွားတယ်ဆိုပြီး ငါ့သူငယ်ချင်းတွေက မင်းကို အတင်းတောင်းပန်ခိုင်းနေလို့လာရတာကွ "
သူ့ကိုကြည့်လိုက်ရင် စကားကို အမြဲတမ်း အပေါ်စီးကနေဘဲ ပြောနေတာ ၊ အမြင်ကပ်စရာဘဲ ၊ ချမ်းသာတဲ့သူတွေများ အရာရာကို အမြဲတမ်း အပေါ်စီးကနေဘဲ ဆက်ဆံတာ ။
" အဲ့ကိစ္စကို ထားလိုက်တော့ ၊ အခု ခင်များ အပြင်ကိုထွက်သွားတော့ ၊ ဒီနေရာက မိန်းကလေး အဝတ်လဲခန်းဆိုတာရော သိရဲ့လား "
" သိတယ်လေ ၊ ဘာလဲ ရဲတိုင်မလို့လား ၊ ကောင်မလေး မင်းမှားနေပြီ ၊ ငါက ဒီbar ရဲ့ တစ်ဝက်လောက်ကို ပိုင်တယ်နော် "
သူက မပြောမဆိုဘဲ နှိုင်းထိုင်နေတဲ့ ခုံရဲ့ဘေးနားက ခုံအလွတ်ကိုယူကာ ခြေချိတ်ပြီး ထိုင်နေသည်။
" ခဏ.... ! မင်းက မိန်းကလေးရောဟုတ်ရဲ့လား ၊ မင်းရဲ့ ရင်ဘတ်က ငါနဲ့တွေ့တဲ့နေ့က တမျိုးပါ "
သူပြောမှ နှိုင်း သတိထားမိသည်။ နှိုင်း အောက်ခံအင်္ကျီကို ချွတ်ထားတာဖြစ်သည်။ နှိုင်းလည်း ရင်ဘတ်ကို လက်နဲ့ကာကာ လက်ပိုက်သလို လုပ်လိုက်သည်။
" ကောင်လေးဘဲ ၊ ဟားဟား... မင်းက ဘာလို့ မိန်းကလေးတွေကြားထဲမှာ မိန်းကလေးဟန်ဆောင်နေရတာလဲ ၊ ယောက်ျားလေးမဟုတ်ဘူးလား ၊ ယောက်ျား လုပ် ယောက်ျားလုပ်စမ်းပါ "
သူက နှိုင်းကို နှိမ်သလိုလို အကြည့်မျိုးတွေနဲ့ကြည့်ကာပြောသည်။ ခနဲ့တက်တက် အပြုံးတွေဟာလည်း ပါသေးတာ။
" အဲ့တော့ ဘာဖြစ်လဲ ၊ အလုပ်ထုတ်ချင်တာလား ၊ owner တော့မဟုတ်ပေမဲ့ရှယ်ယာ တစ်ဝက် လောက်ပိုင်တဲ့သူဆိုတော့ လုပ်ပိုင်ခွင့်ရှိမယ်ထင်တယ်နော် "
သူ့ရဲ့ရုပ်က တည်ငြိမ်သွားသည်။
သူပြောလိုက်လို့နှိုင်းက ကြောက်သွားမယ်များထင်နေသလားပဲနော်။" အဟက် ငါက အဲ့လိုမလုပ်ပါဘူး ၊ ဒါပေမဲ့ မင်းကို အလုပ်ထုတ် နိုင်အောင် ငါလုပ်ပြမှာ ၊ ရော့ဒီပိုက်ဆံတွေယူလိုက်... ငါ့ကြောင့်နဲ့ ဖြစ်သွားတာဆိုတော့ တော်ကြာ ငါ့ကိုခြိမ်းခြောက် ပြီး ငွေညစ်တာတို့ဘာတို့လုပ်နေအုံးမယ်ဆိုးလို့"
![](https://img.wattpad.com/cover/356373308-288-k210271.jpg)
YOU ARE READING
Only for you ( မင်းအတွက်သာ)
Romantizmမင်းကိုဘယ်ကနေ စချစ်မိမှန်းငါမသိခဲ့ဘူး။ #ရှိုင်းဝဋ်သာလွန် အစ်ကို့ကို ချစ်ပါတယ် ဘဝနဲ့ရင်းပြီးတော့ပေါ့ #နှိုင်းလွန်းသာနွယ်