Part 15

3.4K 84 3
                                    

Uni

မေကြီးရဲ့ ဆန္ဒအရ နှိုင်း သူမကို ရန်ကုန်နဲ့မနီးမဝေး တရားရိပ်သာ တစ်ခုသို့ လိုက်ပို့ပေးသည်။
မေကြီးက အစက မယ်သီလရှင် ဝတ်မယ်လို့ ရည်ရွယ်ထားပေမဲ့ ၊ ဘာကြောင့်လဲတော့မသိ မဝတ်ဖြစ်လိုက်။

" မေကြီး သား မကြာမကြာလာတွေ့မယ်နော် ၊ မေကြီး အိမ်ပြန်လာချင်လဲ သားအချိန်မရွေးလာခေါ်မယ်နော်၊ ကျန်းမာရေးလဲ ဂရုစိုက်နော်.."

ဒေါ်ခတ္တာနွယ် သူမ ရဲ့သားဖြစ်သူကို တစ်ချက် ကြည့်လိုက်သည်။
သားငယ်က သူမကို စိတ်မချနေသည့်ဟန် ၊ ဒါပေမဲ့ သူမလည်း မတတ်နိုင်တော့ပါ ၊ မြို့ကြီးပြ ကြီးမှာ နေတာထက် ဒီလို အေးချမ်းတဲ့ တရားရိပ်ဘုရားရိ​ပ်မှာပဲ နေချင်သည်လေ။

" အင်းပါသားရယ် ၊ မေကြီးကိုစိတ်ချနော်...၊ သားလည်း အလုပ်ကြိုးစားလုပ်ဟုတ်ပြီလား "

" ဟုတ်ကဲ့ မေကြီး ၊ အဲ့ဒါဆိုသားသွားတော့မယ်နော်..."

" အင်းအင်း ၊ ဂရုစိုက်ပြန် "

ဒီနေရာက ရန်ကုန်နဲ့ အနည်းငယ်ဝေးသည်မို့လို့ ကားမရှိတဲ့ နှိုင်းအဖို့ taxic ဖြင့်သာ လာခဲ့ရသည်။
အသွားတုန်းကတော့ မေကြီးနဲ့ နှစ်ယောက် ၊ အခုတော့ တစ်​ယောက်ထဲ အိမ်ကိုပြန်လာခဲ့ရသည်။

Ring Ring

ရန်ကုန်ကို အပြန်လမ်းမှာ ရှုခင်းတွေကို ကားပေါ်ကနေ ကြည့်နေတုန်း ဖုန်းကအသံမြည်လာသည်  ။

" နှိုင်းလွန်းသာနွယ် ၊ မင်းအခုဘယ်မှာလဲ "

ဖုန်းကို ကိုင်လိုက်လျှင်ကိုင်လိုက်ချင်း အလောတကောအသံ ဖြင့်ထွက်လာပါတော့ တစ်ဖက်လူရဲ့ အသံ။

" ကျွန်တော်အခု ရန်ကုန်မှာမဟုတ်ဘူး ၊ ဒီနေ့တော့ခွင့်ယူတယ်ဗျာ.."

" ခွင့် မပေးဘူး မင်းကို ၊ ဒီနေ့ အရေးကြီးပါတီ သွားရမှာကွ... "

" မ လိုက် ဘူး "
နှိုင်းတစ်လုံးချင်းကို ပီပီသသ ပြောလိုက်သည်။
ဟုတ်တယ်မလား ၊ သူနဲ့အလုပ်တွဲလုပ်နေစဥ်အတွင်း နှိုင်းတစ်ရ​က်မှ ခွင့်မယူခဲ့ ၊ ဒီနေ့ တစ်ရ​က်ပဲ ခွင့်ယူဖူးတာ လေ။

" မလိုက်လို့မရဘူး ၊ အရေးကြီးတယ် ၊ မင်းရဲ့ apartment မှာ ငါစောင့်နေမယ် ၊ ဘယ်ကိုရောက်နေနေ မြန်မြန် ပြန်လာခဲ့ "

Only for you ( မင်းအတွက်သာ)Where stories live. Discover now