မိတ်ဆက်

5.7K 428 31
                                    

(0)

သုဟန် ဟာ  ခြေကျိုး တစ်ယောက် ရဲ့ ကိုယ်ထဲကို ကူးပြောင်းလာ ခဲ့ မိလေတယ်။ သူက ခြေကျိုးပြီး မသန်မစွမ်း တစ်ယောက် ဖြစ်လာရုံသာ မက ကြမ်းတမ်းတဲ့ ကော တစ်ယောက် ကလည်း လင် ယောကျာ်း တော်ဖို့အတွက် သူ့ကို အပြင်ကနေ ကောက်ယူလာ ခြင်းကိုလည်း ခံခဲ့ ရတယ်လေ။

ကြမ်းတမ်းရက်စက်တဲ့ကော: မင်းမှာ ခြေထောက်တွေ က ဆိုးဝါးနေတာ မထွက်ပြေးချင် နေစမ်းပါနဲ့။ ငါနဲ့ အတူတူ လိမ်လိမ်မာမာ ရိုးရိုး သားသား နေစမ်းပါ။ ငါက မင်းကို မဆာလောင် အောင်ထားမှာပါကွ။

သုဟန်: .............

သူက တကယ့်ကို ဂုဏ်သရေ ​ရှိတဲ့ လူကြီး လူကောင်း တစ်ယောက် ပါ။

အခုလို ဖူလန် ( ယောကျာ်းလေးဇနီးသည်) ရဲ့ ထမင်းပျော့ကို စားဖို့ အတွက် သူလုံးဝ ငြင်းဆန် လိုပါတယ်လို့!

သူက အခုလို လူရဲ့ ကိုယ်ထဲ ကူးပြောင်း လာတာ မှန်တယ်။ ဒါပေမယ့် သူအဲ့လို လုပ်ဖို့ကို ငြင်းဆို ချင်နေ မိတုံးပဲ !!

နောက်တစ်နေ့လည်း ကျရော ကော အမျိုးသား လေး က လယ်ထဲ ကနေ အလုပ်တွေ လုပ်ပြီး ပြန်လာတဲ့ အချိန်မှာတော့ မနေ့ညက သူချွတ်ခဲ့တဲ့ ပေရေနေတဲ့ အဝတ်အစား တွေ အကုန်လုံး က လျှော်ဖွတ်ထားပြီး ခြံထဲမှာ လှမ်းထားတာ ကို တွေ့လိုက် ရတယ်လေ။ ပြီးတော့ စားပွဲပေါ် မှာလည်း ဟင်းပွဲ ၃ ပွဲနဲ့ စွပ်ပြုတ် တစ်ခွပ် ချက်ထား တာကိုပါ တွေ့ခဲ့ ရတယ်လေ။

သုဟန်: အဲ့ဟင်းတွေ ထမင်းတွေကို သူကိုယ်တိုင် ချက်နေ သရွေ့ကတော့ သူ့ကိုယ်သူ ထမင်းပျော့စားတဲ့ ကောင်လို့ ယူဆလို့ မရတော့ဘူး လေနော်။

ည အချိန်မှာတော့ သုဟန် က မီးအိမ်လေးကို ငြိမ်းပြီးတော့ အိပ်ရာဝင်ဖို့ ပြင်လိုက်တဲ့ အခါ ကော အမျိုးသား က အထဲကို လမ်းလျောက် ဝင်လာပြီး အဝတ်အစား တွေကို ချွတ်ရင်း အိပ်ယာ ပေါ်တက် လာခဲ့တယ်လေ။

ကောလေး: လယ်ကိစ္စတွေ နည်းပါးတဲ့ အချိန်လေး အတွင်း ကိစ္စတွေကို အမြန်ပြီးအောင် လုပ်ကြစို့။ မင်းက ဒီအတိုင်းပဲ လှဲနေရုံပဲ။ ......လျှောက်မလှုပ်နဲ့ ငါပဲ အကုန်လုံး လုပ်သွားမယ် ။ (🌚)

သုဟန် ခမျာ စောင်ကို တင်းတင်း ဖက်ထား ပြီးတော့ အံကို ကြိတ်လိုက်လေတယ်။

သူက တစ်ခါတောင်မှ ဒိတ်တဲ့ အတွေ့အကြုံ လုံးမှ မရှိဘူးတဲ့ လူပျို တစ်ယောက် လေ။

ဒီလိုနေရာမှာ သူက လုံးဝ အပြစ်ကင်း ဖြူစင်တယ်လို့!

ဒီလို အတွေ့အကြုံ အရည်အချင်း မျိုး ကို ၃ရက် အတွင်း တိုးတက်အောင် လုပ်ပြချင် ပေမယ့် နည်းလမ်း လုံးဝ မရှိဘူး! !

ဒါပေမယ့် သူက လုံးဝ အရှုံးမပေးဘူး!

နောက်တစ်နှစ် ရောက်တဲ့ အချိန်မှာတော့ ကလေးလေး က ခြံဝန်းထဲမှာ ပြေးလွှား ပတ်ကစား နေလေရဲ့။ သုဟန်က သူ့စာအုပ်ကို ချပြီး သက်ပြင်းချကာ ကလေးလေး ကို ကောက်ပွေ့လိုက် တယ်။

နောက်တော့ သူ့ ဖူလန်လေး ကို အိမ်ပြန်ပြီး ထမင်း အတူတူ စားဖို့ အတွက် သွားခေါ်တော့တယ်လေ။

...........................

ကြာသပတေး နေ့ အချိန်ဇယား လွတ်လို့ ဒီအပုဒ်လေး ရွေးလိုက်တာပါ။ ကြာသပတေး တိုင်း တင်မှာပါ။ ဖက်ပေးကြပါအုံး ။ 💟💟👑

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now