အပိုင်း (7.1)

798 126 4
                                    

(7.1)

'' အမလေး မန်ကောအာ ရယ် အဲ့လောက်ကြီး လည်း ခက်ထန် မနေပါနဲ့ဟယ် ။ အခုချိန် က စပြီးတော့ ငါတို့က တစ်ရွာထဲ မှာ အတူတူ နေတော့မယ့် တစ်ရွာထဲ သားတွေ ဖြစ်လာ တော့မှာမဟုတ်လား။ ငါတို့က ပျော်ရွှင်စရာ အခမ်းအနား ရှိတယ်လို့ ကြားထားတော့ ဒီနား ကနေ ဖြတ်သန်း သွားတုံး ငါတို့က ​မြင်ဘူး ချင်မိ ရုံလေးတင်ပါ ။ ငါတို့ အနာဂတ်မှာ တွေ့တဲ့ အခါ ကျရင် တွေ့ဘူး ပြီးသား ဆိုတော့ ပိုကောင်း သွားတာပေါ့။ မဟုတ်ဘူး လား ''

'' ဟုတ်တာပေါ့။ မင်းက ဘာလို့ သူ့ကို ဖွက်ထား သေးတာ လဲ မန်ကောအာရဲ့ ။ သူ့ကို ထွက်လာဖို့ အော်ခေါ် လိုက်လေ ။ ငါတို့ အတူတူ ကြည့်ကြ ရအောင်လို့လေ ''

ချင်ရှောင်းမန် ကတော့ တံခါး ပေါက်မှာ ရပ်နေကာ သူ့ရှေ့က လူတွေ ဘာပဲ ပြောနေ ပါစေ ဂရုမစိုက် ခဲ့ပေ။

'' ဒါက မျောက်ပြ ပွဲမှ မဟုတ်တာ။ ဘာကြည့် စရာများ ပါနေ လို့လဲ။ ဘာလဲ ခများတို့ အိမ်မှာ ကြည့်စရာ ယောကျာ်း တစ်ယောက် မှ မရှိလို့ သူများအိမ် ကို လာပြီးတော့ ကြည့်ချင် နေကြတာလား။ ဘာလို့ ခများတို့ အိမ်အချင်းချင်း လဲ ပြီး သွားမကြည့် ကြတာလဲ။ အိမ်ထောင်ဦးစီးတွေ ဒေါသ ထွက်မှာ ကို မကြောက် ကြဘူးလားဟမ် ''

ထိုစကား ကို ကြားလိုက် ရတဲ့ အခါ မှာတော့ လာချောင်းကြည့်နေ ကြတဲ့ အိမ်ထောင်ရှင် တစ်ချို့ ရဲ့ မျက်နှာတွေက ဖြူဖျော့ ပြီး ပြိုကွဲ သွားလေရဲ့။ ချင်ရှောင်းမန် ရဲ့ စကားတွေက အတော်လေး ကြမ်းတမ်းတယ် ဆိုပေမယ့်လည်း အမှန်တရား တွေ ပါတယ် ဆိုတာ ကိုတော့ သူတို့ သိပါတယ်။ ပြီးတော့ သူတို့က တစ်ခြား လူ ရဲ့ ခင်ပွန်း ကို သွားကြည့်တာ က မဖြစ်သင့်တဲ့ ဟာ ပဲလေ။

'' အမလေး လူကို တင်းတင်း ဖွက်ထားတဲ့ ဒီကောလေး ကို ကြည့်စမ်းပါအုံး။ နင်တို့က လက်ထပ်တော့ မှာ ပဲ ဟာကို။ အခု ငါတို့ကို ပြလိုက်တော့ ရော ဘာများ ကွာခြား သွားမှာ မလို့လဲ ''

ချင်ရှောင်းမန် က ပြောလိုက်တယ်။

'' ကွာခြားမှု ရှိတာ က သေချာပေါက် ပဲလေ။ ငါတို့ လက်ထပ် ပြီးရင် ခများတို့ မြင်မှာပဲလေ ''

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now