အပိုင်း (3.2)

816 126 0
                                    

(3.2)

အဲ့လိုမျိုး လုပ်လိုက် မှသာ အပူချိန် က လျော့သွားမှာ ဖြစ်ပြီးတော့ မီးလင်းဖိုလေး ကို ပတ်ထားတဲ့ ကိုင်စရာ လက်ကိုင် ဝါးနှီး နဲ့ လုပ်ထားတဲ့ ဟာ က မလောင်တော့ မှာ ဖြစ်သလို ကိုင်ရတဲ့ လက်တွေ မှာလည်း အပူ မလောင်တော့ မှာသာ ဖြစ်လေတယ်။

သူက မီးလင်းဖို လေးကို ယူလာကာ သုဟန် စီကို ကမ်းပေး ခဲ့လေတယ်။

သူ့ရဲ့ ခြေထောက်ဘေး နားမှာ ချထားတဲ့ မီးလင်းဖို လေး ရဲ့ အနွေးဓာတ် က သူ့ရဲ့ နာကျင်နေတဲ့ ခြေထောက်တွေကို ပါ နွေးထွေး စေတဲ့ အခါ မှာတော့ မျက်ခုံးတွေ ​က အသာလေး ပြေလျော့ သွားလေတယ်။

ဆန်ကိတ် ကို စားပြီးတဲ့နောက် သူက ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက် လေတယ်။ မီးဖိုခန်း ကနေ တံခါး ပိတ်ထားတယ် ဆိုရင်တောင်မှ ပဲ အပြင်ဘက်က မှုန်မှိုင်းပြီး မိုးတွေ နှင်းတွေ ရောနှော နေတယ် ဆိုတာကို ပြတင်းပေါက် ကနေ တစ်ဆင့် လှမ်းမြင်နေ ရဆဲ ဖြစ်လေတယ်။ ပြီးတော့ အချိန် ကလည်း အတော် လင့်နေပြီလေ။

'' မင်းက အိမ်မှာ တစ်ယောက် ထဲ နေတာလား ''

ချင်ရှောင်းမန် က ' ဟမ်း ' ဆိုတဲ့ အသံပြု လိုက်တယ်။

သုဟန် က ဒီကောညီလေး အား မိဘ တွေက ဘယ်မှာလဲ ဆိုတာကို မေးမြန်း ပြီးတဲ့နောက် ထီး တစ်ချောင်း တောင်းကာ မိုးဒဏ် ကို ခံရင်း အပြင်ထွက်သွား သင့်ပြီ လို့တွေး မိလိုက်တယ်။ ဒါပေမယ့် ကော ငယ်လေး ကတော့ သူမေးတဲ့ မေးခွန်းကို သေချာ စဥ်းစား နေပြီးတော့မှ ပဲ မီးဖိုကို ထိုးဆွရင်း  ပြန်လည် ဖြေကြား လာခဲ့တယ်လေ။

'' ငါ့ရဲ့ ကော ဖေဖေက ငါ့ကို မွေးရင်း နဲ့ပဲ ဆုံးပါးသွား ခဲ့တာ ။ ငါ့အဖေ ကတော့ အစိုးရ ရုံးတော် ကနေ လုပ်အားပေးဖို့ ဆိုပြီး မိုင်းတွင်း စီ ခေါ်သွားခြင်း ခံရတယ်လေ။ နောက်တော့ မြေပြိုကျ မှု ဖြစ်သွား ခဲ့တယ်။ ဒီတော့ အိမ်မှာ ငါ တစ်ယောက်ထဲ ကျန်ခဲ့တာပေါ့ ''

သုဟန် ရဲ့ အမူအရာ က သိသိသာသာ ကိုပဲ အေးခဲ သွားကာ ထိုတစ်ခဏ တွင်းချင်း မှာပဲ သူ့နှလုံးသား က မွန်းကြပ် သွားတော့ လေတယ်။ တစ်ခဏကြာတဲ့ အထိ သူ ​ပြန်ပြီး မတုံ့ပြန် နိုင်သေး ပါချေ။

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now