အပိုင်း (4.1)

748 130 1
                                    

(4.1)

'' ဘယ်လို မိမဆုံးမ ဖမဆုံးမ လဲ ၊ မင်းရဲ အိမ်ထဲကို ဘယ်လိုတောင် အရိုင်းဆန်ဆန် ပြေးဝင် ရဲ ရတာလဲ? ဘယ်က ကောင်လဲ? ''

ထို အမျိုးသား က လက်အနားစ တွေကို မတင် ပြီးတော့ အထဲကို ပြေးဝင်ကာ သင်ခန်းစာ တစ်ခု ပေးတော့မယ့် ဟန် ပေါ်နေ လေတယ်။ ဒါပေမယ့် မန်ကောအာ က ထိုလူကို တံခါး အပြင်ဘက်စီ တွန်းပို့ လိုက်တယ်လေ။

'' မင်းက ဘယ်လိုတောင် တစ်ခြားသူ တွေရဲ့ အရေးကိစ္စမှာ ဝင်ရှုပ်ချင် နေရတာလဲ။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ပြီးတော့ အဲ့တာက ငါဒီနေ့ အပြင်မှာ တွေ့ လာခဲ့တဲ့ ယောကျာ်း ပဲ "

အမျိုးသား က အံ့သြ သွားလေတယ်။

'' မင်းက တကယ်ကြီး ဒုက္ခသည် တစ်ယောက် ကို မင်းအိမ်စီ ခေါ်လာတယ်ပေါ့! ''

''ဒါက ဘာများ မှားနေ လို့လဲ။ ငါ့အိမ်မှာ အခန်းအလွတ်တွေ အများကြီး ရှိပြီးတော့ ငါ စိတ်ပျော်လို့ သူ့ကို နေခွင့်ပေးတာလေ။ ငါက ငါ့အိမ်ထဲကို လက်ထပ် ဝင်မယ့် ယောကျာ်း မရှိမှာတောင် စိုးရိမ် နေခဲ့ရတာ။ အခု ရောက်လာတော့ ငါက နှင်ထုတ်လိုက် ရမှာလား! ဒီလို လက်ထပ်ဝင်ရောက်မယ့် သမက်မျိုး ကို နောက်ထပ် ဘုရားကျောင်းသွား ပြီး ဆုတောင်းလဲ မရနိုင်တော့ ဘူး! ''

'' မင်း......  မင်းလို အပြစ်ကင်းတဲ့ ကောငယ်လေး က ဘယ်လို လုပ်ပြီး ယောကျာ်း ရှာနေရတာလဲ။ ဒါက ဘယ်လိုမျိုး ပြောထွက် ရဲ ရတာလဲ? ''

'' ဘာလဲ မင်းလို အပြင်လူ က ငါ့ကို ဂရုစိုက် ပေးမှာကို ငါက လိုချင်နေရမှာလား? ''

အမျိုးသား က စိတ်အနှောင့် အယှက် ဖြစ်စွာ နဲ့ ပြောလာ ခဲ့လေတယ်။

'' ဒါက မယဥ်ကျေးတဲ့ အပြုအမူလေ။ အပြင်က လူတွေ မင်းကို ဘယ်လို မျိုးတွေ တောင် ပြောကြ မတဲ့လဲ ''

''အပြင်က လူတွေက ငါ ဘာစားလဲ ဘာသောက်လဲ ဆိုတာကို စိတ်မဝင်စား သလို ငါကလည်း သူတို့ ဘာပြောမလဲ ဆိုတာကို သောက်ဂရုမစိုက်ဘူးကွ။ အခုချိန်က နေစပြီးတော့ သူက ငါ့ယောကျာ်း ခင်ပွန်းသည် ဖြစ်လာတော့မှာ။ သူက ငါ့အိမ်မှာ နေ နေတာ ဘာမှ မမှားဘူးကွ! ''

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now