အပိုင်း (7.2)

720 123 4
                                    

(7.2)

သုဟန် တစ်ယောက် အကြီးအကျယ် ရှော့ရသွား တော့လေတယ်။ ခေတ်သစ် လူငယ်တွေ လိုချင်နေတဲ့ ထိုကဲ့သို့ ဘဝ မျိုး ကို တစ်နေ့ သူ့စီ ကျရောက် လာလိမ့်မယ် လို့ သုဟန် လုံးဝ ကို ထင်တောင် မထင်ထား မိခဲ့ ပါချေ။

ထို အမျိုးသား က စကား လည်း မပြောတော့ သလို သူ့လက်ထဲက ကြက်ဥ ကို ယူတာမျိုးလည်း မလုပ်တာ အား တွေ့လိုက်ရတော့ ထိုလူရဲ့ ယောကျာ်း မာန ထိခိုက်သွားပြီး နာကျင် သွားကာ ဒေါသ ထွက်သွားတယ် လို့ ချင်ရှောင်းမန် က ထင်လိုက် လေတယ်။

ဒါကြောင့် သူက ခက်ထန် တဲ့ အကြည့်တွေကို အဝေးစီ ဖယ်ထား လိုက်ပြီးတော့ အသံ က ပိုပြီး ညင်သာတဲ့ အနေအထား ဖြင့် ပြော လိုက် ခဲ့တယ်လေ။

'' မစိုးရိမ်ပါနဲ့ ကျုပ် ဘယ်သူ့ ကိုမှ မပြောပါဘူး ။ အဲ့ အကြောင်းကို ဘယ်သူမှ သိမှာ မဟုတ်ဘူး ရယ်။ ရော့ မြန်မြန်သာ စားလိုက်ချည်။ ကြက်ဥ က အေးကုန် တော့မယ် ''

သုဟန် က သူ့ထက် နှစ်ပေါင်း များစွာ ငယ်ရွယ်တဲ့ ကောင်ငယ်လေး ကို စိတ်ရှုပ်ထွေး နေတဲ့ အမူအရာ နဲ့ ကြည့်လိုက် လေတယ်။ ကောင်ငယ်လေး ရဲ့ မျက်လုံးတွေ က တောက်လောင် နေပြီးတော့ သူ့ကို စိတ်အား ထက်သန်စွာ ချော့မော့ နေတဲ့ ပုံ ကို ကြည့်လိုက် ကာ အရှက်သည်းမှု က သုဟန် ရဲ့ စိတ်ထဲ ကနေ စုပြုံ တိုးထွက် လာခဲ့တော့တယ်။

သုဟန် က ရှက်ရှက် နဲ့ပဲ သူ့မျက်နှာ ကို လက်နဲ့ ကာထား လိုက်တော့ တယ်လေ။

ဘယ်လိုတောင် ရှက်ဖို့ ကောင်းရတာလဲ!

'' ဒါဆိုလည်း ခများ ပျင်းတယ် လို့ ခံစား ရတဲ့ အချိန် ရောက်ရင် ခြံထဲ မှာ တံမြက်စည်း လှဲပေါ့။ အဲ့တာ ဆို အဆင်ပြေ ရဲ့လား ''

အစ ပိုင်းတုံး က ချင်ရှောင်းမန် ဟာ သန်မာတဲ့ အိမ်ထောင်ဦးစီး တစ်ယောက် ကို ရှာပြီး ပြန်ခေါ် လာချင် ခဲ့တာ ဖြစ်ပေမယ့်လည်း အခု ကတော့ သုဟန် ရဲ့ ကျိုးကြေလွယ်မှု အား သူ လက်ခံ နိုင်နေ ပါပြီ။ ပြီးတော့ ဒီလူ က သခင်ငယ်လေး တစ်ယောက် ဖြစ်ခဲ့တာ ကြောင့် ရေးတက် ဖက်တက် တယ်လေ။ နောက်ပြီး ရွာသားတွေက စာသင်သား တွေ ကို ဆို ပိုပြီးတော့ အထင်ကြီး လေးစား ကြတယ် မဟုတ်လား။

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now