အပိုင်း (2.2)

1K 151 3
                                    

(2.2)

'' အမလေး! ''

ချင်ရှောင်းမန် ခမျာ ကြမ်းပြင်ပေါ်က ကိုယ်တုံးလုံး ဖြစ်နေတာကို လျစ်လျူရှုလိုက် ပြီးတော့ အမြန်ပြေးသွားကာ လဲကျ နေတဲ့ ထိုလူကို ထူပြီးတော့ အိမ်ထဲကို ဆွဲခေါ် လာပြန် ရတယ်လေ။

သူက ထိုလူကို အိပ်ယာပေါ် ပစ်တင် လိုက်ပြီးတော့ အသက်ရှုသေးလား ဆိုတာကို လက်ချောင်းနဲ့ စမ်းကြည့်လိုက်လေတယ်။ ပြီးတော့ ကြောက်လန့် တကြားနဲ့ ထရပ်ကာ တစ်ဖက်ကို လှည့်လိုက်တော့ လေတယ်။

ကြည့်ရတာ ဒီလူတော့..... သွားပြီ ထင်တယ် ။

သူ ဘယ်လောက်တောင် ကံဆိုး နေရသလဲ ဆိုတာကို ချင်ရှောင်းမန် တစ်ယောက် မယုံနိုင်ဖြစ်ရလေတယ်။ ဒါပေမယ့် ဒီနှစ်တွေမှာ ဒုက္ခသည်တွေက လမ်းဘေး တစ်လျောက်မှာ တောင်လို ပုံနေတာကို သူတွေ့ခဲ့ရတာ ပဲလေ။

ဒီလူ က အရမ်းကို အားနည်း နေပြီးတော့ အေးစက်နေတဲ့ ရွံ့ရေအိုင်ထဲ မှာလည်း တစ်ကိုယ်လုံး စွတ်စွတ်စို စေတဲ့ အထိ အချိန်ဘယ်လောက် ကြာ လှဲနေခဲ့ရမှန်း မှ သူမသိတာ။ ဒီလို အေးစက်နေတဲ့ ဆောင်းရာသီ အချိန်မှာလေ။

ချင်ရှောင်းမန် က သူ့လက်တွေ တုန်နေတာကို သတိပြု မိကာ ထပ်ပြီးတော့ အသက်ရှုသေးလား ဆိုတာကို သွားစမ်းလိုက် ပြန်တယ်။ နောက်တော့မှ သူ သက်ပြင်း အကြီးကြီး ကို စိတ်သက်သာ ရာ ရစွာ ချလိုက် မိတော့တယ်လေ။

သူက အရမ်းကို စိတ်ရှုပ်ထွေး ပြီး ပူပန် နေတာကြောင့် အသက်ရှု မှုနဲ့ ပတ်သက်ပြီး အမှားလုပ်မိတာ ပဲ။ ဒီလူက မေ့မျော ရုံတင်ပါ။

နောက်ကျမှ ထိုလူ သောက်ဖို့ အတွက် ဆေးဝါး တစ်ခွက်လောက် ကျိုပေးဖို့ ချင်ရှောင်းမန်က တွေးလိုက် ပြီးတော့ စိတ်သက်သာရာ ရသွားလေတယ်။ သူက အိပ်ယာပေါ်မှာ လဲလျောင်း နေတဲ့ ထို အမျိုးသား ကို  အနီးကပ် ကြည့်လိုက် တဲ့ အခါ မှာတော့ ရုတ်တရက်ကြီး ဆိုသလို တံတွေး ​မြိုချ မိသွားလေတယ်။

ဒီကလေး က သူ့ရဲ့ မျက်နှာကို တကယ်ပဲ အရင်ဆေးကြောခဲ့တာပဲ။

မျက်နှာပေါ်က သွေးတွေနဲ့ ရွံ့တွေ ပျောက်သွားချိန်မှာတော့ ကြည့်ကောင်းတဲ့ အသားအရေ နဲ့ သူ့ရဲ့ ပုံမှန် ပုံပန်း သွင်ပြင် က ပိုပြီးတော့ တောင် ပေါ်လွင် လာခဲ့တယ်လေ။ အစောက ပေရေ ညစ်ပတ် နေတဲ့ မျက်နှာလေး ထက်ကို အခုက ပိုပြီးတော့ ကြည့်လို့ ကောင်းနေ သေးတယ်လေ။

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Donde viven las historias. Descúbrelo ahora