အပိုင်း (6.1)

763 131 1
                                    

(6.1)

သုဟန် တစ်ယောက် ချင်ရှောင်းမန် ရဲ့ အနောက်ကနေ လိုက်ပြီးတော့ အိမ်ထဲ ကို ဝင်လာခဲ့ တယ်။ ချင်မိသားစု ရဲ့ နေအိမ် က U ပုံစံ ကိုမှ ထိပ်မှာ ဧည့်ခန်းဆောင် ရှိတဲ့  အတိုင်း  ဆောက်ထားတာ ဖြစ်ကာ အိပ်ခန်းအဆောင်လေး ၃ ခု က အချင်းချင်း မျက်နှာ ဆိုင်ထား တာပဲ ဖြစ်တယ်။

ချင်ရှောင်းမန် က ဘယ်ဘက်ဆုံး က အိပ်ခန်း မှာ နေပြီးတော့ ထို အိပ်ခန်း က ဧည့်ခန်း ဆောင် နဲ့ မီးဖိုဆောင် ကို ဆက်ထားတာ ပဲ ဖြစ်လေတယ်။ ညာဘက် က အိပ်ခန်း ကတော့ ချင်ရှောင်းမန် ရဲ့ မိဘ နှစ်ပါး အသက်ရှင်စဥ် ကာလ မှ နေခဲ့ တဲ့ အခန်း ဖြစ်လေတယ်။ မိဘ နှစ်ပါး လုံး က အခုချိန်မှာ ဆုံးပါး သွားပြီ ဖြစ်ပေမယ့် လည်းပဲ ချင်ရှောင်းမန် က ထို အိပ်ခန်း ကို အသုံးမပြုချေ။ အိပ်ခန်း အား တံခါးပေါက် သော့ပိတ်ထား ပြီး အရင်အတိုင်းသာ ထိန်းသိမ်း ထားခဲ့တယ်လေ။

နောက်ဆုံး ကျန်တဲ့ အိပ်ခန်း ဆောင်ကတော့ ခြံဝင်းထဲမှာ ပဲ ရှိနေတာ ​မှန်ပေမယ့် သိုလှောင်ခန်း နဲ့ မျက်နှာချင်း ဆိုင် ပဲ ဖြစ်လေတယ်။ အဲ့တာ ရဲ့ ဘေးမှာတော့ သူမွေးမြူထား တဲ့ ဝက်ခြံ ရှိလေတယ်။ ထိုအခန်း က အရမ်းကို ပျက်စီး နေပြီ လို့ မပြော နိုင် သေးပေမယ့် လည်း တစ်ခါတစ်ရံတော့ ဟိုဘက် က မွေးမြူထားတဲ့ ဝက်အော် သံတွေကို ကြား နေရတယ်လေ။

သုဟန် က ထို အခန်း အား အထက်အောက် သေချာ ကြည့်လိုက်တယ်။ ချင်ရှောင်းမန် က တကယ်ကို သန့်ရှင်း သပ်ရပ်စွာ နေတဲ့ ကောင်လေး တစ်ယောက်ပါ။ အခန်းထဲမှာ အခြောက်လှန်းထားတဲ့ ကောက်ရိုး တစ်ချို့ ရှိတာ မှန်ပေမယ့် ထို ကောက်ရိုး တွေကို အခန်း ရဲ့ ဘေးထောင့်နား မှာသာ စုပုံထားတာ ဖြစ်ပြီးတော့ အခန်း ကလည်း သန့်ရှင်း သပ်ရပ် နေလေတယ်။

ဒီလို အခြေအနေ မျိုး ရောက်နေ တဲ့ အတွက်ကြောင့် ထို အခန်းလေး ထဲမှာ အိပ်ရမယ် ဆိုရင်တောင်မှ သုဟန် ဟာ အတော်လေး ကို စိတ်ကျေနပ်မိ နေပြီးပါပြီ။ သူက ခေါင်းကို မော့ကာ အမိုးကို မော့ကြည့် ရင်း ပြောလိုက်တယ်။

'' ဒီအခန်း က အတော် ကောင်းတာ ပဲ။ အပေါ်မှာ ယိုစိမ့် ပေါက်တွေ ဘာတစ်ခုမှ ငါ မမြင်နိုင်ဘူး ရယ်''

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now