အပိုင်း (5.1)

849 133 2
                                    

(5.1)

ချင်ရှောင်း က လက်ထဲမှာ ဖိနပ်ကို ကိုင်ထားဆဲ ဖြစ်ကာ အနည်းငယ် ဝေ့ယမ်း ရင်း သုဟန်အား အပေါ်ကနေ အောက်အထိ ကြည့်နေ ခဲ့လေတယ်။

အခု သုဟန် က သူ့အကိုကြီး အသက်ရှင်စဥ် ကာလ က ပိုင်တဲ့ အဝတ်တွေကို ဝတ်ထားခဲ့ တယ်လေ။ နှစ်ယောက် လုံးက မတူပဲ ကွဲပြားတယ် ဆိုပေမယ့် လည်း ထို နှစ်ယောက် လုံးရဲ့ ရှင်းလင်း သေသပ်မှု နဲ့ ကျော့ရှင်းတဲ့ အရှိန်အဝါ တွေက တူလွန်းတာ ကြောင် ချင်ရှောင်းခမျာ တစ်ခဏတာ အေးခဲ နေမိဆဲ ပါ။

သူ့မျက်လုံး တွေက သုဟန် ရဲ့ မျက်နှာပေါ်ကို သေချာ ကြည့်ပြီး မှပဲ နောက်ဆုံးတော့ လက်ထဲက ဖိနပ်ကို မြေပြင်ပေါ် ပြန်ချ လိုက်တော့ လေတယ်။

'' မင်းက ခြေလက် မသန်မစွမ်း တဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်တာ နဲ့ပဲ မင်းကို ငါက မရိုက်သတ် ရဲ ဘူးလို့ တော့ ထင်မနေ နဲ့ကွ ''

ချင်ရှောင်းမန် က သုဟန်ကို အမြန်ပဲ အနောက်ကို ဆွဲလိုက် လေတယ်။

'' ခများ ကို အပြင်ထွက် မလာ ပါနဲ့ လို့ မပြောဘူးလား။ ခများ က ဘာကြောင့် ကျွန်တော် ပြောတာကို မယုံကြည် ရတာ လဲ! ''

သူက သုဟန်ကို သူ့နောက်မှာ ထားပြီး ကာကွယ် ပေး​ခြင် ပေမယ့်လည်း သူ့ရဲ့ လက်ကောက်ဝတ် ကနေ ဆုပ်ကိုင် ခြင်းကို ခံလိုက် ရတယ်လေ။

'' ဦးလေး တကယ်လို့ ခများမှာ ပြောစရာ ရှိတယ် ဆိုရင် အခုပဲ ပြောလိုက်ပါ။ ပြီးတော့ ကျုပ်ကို ရိုက်သတ် လိုက်ရုံနဲ့ တင် ဒီပြဿနာ က ဖြေရှင်း လို့ ရသွားမှာ မဟုတ်ဘူးလေ ''

ချင်ရှောင်း ရဲ့ မျက်နှာ ပေါ်က ဒေါသ ထွက်ပြီး ကြမ်းတမ်းတဲ့ အမူအရာ က မပြောင်းလဲ သေးပေမယ့် လည်း သုဟန် ရဲ့ မျက်နှာ ပေါ်က ငြင်သာ သိမ်မွေ့ မှုတွေကို မြင်လိုက် ရတော့ ဆက်ပြီး တိုက်ခိုက်မှု ပြု မလာတော့ ပါချေ။

သူက လက်ထဲ က ဖိနပ်ကို ချပြီး တဲ့နောက် လက်က ဖုန်တွေကို ခါလိုက်​ကာ ခုံတန်းရှည် ပေါ်ကို ထိုင်ချ လိုက်တော့ လေတယ်။

'' မင်းက အပြောတော့ တက်သားပဲကွဟေ။ ဒါကြောင့် မန်ကောအာ ကိုတော့ ချော့ပြီး အိမ်ကို လိုက်လာ နိုင်ခဲ့တဲ့ အပြင် အချိန်အကြာ ကြီး တောင် ဖွက်ထားစေ နိုင်ခဲ့တာ ပဲ ကိုး ''

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now