အပိုင်း (1.2)

1.3K 188 3
                                    

(1.2)

'' အိုး ဒီလို ကိစ္စ မျိုး ဆိုတာက အကြောင်းအရင်း တိုက်ဆိုင်မှုတွေ ရှိလို့လေ။ ''

ဒီနေရာမှာ အတင်းအဖျင်း ပြောနေတာကို တွေ့လိုက်ရတဲ့ အခါ တစ်ဖက် လယ်ကွင်း က ဖူလန်(အမျိုးသားဇနီးသည်) ဟာလည်း ဒီဘက်ကို ကူးလာပြီးတော့ ပြောလိုက်လေတယ်။

'' ဒီနှစ်အတွင်း ချွီးယန့် နိုင်ငံမှာ သဘာဝ ကပ်ဘေး ရောဂါတွေ ဖြစ်နေကြတာလေ။ လူတွေ သေတာများ တောင်လိုပဲတဲ့။ သူတို့တွေစီမှာ ဘာ ကောက်ပဲ သီးနှံမှ စိုက်မရတော့ အနီးနားမှာ ရှိတဲ့ ငါတို့ နိုင်ငံ စီကို လာရပြီပေါ့။ ဒီနေရာ က ရွာမလို့သာ ရယ်။ လွန်ခဲ့တဲ့ နှစ်ရက်က အသီးအရွက်ရောင်း ဖို့ မြို့ကို တက်သွားတော့ လမ်းမပေါ်မှာ တောင်းရမ်း စားသောက် ရတဲ့ လူတွေ အများကြီး ကို တွေ့ခဲ့တယ်ရယ်''

'' ရုံးတော်က လူကြီးတွေ ကတော့ သူတို့ကို မောင်းထုတ်ဖို့ ကြိုးစား နေတယ်လေ။ သူတို့တွေက မြို့ရဲ့ ရုပ်သွင်ကို သရုပ်ပျက်စေတယ် ဆိုလားပဲ။ ပြီးတော့ သူတို့ကြောင့် အောက်ပြည်နယ် တရားသူကြီး ခမျာလည်း စိုးရိမ် ပူပန် နေရတယ်တဲ့လေ''

'' ဒီမှာ ကြည့်စမ်း မင်းမလို့ ငါ တိုးတိုးလေး ပြောပြတာနော်''

ထို ဖူလန် က မန်ကောအာ တို့နားကို ကပ်ပြီးတော့ ပြောလိုက်လေတယ်။

'' ဟိုဘက်ရွာ က ကော ယူလိုက်တဲ့ သတို့သား ကလည်း ဒုက္ခသည် ပဲတဲ့လေ။ သူက မြို့ပေါ်ကနေ မောင်းထုတ်ခြင်း ခံရတဲ့ အုပ်စု ထဲ ကလား ဒါမှမဟုတ် သူ့ဘာသူ ရွာတွေကို လာတဲ့ အုပ်စု လားတော့ ငါလည်း မသိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့လူက တစ်ဖက် ရွာကို သွားပြီး အစားအသောက် တောင်းရမ်း ခဲ့တယ်လေ။ အဲ့အချိန်မှာ အခု ကောရဲ့ မိသားစု နဲ့တွေ့ဆုံ မိပြီး ထိုလူရဲ့ ရုပ်က ကြည့်ကောင်းတယ် ဆိုပဲ။ အဲ့တာနဲ့ အဲ့အမျိုးသားကို သူတို့ သမက်အဖြစ် ချက်ချင်း ရွေးလိုက်ကြရောလေ။ ''

ချင်ရှောင်းမန် ကလည်း စိတ်ဝင်တစား နဲ့ အသေအချာကို နားထောင်နေခဲ့ လေတယ်။

ဘေးက အဒေါ်ကြီးက လည်း ဝင်ပြောလိုက်တယ်။

'' ဒါနဲ့ အဲ့ကောင်လေး က သဘောတူ လိုက်ရောပဲလား ''

ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! (BL)Where stories live. Discover now