Part-1

10 0 0
                                    

သာယာလှပတဲ့ မနက်ခင်းလေး တစ်ခုမှာပေါ့ကွယ် လမ်းပေါ်မှာ စည်ကားနေကြတဲ့ ကား‌တေလဲရှိသလို ရုံးသွားရမယ့် သူတေကလဲ ရုံးသွားဖို့ပြင်ဆင်နေကြသလို Julia ဆိုတဲ့ အသက် 13 နှစ်အရွယ်ကောင်မလေးတစ်ယောက်ကလဲ သူ့ရဲ့ ပထမဆုံး ကျောင်းပြန်တတ်ရမဲ့ နေ့အတွက်ပြင်ဆင်‌လို့နေသည်။ COVID ကြောင့်ကျောင်းမတတ်ရတာ 3 နှစ်လောက်ရှိနေပြီဖို့ ပြန်တတ်ရမဲ့အချိန်မှာ ရင်ခုန်လို့နေသည်။ တခြားတော့မဟုတ် သူမအခုတတ်ရမည့်ကျောင်းသည် International school ဖြစ်ပါသဖြင့် သင်ရမယ့် စာတွေနားမလည်မှာ ဆိုးတာကြောင့်ဖြစ်သည်။ အဲ့အပြင် သူငယ်ချင်းအသစ်ရမလားဆိုပြီးလဲ စိတ်တွေလှုပ်ရှားနေမိသည်။

ဒီလိုနဲ့ပဲ မနက်စားကာ ကျောင်းသို့သွားတော့သည်။

"ပါးပါး တာ့တာ"

"စာသေချာလုပ်နော် သမီးလေး တစ်ခုခုဆိုရင်လဲဖုန်းဆက်အုံး ကြားလား"

"ဟုတ်ပါပီ ပါးပါးရယ် ဂျူလီက ကလေးမဟုတ်တော့ပါဘူး"

"ကလေးမဟုတ်လို့ မှာနေရတာပေါ့ သွားကျောင်းထဲဝင်တော့"

"ဟုတ်ပါးပါး တာ့တာ"

ဆိုကာကျောင်းထဲဝင်ခဲ့တော့သည်။
ကျောင်းထဲရောက်တော့ reception ကအမကြီးကို စာသင်ရမဲ့အခန်းကို မေးပီး အခန်းထဲဝင်ခဲ့လိုက်သည်။

အခန်းရောက်တော့ စိတ်ကိုညစ်သွားတာပဲ ဘယ်နှယ့် အတန်းထဲ တခြား‌ကျောင်းတေကလို အဆင်ချောချောလေးတယ် ရှိမယ်ထင်တာ။ အကောင်တေ ပုပုသေးသေးတွေ စိတ်ညစ်လိုက်တာ အဆင်ငမ်းမယ့်အစီစဉ်တေတော့ ပျက်ပါပီ။ (တကယ်အဲ့လိုတွေးခဲ့မိတာပါ)

စိတ်ပျက်လက်ပျက်နဲ့ လွယ်အိပ်ထဲရှိတဲ့ ဖုန်းကို ထုတ်ပီး ဖုန်းကြည့်မယ်ဆိုကာမှ ပိုလို့တောက် စိတ်ညစ်သွားသည်။ ဖုန်းက မနေ့ကမှ အဖေ့ဖုန်းအဟောင်းကို data  တေအကုန်ဖျက်ထားတာမို့ ဘာ app မှ မ down ရသေး ကျောင်းက WiFi ကလဲမရသေး mobile data ဖွင့်မယ်ဆိုတော့လဲ bill ကမရှိ။ စိတ်တို့ဖို့ကောင်းလိုက်တာ။ ဖုန်းကြည့်လဲ ဘာမှအဖက်မတင်သည်မို့ ပြန်ပိတ်ကာ မှောက်အိပ်နေလိုက်တော့သည်။

ခနကြာတော့ ဆရာတစ်ယောက်တင်လာသည် Physics ဆရာတဲ့။

"ကလေးတို့ရေ ဆရာ့နာမည်ကတော့.... ကလေးတို့ရဲ့ Physics ဆရာပါ ကဲဒါဆိုစာစသင်ကြတာ‌ပေါ့"

ထိုအချိန်စိတ်ထဲမှာတွေးမိလိုက်သည်က
*ဟမ် နာမည်မိတ်မဆက်ရဘူးလား ပထမဆုံးနေ့ကြီးကို စာသင်မယ်ပေါ့လေ ဒီနေ့ကံမကောင်းလိုက်တာကွာ*

ဒီလိုနဲ့ 10:30 နောက်ဆရာမတစ်ယောက်တင်လာသည်။

"ကလေးတို့ရေ တီချယ့်နာမည်က....ပါ ကလေးတို့ရဲ့ Global ဘာသာကို သင်ကြားပေးမယ့်ဆရာမပါ ဒီနေ့ကပထမဆုံးရက်ဆိုတော့ စာမသင်တော့ဘူး တစ်ယောက်နဲ့ တစ်ယောက်မိတ်က်ေကြမယ် ကယ် ဟိုးအရှေ့ကသမီးလေးကစမယ်"

ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်မိတ်ဆက်ကြသည်။
ခနကြာတော့ ကိုယ်မိတ်ဆက်ရမဲ့အလှည့်ရောက်တော့ confidence အပြည့်နဲ့ မတ်တက်ရပ်လိုက်ပီး

"Hello everyone I'm .... But you guys can call Me Julia"

ဟု ဘိုလိုမှုတ်ပလိုက်သည်။ Julia ဆိုတဲ့ ကျမက မထင်ရင် မထင်သလို သိတ်ထဲကနေထထဖောက်တတ်ပါတယ်။

ဒီလိုနဲ့ အားလုံးကိုစိတ်မဝင်စားခဲ့‌သလောက် တစ်ယောက်သောသူအလှည့်ရောက်သေးအခါ

"Hello everyone I'm Stalla" (သူ့နာမည်ကိုတော့အစစ်မထည့်တော့ဘူး)

နေရင်းထိုင်ရင်း ချက်ချင်းကို သူငယ်ချင်းဖြစ်ချင်သွားတာ ဒါပေမယ့်လဲ နည်းနည်းတော့ချေရမည် ။

ဒီလိုနဲ့ အတန်းတေလဲ ပီးတော့ ကျောင်းဆင်းချိန်ရောက်လာပီပေါ့ကွယ်။ (Julia တို့‌အပျော်ဆုံးအချိန်)

အိမ်ပြန်ရောက်တော့ ရေချိုးပီး ထမင်းစားဖို့ အောက်ထပ်ကိုဆင်းခဲ့လိုက်တယ်။

"မားသမီးလေး ကျောင်းကအခြေနေဘယ်လိုရှိလဲ တတ်ရတာအဆင်ပြေလား"

"ဟုတ်မား အစမို့လို့လားတော့မသိဘူး နည်းနည်းပျင်းဖို့ကောင်းတယ်"

"နောက်ကျရင် နေသားကျသွားမှာပါကွယ်"

"ဟုတ်မား"

ဆိုကာ ထမင်းစားပီး အိပ်ခန်းထဲပြန်ဝင်ခဲ့တော့သည်။
နောက်တော့ အတွေးထဲဝင်လာခဲ့သူတစ်ယောက် *Stalla ငါနင်နဲ့သူငယ်ချင်းလုပ်ကြည့်ရမလား"
............. Ex-Best Friends ..............

ဒီနေ့တော့ဒီလောက်ပါပဲ အခုမှစရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပါရှင့် ပီးတော့ ကောင်းလားမကောင်းလား ဖတ်ရတဲ့ feeling လေးတေကိုလဲ ပြောသွားပေးကြနော် အားလုံးပဲ Good Night ပါရှင့်

BY.JULIA KIM

You've reached the end of published parts.

⏰ Last updated: Dec 03, 2023 ⏰

Add this story to your Library to get notified about new parts!

Ex-Best FriendsWhere stories live. Discover now