Chapter 67မဖြစ်နိုင်သည့် အရာတော့ မဟုတ်။
သို့သော် ယွင်ချင်းစီ၌လည်း ကိုယ်ပိုင်အမြင်များ ရှိပေသည်။ လီယင်းအပေါ် သူ၏ စိတ်အားထက်သန်မှုတို့ကို လောင်းသွန်ချလာသည့်အခါ လူတိုင်းက သူ့ကို ဈေးပေါသည်ဟု ခံစားမိလာစေကာ ယခင်နှင့် လုံးဝ မတူတော့ချေ။
ဤဘဝရှိ လီယင်းက သူ့ကို မုန်းတီးခြင်း မရှိကြောင်း သိထားသည့်တိုင် ...
ဟေး .. အဓိကအကြောင်းအရင်းက ဘာလဲဆို .. လီယင်းက အရမ်းကို ကောက်ကာငင်ကာကြီး ဖိတ်ကြားလိုက်တယ်လေ ...
သူက နည်းနည်းလောက် နေသားမကျသေးဘူး ...
သူ့စိတ်ထဲတွင် အတွေးပေါင်း ထောင်သောင်းမက ထွက်ပေါ်လာသော်လည်း လီယင်းက မသိ။ မလှုပ်မယှက် ငြိမ်နေသူကို ကြည့်ကာသာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ယွင်ချင်းစီက သူ့ကို နောက်တစ်ကြိမ် လာကစားနေတာပဲ ...
သူက ပြောလိုက်သည်။
"ဒါဆိုလည်း နန်းဆောင်ကိုပဲ အရင်ပြန်လိုက်ပါ ..."
ယွင်ချင်းစီ "..."
လီယင်းက တမင်လုပ်တာလား ဆိုပြီး ခဏလေးပဲ ကြောင်သွားမိတာပါ .. အခု တစ်ခုခု လုပ်မယ်ဆို သူ့ဘက်ကပဲ အမြဲတမ်း အစပျိုးရမှာလား လီယင်းကရော စပေးလို့ မရဘူးလား ...
လီယင်းသာ သူနဲ့ အိပ်ရမယ်လို့ ပြောရင် သူနဲ့ အိပ်ရမယ်လေ .. သူဆိုတဲ့ ယွင်ချင်းစီက ပြန်လည်မွေးဖွားလာတာ.. အဲဒါ လုံးဝ မျက်နှာမလိုချင်တော့ဘူးဆိုတဲ့ သဘောလား ...
သူ ငြင်းခဲ့တာလား ...
လီယင်းရဲ့ မျက်နှာအပြောင်းအလဲက အတော်လေးကို မြန်တာပဲ သူက နှစ်ကြိမ် မဟုတ်ဘဲ တစ်ကြိမ်တည်းနဲ့တင် အလျော့ပေးတာလား .. လီယင်းကို သူ တွယ်ကပ်နေတုန်းကဆို ဘယ်တုန်းကမှ မျက်နှာသာပေးဖို့ မတောင်းဆိုခဲ့ပါဘူး ...
ယွင်ချင်းစီက လွန်စွာ ဒေါသထွက်လာမိတော့သည်။
လီယင်းက လွန်စွာ ပင်ပန်းနေသည့်အတွက် သူ့ဒေါသတို့ကို သတိမပြုမိ။ ယွင်ချင်းစီက အေးစက်လှသည့် အမူအယာဖြင့် မတ်တပ်ထရပ်ကာ ပုတီးစေ့တို့ဖြင့် ပြုလုပ်ထားသည့် လိုက်ကာအနီးသို့ လျှောက်သွားလိုက်သည်။ လီယင်းကလည်း မမျှော်လင့်ထားသည့်အတွက် သူ့ကို လှမ်းမခေါ်၊ နောက်တစ်ကြိမ်သာ လှည့်ကြည့်နေလိုက်သည်။
DU LIEST GERADE
ဧကရီ Shou က ပြောင်းလဲသွားပြီ
RomantikNew New New ✨️ 😍 Novel အသစ်လေးတစ်ပုဒ် လာပြန်ပါပြီရှင် 1 ရက်နေ့မှာ update စပါမယ်နော် ကြိုဖတ်ထားချင်တဲ့ ချစ်တို့က translator လေးရဲ့ wp acc မှာ ဖတ်လို့ရပါကြောင်း ... Titntle- Obsessive Shou Moves On