Chapter 45မှန်လုံအိမ်အတွင်း ရာသီဥတုက ပူနွေးစိုစွတ်နေ၏။
လီယင်းက သူ့ကို တောင်းပန်နေပုံ ပေါ်သော်ငြား တစ်ခဏအတွင်းမှာပင် နာကျင်မှုက သူ့စိတ်ခံစားချက် အားလုံးကို ယူဆောင်သွားတော့သည်။ နဖူးကို အကောင်းအတိုင်း ရှိနေသည့်လက်ဖြင့် ထောက်ကာ ပြင်းထန်စွာ ဖိနှိပ်ထားလိုက်သည်။
အသံရှူသံတို့က တစ်ဖြည်းဖြည်း တိုးညှင်းလာသည်။
အသက်ရှူသံတိုင်း၏ နောက်ကွယ်တွင် ချွဲသံတို့က တစ်ပါတည်း ကပ်လိုက်လာ၏။
"အရှင့်ရဲ့ ခန္ဓာကိုယ်က ရွှေနဲ့ ကျောက်စိမ်းလို အဖိုးထိုက်တန်တာဆိုတော့ အစေခံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သုံးရတာကိုက ရှက်စရာ ဖြစ်မှာပေါ့ ..."
"ကျွန်တော်က အရှင့်ကို အစကတည်းက ယုံကြည်ခဲ့ပါတယ် ..."
သူက ပြုံးကာ ပြောလိုက်သည်။
"အရှင်က မိန်းမတွေနဲ့ အဲဒါကို မလုပ်နိုင်လို့ မိန်းမစိုးလေးတွေကို အနားမှာ ခေါ်ထားတာ မဟုတ်လား ..."
သူက လီယင်း၏ ဆံပင်ကို ဖြီးသင်ပေးသည့် မိန်းမစိုးလေးအား ဆိုလိုခြင်းဖြစ်သည်။
"ကိုယ် မလုပ်ခဲ့ဘူး ..."
"မလုပ်ခဲ့ဘူး ဟုတ်လား အဲဒါဆို ဘာလို့ ငါ့အစား အဲဒီ့မိန်းမစိုး ပြောတာကို နားထောင်ခဲ့တာလဲ သူက ငါ့ရှေ့မှာ ပေါက်ကရတွေ ပြောခဲ့တာတောင် မင်းက သူ့ကို လွှတ်ပေးခဲ့တယ်လေ မိန်းမစိုးတစ်ယောက်ကတောင် ခေါင်းပေါ် တက်နင်းရဲနေရင် ဧကရီဆိုတဲ့ ရာထူးက ဘာသုံးစားလို့ ရနေတော့မှာလဲ ..."
လီယင်း၏ အသံမှာ နာကျင်မှုကြောင့် လွန်စွာ တိုးညှင်းနေ၏။
"တစ်နှစ်အတွင်းမှာတင် မင်းက အပျိုတော်ခြောက်ယောက်ကို သတ်ပြီးတော့ ကချေသည်အုပ်စု တစ်စုကို နန်းပြင် နှင်ထုတ်ခဲ့တယ် ဒီအကြောင်းကို ကြားတော့ အမတ်တွေက ကိုယ့်ကို စောဒကတက်လာကြတယ်လေ မင်းက ဥပဒေမဲ့၊ ရက်စက်၊ ခက်ထန်ပြီး မြွေတစ်ကောင်လို အဆိပ်ပြင်းတယ်တဲ့ မင်းကို ဆွဲချချင်တဲ့ သူတွေမှ အများကြီးပဲ အစပိုင်းတုန်းကတော့ မင်းအဖေက ညီလာခံမှာ ကိုယ့်ကို ဖြစ်ကြောင်းကုန်စင် မေးခဲ့သေးတယ် အဲဒီလိုမေးတိုင်းလည်း ကိုယ်က အဲဒီ့လူတွေကိုပဲ အပြစ်ပြောခဲ့တာ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ သူက မင်းဘက်က ကာမပြောပေးတော့ဘူး ကိုယ်လည်း မင်းက ဧကရီတစ်ပါး ဖြစ်တဲ့အတွက် သူတို့ကို အပြစ်ပေးပိုင်ခွင့် ရှိတယ်လို့ပဲ ပြောလို့ရတော့တာ ဒါပေမယ့် ထောက်ပြစရာ အဖြစ်အပျက်တွေလည်း အများကြီး ရှိနေတယ် ..."
VOUS LISEZ
ဧကရီ Shou က ပြောင်းလဲသွားပြီ
Roman d'amourNew New New ✨️ 😍 Novel အသစ်လေးတစ်ပုဒ် လာပြန်ပါပြီရှင် 1 ရက်နေ့မှာ update စပါမယ်နော် ကြိုဖတ်ထားချင်တဲ့ ချစ်တို့က translator လေးရဲ့ wp acc မှာ ဖတ်လို့ရပါကြောင်း ... Titntle- Obsessive Shou Moves On