Chapter 82Extra 4
အမတ်ချုပ်ယွင်နှင့် လီယင်း၏အဖေတို့က မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုဟုခေါ်ပြီး မည်သည့်အကြောင်းကိစ္စကိုမဆို ပြောကြပေသည်။
သူတို့က ဆယ်ကျော်သက်အရွယ်တည်းက သူငယ်ချင်းများဖြစ်ခဲ့ကြခြင်းပင်။
မည်သူကမှ ကောင်းကင်ဘုံသားတော်၏ရှေ့တွင် မသင့်တော်သည့်ကလေးကို မခေါ်လာရဲသော်လည်း အမတ်ချုပ်ယွင်ကမူ ချွင်းချက်ဖြစ်သည်။
လီယင်းက သူ့ကို ဦးညွတ်လိုက်သည်။
" ဆရာ..."
" အရှင်..."
အမတ်ချုပ်ယွင်က ပြန်ဦးညွတ်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။
" ဒါ ကျွန်တော်မျိုးရဲ့ အငယ်ဆုံးသားလေးပါ... ချင်းစီ ထွက်လာပြီးတော့ အရှင့်ကို ဂါရဝပြုလိုက်ဦး..."
ယွီချင်းစီက တည်ကြည်စွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အရှင်မင်းသားကို ဂါရဝပြုပါတယ်..."
ထို့နောက်တွင် ရယ်သံတစ်သံ ရုတ်ချည်းထွက်ပေါ်လာပြီး လီဟုန်က ပြောလိုက်သည်။
" ဘာ အရှင်မင်းသားလဲ မင်းက အပြင်လူမို့လား... တစ်ယောက်နဲ့တစ်ယောက် ချင်းစီနဲ့ ယင်းကောကောလို့ခေါ်လေ..."
" အရှင်မင်းကြီး စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှု့ထားလို့ မရပါဘူး..."
အမတ်ချုပ်ယွင်က ဦးညွတ်ပြီးပြောလိုက်သည်။
" ငါတို့တွေက အပြင်ကို စိတ်ပြေလက်ပျောက်ထွက်လာတာလေ နန်းတော်ထဲမှာမှ မဟုတ်တာ ဒီလိုစည်းမျဉ်းစည်းကမ်းတွေ မလိုပါဘူး..."
သူ ယွင်ချင်းစီကို လက်ယပ်ခေါ်ပြီး ပြောလိုက်သည်။
" ရှောင်စီ လာပါဦး... အဲ့မှာ အရသာရှိတဲ့ စားစရာတွေ အများကြီးပဲ ယင်းကောကောကို ခေါ်သွားခိုင်းလိုက်..."
ညွှန်ကြားချက်ရသည်နှင့် လီယင်းက ယွင်ချင်းစီကို လက်ကမ်းပေးလိုက်သည်။
YOU ARE READING
ဧကရီ Shou က ပြောင်းလဲသွားပြီ
RomanceNew New New ✨️ 😍 Novel အသစ်လေးတစ်ပုဒ် လာပြန်ပါပြီရှင် 1 ရက်နေ့မှာ update စပါမယ်နော် ကြိုဖတ်ထားချင်တဲ့ ချစ်တို့က translator လေးရဲ့ wp acc မှာ ဖတ်လို့ရပါကြောင်း ... Titntle- Obsessive Shou Moves On