"Monsterရဲ့ကြင်ရာတော်ဖြစ်မဲ့သူ....ဟုတ်လား!!!"
ရှောင်းသခင်ကြီးရဲအော်သံကဟိန်းခနဲထွက်ပေါ်လာခဲ့တယ်...
"ယောကျာ်းရယ်...စိတ်လျော့ပါအုံး...ကျွန်မတို့ကာကွယ်နိုင်မှာပါ...."
ရှောင်းသခင်မကြီးလည်းစိုးရိမ်စိတိတွေဖြစ်ပေါ်လာခဲတယ်..အသက်ကြီးမှရခဲ့တဲ့ကလေးလေးကယောကျာ်းလေးဖြစ်ပြီးအသည်းခိုက်အောင်ချစ်ရပေမဲ့..သူ့ဇာတာခွင်ကိုစစ်ကြည့်လိုက်တော့ Monsterရဲ့ကြင်ယာတော်ဖြစ်မဲ့သူဆိုတဲ့အကြောင်းကရှောင်းအိမ်တော်အတွက်ထိန့်လန့်မှုဖြစ်လာခဲ့သည်။
"Master ကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲ..နည်းလမ်းတော့ရှိနိုင်တယ်မလား.."
"နည်းလမ်းကတော့ရှိတယ်...ကလေးရဲ့စိတ်အခြေအနေတစ်ခုခုဖြစ်သွားမှာပဲစိုးရိမ်ရတာ..."
"ကျွန်တော်တို့ကြည့်လုပ်ပါမယ်...နည်လမ်းကိုသာပြောပြပေးပါ"
ထိန့်လန့်နေတဲ့ရှောင်းသခင်ကြီးကတောင်းဆိုမှု
အပြည့်...
"အင်း ကောင်းပြီလေ...မင်ရဲ့သားကခု၁၀နှစ်ပြည့်ပြီဆိုတော့ ကလေးသဘာဝပြေးလွှားကစားချင်လောက်မှာပဲ..ဒါပေမဲ့ရှောင်းအိမ်တော်ရဲ့အနောက်ဖက်ဥယာဥ်ထဲကိုသွားလို့မရဘူး လူတွေနဲ့လည်း အနီးကပ်မနေခိုင်းရဘူး၊Monsterတွေကလူပုံစံဟန်ဆောင်နေနိုင်တာကြောင့် ပြီးတော့အသက်၂၀ပြည့်တဲ့အချိန်ကအရေးကြီးဆုံးပဲ...monsterတွေကသူတို့ရဲ့တွဲဘက်တွေအနံကိုခံနိုင်တယ်...ကြင်ယာတော်ဆိုတာအမည်ခံသက်သက်ပဲ...လက်ဆက်ပြီး...မွေးရာပါတူညီနေတဲ့အမှတ်သားကိုထပ်တူချလိုက်တာနဲ့ ရှောင်းသခင်လေးကအသက်ဆုံးရှုံးသွားနိုင်တယ်...monsterတွေကတော့ လူအဖြစ်ရှင်ကျန်ခဲ့ရမှာပေါ့..."
"ကောင်းပါပြီ...ခုကစပြီးကျွန်တော့သားလေးကိုတစ်ယောက်ထဲပဲနေစေပါ့မယ်...၂၀ကေျာ်လို့မှမတွေ့ကြရင်ဘာဆက်ဖြစ်မှာလဲ...master"
"ရှောင်းသခင်လေးလွတ်လပ်မှာပေါ့...အဲ့အချိန်မှပတ်ဝန်းကျင်နဲ့ထိတွေရလည်းနောက်မကျလောက်ပါဘူး..."
"ဟုတ်ကဲ့ ကျွန်တော်စီစဥ်လိုက်ပါ့မယ်"
ရှောင်းသခင်မကြီးကတော့စတင်ငိုကြွေးနေလေပြီ၊လွတ်လွတ်လပ်လပ်နေတက်တဲ့သားလေးကိုပိတ်လှောင်ထားရတော့မယ်ဆိုတာကသိပ်ပြီးတော့ ခက်နေတယ်မလား.."
ရှောင်းအိမ်တော်ကဒီမြို့ရဲ့အချမ်းသာဆုံးအိမ်တော်ပဲလေ၊မြို့ရဲ့အရှင်သခင်လို့တောင်တင်စားကြတာဆိုတော့ ကိုယ်ပိုင်ကျောင်းတွေ၊စီးပွားရေးလုပ်ငန်းတွေ၊
သဘောမနောကောင်းပြီး ဖြောင့်မတ်တဲ့မိသားစုကြောင့်အာဏာလည်းရှိကြတယ်..
Masterရဲ့စကားအတိုင်းနောက်တစ်နေ့ကစပြီးရှောင်းသခင်လေးရှောင်းရှောင်ကျန့်ဟာ သူငယ်ချင်တွေနဲ့လည်းမတွေ့ရတော့သလို ကျောင်းမှာလည်းတစ်ယောက်ထဲသီးသန့်သင်ကြားရတယ်။
မိဘတွေရဲ့သဘောကိုမလွန်ဆန်နိုင်ဘဲနေထိုင်ခဲ့တာအသက်ပင်၁၈နှစ်ပြည့်လုနီးပါးဖြစ်လာခဲ့သည်...
ရှောင်ကျန့်ဟာ မိဘတွေကို မုန်းတီးလာခဲ့သည်...
သူကိုလည်းတစ်ခါတစ်လေမှသာလာတွေ့ပြီး...
မွေးနေ့တွေ၊အခါကြီးရက်ကြီးတွေတောင်တစ်ယောက်ထဲဖြတ်သန်းရပြီး အထီးကျန်မှုတွေ ဝမ်းနည်းမှုတွေကနှလုံးသားထဲကိုပြည့်ကြပ်လာစေတဲ့အထိ...
ကြီးမားလှတဲ့နန်းတော်လိုအိမ်ကျယ်ကြီးရဲ့အခန်းကျယ်ကြီးထဲမှာပဲ အထက်တန်းကျောင်းသားဘဝအဆုံးသတ်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဖြစ်နေတာတောင် တစ်ယောက်ထဲသင်ယူနေရတုန်း...
သူရဲ့အသက်ရှုထွက်ပေါက်က အနောက်ဘက်မှာရှိနေတဲ့သစ်တောဥယာဥ်ကြီးသာ..ပြတင်းပေါက်ဘောင်ပေါ်မှာထိုင်ရင်း...သစ်တောကြီးဘက်ကိုငေးရင်းတစ်ယောက်ထဲသာစကားတွေပြောနေခဲ့မိသည်...
"သစ်တောထဲမှာပျော်စရာကောင်းမှာပဲနော်...ငယ်ငယ်က ကစားခဲ့တဲ့အချိန်တွေကသိပ်ပျော်ခဲ့ရတာကို..."
"ကျန့်ကျန့်..."
မိဘတွေနဲ့စိမ်းကားပေမဲ့အမေဖြစ်သူကတော့တစ်ပတ်တစ်ခါလောက်တော့လာတွေ့နေကျ...ဒါကြောင့်မိခင်ဖြစ်သူကိုတော့သိပ်မမုန်းမိပေ။
"မား...ဘာတွေယူလာပြန်ပြီလဲ"
"သားပဲပုံဆွဲချင်တယ်ဆိုလို့..မားကဆေးရောင်ဘူးတွေနဲ့ပုံဆွဲတဲ့စာရွက်တွေဝယ်လာခဲ့တာ.."
"အားးး မားကိုအဲ့ကြောင့်ချစ်တာ..မားကသားကိုအလိုလိုက်တယ်...ပါးလိုမဟုတ်ဘူး"
"ကျန့်ကျန့်...သားပါးကသားကိုမားထက်တောင်ပိုချစ်တာ...သားကိုစိုးရိမ်လို့ဒီလိုလုပ်ထားတာပါနော်...ပါးကိုမမုန်းပါနဲ့...."
"မား..သားကိုဒီလိုလုပ်ထားရတဲ့အကြောင်းရှိတယ်မလား...ဟင်..အိမ်ဖော်တွေပြောတာကြားဖူးတယ်...မားပြောပြပေးပါနော်...သားအသက်၁၈ပြည့်နေပြီလူကြီးဖြစ်နေပြီလေ"
"မား...ပြောရင်ပါးစိတ်ဆိုးလိမ့်မယ်"
"မား..သားမခေါ်ပဲနေမှာနော်...မပြောရင်.."
"အင်း သားအဖနှစ်ယောက်ကတစ်စိတ်ထဲပဲ...မားကိုသိပ်အနိုင်ကျန့်တယ်..သားလည်းအရွယ်ရောက်နေပြီပဲသိထားသင်ပါတယ်...သားကိုခုလိုတစ်ယောက်ထဲထားရတာက သားကMonsterရဲ့ကြင်ယာတော်ဖြစ်နေလို့ပဲ..."
"monsterရဲ့ကြင်ယာတော်ဟုတ်လား မား...
သားကယောကျ်ားလေးလေ ဘယ်လိုဖြစ်နိုင်မှာလဲ..."
"သာရဲ့ဇာတာခွင်ကိုက အဲ့လိုဖြစ်နေခဲ့တာ...နောက်၂နှစ်ပဲသားရယ်၂နှစ်ပဲတစ်ယောက်ထဲနေပြီးရင်သားရဲ့ဘဝလွတ်လပ်ပြီ...ဒါကြောင့်နှစ်လောက်ပဲသည်းခံပါနော် ပြီးရင်သားအပြင်မှာပဲတစ်နေကုန်နေရင်တောင်မားနဲ့ပါးဘာမှမပြောတော့ဘူး "
ရှောင်ကျန့်သိပ်တော့အယုံအကြည့်မရှိ..
မားပြောသလိုပဲ၂နှစ်ကသိပ်တော့ကြာမည်မဟုတ်ပါလား..
"သားနားလည်ပါပြီ...မား"
အကြောင်းရင်းသိရတော့လည်းပါးကိုသိပ်မမုန်းမိတော့ပြန်ဘူး သူရဲ့လုံခြုံရေးအတွက်လုပ်ခဲ့တာပဲလေ
သူ့ကိုမချစ်လို့မဟုတ်တာသိတဲ့အတွက်ခံစားချက်ကအရင်နေ့တွေကထက်ပိုအဆင်ပြေလာသည်...
အသက်၁၉နှစ်မွေးနေ့လေးကိုတော့မိသားစုနဲ့ပျော်ပျော်ကြီးဖြတ်သန်းလိုက်ရသည်...
တသက်လုံးမေ့နိုင်တော့မည်မဟုတ်...
၁၉နှစ်ပြည့်တဲ့ညမှာပဲ မွေးရာပါအမှတ်ဖြစ်တဲ့
ခါးရဲညာဘက်ကybပုံစံကနှုပ်ပန်းလေးရဲ့ပူလောင်မှုကိုပြင်းထန်စွာခံစားလိုရ်ရတဲ့အတွက်ညလယ်ကြီးထအော်မိသည်အထိ..
"အားးး....မားရေ...နာလိုက်တာ"
ရှောင်းသခင်မနဲ့ရှောင်းသခင်ကြီးအလျင်အမြန်ပဲပြေးဝင်လာကြသည်...
"သား ကျန့်ကျန့်...လက်နဲ့မဖိထားနဲ့..."
"မား၊ပါး...အအားနာတာပဲ"
ရှောင်ကျန့်တစ်ယောက်မျက်ရည်တွေပါသွန်ကျလာခဲ့သည်...
မကြာခင်ပဲသတိလစ်သွားခဲ့သည်...
လောကကြီးနဲ့ခဏတာအဆက်အသွယ်ပျက်နေပြီးနောက်နာရီဝတ်လောက်နေမှသတိပြန်လည်လာခဲ့တယ်..
မားကိုခေါ်မလိုလုပ်ချိန်ကြားလိုက်ရတဲ့စကားသံကြောင့်သူတုန်လှုပ်သွားမိလိုက်သည်...
"ရှောင်းသခင်လေးရဲ့ပိုင်ရှင်က သိပ်အားကောင်းလွန်းတော့ masterတောင်မထိန်းနိုင်ဘဲဆုံးသွားခဲ့ပြီ.."
"သူပြောသလိုပဲ ငါ့အသက်နဲ့လဲပြီးပဲကာကွယ်ရတော့မှာပဲ...လက်သွေးကျောဖြတ်ပြီးထွက်လာတဲ့သွေးနဲ့သာရေချိုးလိုက်ရင်သူအဆင်ပြေသွားလောက်မှာပါ..."
ပါးရဲ့စကားသံကြောင့်ရှောင်ကျန့်ထထိုင်မိသည်အထိ
"ပါး... ပါးအသက်ကိုစတေးပြီးတော့သားအသက်မရှင်ချင်ဘူး...မလုပ်ပါနဲ့"
ရှောင်ကျန့်အသံကြောင့်ရှောင်းလင်မယားထိန့်ပြာသွားသည်...
"သား...ပါးကအရင်စသိထဲကလုပ်ချင်ခဲ့တာ..သားမားကမလုပ်နဲ့ဆိုလို့သားခုလိုနေခဲ့ရတာလေ သားခုလိုနေပြီးနာကျသ်ရတာပါးမကြည့်နိုင်ဘူး..သားကလွတ်လပ်မှုတွေနဲ့ခယထိုက်တန်တဲ့ဖြူစင်တဲ့ကောင်လေးပဲ...မားနဲ့ဆက်ပြီးအသက်ရှင်ပါနော်....ပါး ကျန့်ကျန့်ကိုသိပ်ချစ်ပါတယ်"
ရှောင်းသခင်ကြီးမျက်ရည်တွေကျနေပြီးရှောင်ကျန့်အားရင်ခွင်ထဲထည့်ထားမိသည်အထိ
"ပါး...မလုပ်ပါနဲ့...သားကိုချစ်ရင်အဲ့လိုမလုပ်ပါနဲ့..."
"အားကျန့်..ပါးစကားနားထောင်ပါနော်...မားကိုလည်းဂရုစိုက်အုံး သားကလိမ်မာတဲ့ကလေးပါ"
ဆုတ်ကိုင်ထားတဲ့လက်ကို ဆွဲဖြုတ်ပြီးအခန်းထဲမှထွက်သွားခဲ့သည်...
မားကတော့ ကုတင်ပေါ်မှာထိုင်နေပြီးဘာစကားမှမထွက်လာတော့..
"သား ကျန့်ကျန့်... မင်းပါးရဲ့ဆုံးဖြတ်ချက်ကိုပြင်ရိုးထုံးစံမရှိဘူး...သားကပဲပါးစကားကိုနားထောင်ပေးလိုက်ပါ"
မားပုံစံက အသိစိတ်တွေတောင်လွတ်နေသလို...
အခန်းထဲကထွက်သွားသည်..
ရှောင်ကျန့်ခုဘယ်လိုလုပ်သင်လဲ...
မိုးလင်တဲ့အထိသားထိုင်စဥ်းစားပြီး ဘာအကြံမှမထွက်လာခဲ့...
အစားအသောက်လာပို့တဲ့အိမ်ဖော်ကိုမေးကြည့်တော့
ပါးက ည၉နာရီမှာအစီအစဥ်စလုပ်မယ်လို့သိခဲ့ရတယ်..
"မဖြစ်ဘူး...ပါးကိုအသေတော့မခံနိုင်ဘူး...စာဖတ်ခန်းထဲဝင်ပြီး monsterနဲ့ပတ်သတ်တာတွေရှာပေမဲ့ဘာတစ်ခုမှမထွက်လာ...ညကအခြေအနေနဲ့ဘာမှမစားထားတဲ့အခြေအနေကြောင့် မူးဝေပြီးခုံပေါ်ကစာအုပ်ပုံနဲ့ဝင်တိုက်မိပြီး ယိုင်လဲသွားသည်..
ခဏမျှငြိမ်သက်နေပြီး မျက်လုံးရှေ့က စာရွက်ခေါက်လေးအားဆွဲယူမိလိုက်သည်...
အနောက်ဖက်ဥယာဥ်ရဲ့မြေပုံ...
ရှောင်ကျန့်ငယ်ငယ်ကဥယာဥ်ထဲကအပန်းဖြေအိမ်မှာနေ့ခဲ့ဘူးတာသတိရမိလာသည်...
ရှောင်ကျန့်ထွက်ပြေားရန်သာဆုံးဖြတ်လိုက်မိသည်..
သူသာအဲ့မှာနေမယ်ဆိုရင် monsterရဲ့ကြင်ယာတော် ဖြစ်လာမှာမဟုတ်သလို ပါးလည်းအသက်မသေတော့ဘူး...
ဒါအကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့တယ်
အခန်းထဲပြန်ပြီး လွယ်အိတ်ထဲကိုအင်္ကျီ၄စုံလောက်နဲ့ဓာတ်မီးရယ်၊ရေဘူး၊ဆေးသေတ္တာ၊မုန့်အချို့ကိုထည့်လိုက်သည်..
မိသားစုဓာတ်ပုံလေးပါထည်လိုက်သေးသည်..
ဗီဒိုထဲမှလောင်ကုတ်အရှည်အနီရောင်ကိုဝတ်ဆင်လိုက်သည်...
မိဘတွေအတွက်စာလေးတစ်စောင်ရေးပြီး ခုံပေါ်တင်ထားခဲ့သည်...သူခုထွက်သွားမှဖြစ်မှာ....
"၂နှစ်ပါပဲ...မားနဲ့ပါး...ပြီးရင်သားပြန်လာခဲ့ပါ့မယ်...ပါးနဲ့မားကျန်းမာရေးဂရုစိုက်နော် ချစ်တယ်ပါးနဲ့မား.."
နံရံပေါ်ကစိန်တွေစီထားတဲ့ပုံတူပန်ချိီကားကိုကြည့်ပြီးမျက်ရည်တွေဝဲတက်လာခဲ့သည်..
သူအပြင်လောကကြီးနဲ့မထိတွေတာ၁၀နှစ်ပင်ပြည့်တော့မည်မဟုတ်ပါလား....
ကြောက်ပေမဲ့ပါးအတွက်သူလုပ်ချင်သည်..
မားဝယ်ပေးတဲ့ ဆေးရောင်နဲ့ပန်းချီစာရွက်ကိုဘူးထဲထည့်ပြီး ပြတင်းပေါက်မှကြိုးနဲ့ဆင်းလာခဲ့သည်...
သူနေတဲ့အခန်းကအနောက်ဘက်ဥယာဥ်နဲ့နီးလို့ဘယ်သူမှသိလိုက်မည်မဟုတ်...
ည၆နာရီရှိနေပြီဖြစ်၍အိမ်ကသိသွားရင်မိနိုင်သေးတဲ့အကွာအဝေးမို့သူပြေးသွားလိုက်သည်..
ညကမှောင်လာပြီ...သူမူးဝေပြီးအသက်ရှုမဝဖြစ်လာခဲ့သည်... ဓာတ်မီးအိမ်လေးထွန်ပြီး..သစ်တောထဲဝင်ရောက်လာပေမဲ့ခုထိသူနေခဲ့တဲ့အပန်းဖြေအိမ်ကိုတော့မရောက်နိုငိသေး...
သူမောဟိုက်လာသည်...ပင်ပန်းလွန်းလို အကူအညီအော်တောင်းမိသည်အထိ...
"ကူညီကြပါအုံး....တစ်ယောက်ယောက်မရှိဘူးလား...ကူညီကြပါ"
သူခြေလမ်းတွေကိုရပ်တန့်လိုက်ပြီး သူရှေ့မှာမြင်နေရတဲ့ လူတစ်ယောက်ကို အမှောင်ထုကိုဖြတ်ပြီးလှမ်းကြည့်မိသည်....သဲသဲကွဲကွဲတော့မမြင်ရ...
"ကူညီပါအုံး...."
စကားအဆုံးလဲကျလာတဲ့ကိုယ်လုံးလေးကို လျင်မြန်တဲ့အရှိန်နဲ့ပွေ့ဖမ်းထားလိုက်မိသည်...
ရင်ခွင်ထဲမှာမေ့မြောနေတဲ့ကောင်လေးရဲ့အလှကြောင့်ခဏမျှသာငြိမ်သက်ကြည်မိသည်အထိ..
"လှလိုက်တာ မိန်းကလေးလဲမဟုတ်ပဲ"
ပွေ့ချီလိုက်ပြီး လုံခြုံတဲ့နေရာကိုခေါ်ယူသွားခဲ့သည်...
ဒီအချိန်မှာရှောင်ကျန့်သိလိုက်မည်မဟုတ်...
သူကိုကယ်လိုက်တဲ့လူကသူဘဝရဲ့ပိုင်ရှင်ဆိုတာကို..
YOU ARE READING
The monster's consort (completed)
Fantasyစိတ်ကူးရင်ficလေးပါ #yizhan fanလေးမို့ ခင်ပေးကြပါအုံးရှင့်💚❤ fantasy ficဖြစ်လို့ အမှန်တကယ်အဖြစ်အပျက် လက်တွေမရှိတဲ့နေရာတွေပဲပါမှာပါရှင့်။စိတ်ဝင်စားရင်ဖတ်ပေးကြပါနော်။