ရှောင်ကျန့်ဘေးမှာအိပ်ပျော်နေတဲ့ ရိပေါ်ကိုငေးကြည့်နေမိသည်..
ခုဆိုရိပေါ်က ကျွန်တော့်အပိုင်...monsterလက်ကလွတ်လောက်ပြီလို့ထင်ပါတယ်...အသက်၂၀ပြည့်ပြီးသွားရင်ရိပေါ်ကိုခေါ်ပြီးမားနဲ့ပါးဆီပြန်သွားရမယ်...အတွေးတွေနဲ့ပျော်မြူးနေမိသည်...
ရိပေါ်စားဖို့ ခြံထဲက သစ်တော်သီးတွေခူးပြီး လှီးထားလိုက်သည်...အိပ်နေတဲ့ ပေါ်တိလေးကိုနိုးဖို့အိပ်ယာထဲပြန်ရောက်လာပြန်သည်..
"ပေါ်တိလေး...ထတော့လေ နောက်ကျနေပြီ..."
"အွန့်...ကျန်ကော...နိုးတာကြာနေပြီလား"
"အွန်း....တိတိအတွက် သစ်တော်သီးတွေလှီးထားတယ်...မျက်နှာသစ်တော့...ထ....တူတူစားရအောင်"ရိပေါ်မျက်နှာသန့်စင်ပြီး ရှောင်ကျန့်ရှိရာလသာဆောင်နားရောက်လာသည်..
"ကျန့်ကော...အထဲမှာမထိုင်ဘူးကော.."
"ဒီမှာအဆင်ပြေပါတယ်...ဘာလို့လဲ မင်းအေးလို့လား"
"မဟုတ်ပါဘူး...ကျန့်ကောက...ညက...အဆင်မပြေမှာဆိုးလို့"
ရိပေါ်အပြောကြောင့်ရှောင်ကျန့်မျက်နှာလေးစတော်ဘယ်ရီသီးလေးလိုဖြစ်နေသည်.."ရိပေါ်...မင်းနော်...ဆက်မပြောနဲ့"
ရှက်ရှက်နဲ့ပြန်ပြောလိုက်ခြင်း...ရှောင်ကျန့်သစ်တော်သီးတစ်စိတ်ကိုကိုက်နေရင်း
"ကျန့်ကော..."
"အွန်ံ..."
ကျန်နေတဲ့သစ်တော်သီးတစ်ဖက်ကိုလှမ်းကိုက်လာတဲ့ရီပေါ်ကြောင့်...မျက်လုံးလေးကပြူးခနဲ...
"ကျန့်ကော...နမ်းချင်လို့..."
တောင်းဆိုနေတဲ့အကြည့်တွေတဲ့ ချွဲနွဲ့နွဲ့မျက်နှာလေးက cool guy လေးလိုနေနေပေပဲ့ချစ်စရာကောင်းတာတော့အမှန်...မျက်လုံးလေးကိုအသာမှိတ်ပေးလိုက်တော့..
နူးနူးညံ့ညံ့စုပယူနမ်းလာသည်..
နှုတ်ခမ်းတစ်စုံကိုစိတ်အလိုအရနမ်းခြိုက်နေရင်
"ကျန့်ကော...ပါးစပ်ဟ"
အသာဟပေးလိုက်တော့ လျှာဖျားလေးအားစုပ်ယူလာသည်...ရိပေါ်ရဲ့အထိအတွေ့တွေကရူးလောက်စရာ...
နက်ရှိုင်တဲ့အနမ်းတွေကိုနမ်းရှိုက်ပြီး
သူရဲ့ချစ်ခြင်းတွေကို အနမ်းတွေနဲ့သက်သေပြနေသလို...
သူနမ်းလို့ဝသွားမှအသာဖယ်ပေးကာ
"သစ်တော်သီးထက် ကျန့်ကောနှုတ်ခမ်းကပိုချိုတယ်.."
YOU ARE READING
The monster's consort (completed)
Fantasyစိတ်ကူးရင်ficလေးပါ #yizhan fanလေးမို့ ခင်ပေးကြပါအုံးရှင့်💚❤ fantasy ficဖြစ်လို့ အမှန်တကယ်အဖြစ်အပျက် လက်တွေမရှိတဲ့နေရာတွေပဲပါမှာပါရှင့်။စိတ်ဝင်စားရင်ဖတ်ပေးကြပါနော်။