Part-6

838 38 2
                                    

"သမီးတာဝန်ကျေပါစေနော်..."

"ဟုတ်ကဲ့...ပါးပါးဖြစ်စေချင်တဲ့အတိုင်းပါပဲ..."

"ကျန်တာလုပ်စရာမလိုဘူး...လည်ပင်းက ဆဲဲကိုးလေးကိုဆွဲခွတ်လိုက်ရင် သူ့သရုပ်မှန်ကပေါ်လာလိမ့်မယ်..."

"ပါး...ကောကိုတော့ မထိခိုက်လောက်ဘူးမလားဟင်...ကောကို...ကောမနာကျင်လောက်ဘူးမလားဟင်"

"ဘာကိစ္စနာကျင်ရမှာလဲ...ငါတို့မျိုးဆက်အတွက်သူလုပ်မှရမယ်...ကြောက်လို့လား..."

"မဟုတ်ပါဘူး....ကောမထိခိုက်ရင်ရပါပြီ...ပါး"

မှောင်ဆန်တဲ့တောင်စောင်းထဲက ထွက်ပြီး...တောအုပ်ထဲကိုတစ်ယောက်ထဲဆင်းလာသူက
အာရီယာသာ....

"ကောကိုတွေ့ရတော့မယ်...ဘယ်လိုပုံစံများဖြစ်နေမလဲနော်....ပါးကိုကြောက်လို့သာလိမ်ခဲ့ရတာ...ကောကိုအဲ့လိုအဖြစ်မခံနိုင်ဘူး...လူအဖြစ်ရောက်အောင်ကိုလုပ်ပေးလိုက်မှာ..."

"နင်အဲ့လိုလုပ်မယ်မှန်းငါသိသားပဲ...အာရီယာ"

"ဇိုင်လီယာ...နင်...မှော်နန်းတော်ထဲအကျဥ်းကျနေတာမဟုတ်ဘူးလား...ဘာလို့ငါ့နောက်လိုက်လာတာလဲ"

"နင်စီစဥ်အတိုင်း...ဖြစ်မယ်ထင်နေလား.."

"ငါတက်နိုင်သလောက်လုပ်ပေးမှာပဲ...နင်ပြန်လိုက်တော့...ရန်မဖြစ်ချင်ဘူး"

"အာရီယာ...နင်ကောဆိုတဲ့လူကိုပိုင်ဆိုင်ဖို့ကံကငါ့မှာလည်းပါတယ်နော်.....လူတွေကဘာလုပ်မှာလဲ..အားနွဲ့ဆုံးသတ္တဝါတွေ...ငါလို့မြေမျက်ပြင်ကိုထိန်ချုပ်နိုင်တဲ့သူနဲ့ယှဥ်လိုရမလား"

စကားမဆုံးခင်ပဲ လှုပ်ခါလာတဲ့မြေပြင်ကြီး....

"ဇိုင်လီယာ... ရပ်လိုက်စမ်း....အစ်မကိုတောင်လုပ်ရဲနေပြီပေါ့.."

"ဘာအစ်မလဲ...သွေးကတစ်ဝတ်လေးပဲရောတာ...သိပ်မိသားစုလာဆန်မနေနဲ့..."

မြေခဲတွေနဲ့စတင်တိုက်ခိုက်လာတဲ့ ဇိုင်လီယာ ကြောင့်

သစ်ပင်တွေရဲ့အရှင်သခင်ဖြစ်တဲ့ အာရီယာ အလစ်တိုက်ခံလိုက်ရသည်...

မထင်မှတ်ပဲဦးခေါင်းကိုထိခိုက်မိလိုက်သဖြင့် ေအတော်လေးမူးနောက်သွားသည်...

The monster's consort (completed) Where stories live. Discover now