part-2❤

1.4K 57 0
                                    


ည၆နာရီအချိန်မှာ ပျင်းစပြုလာ၍ သစ်တောထဲလျှောက်လည်ရန် ရိပေါ်ဆုံးဖြတ်ခဲ့တယ်..

တစ်ခါမှမကြာဖူးတဲ့ချိုမြမြအသံလေးကနားထဲကိုရောက်လာတယ်...
"ကူညီကြပါ..."
အသံရှိရာဆက်လျှောက်သွားရင်း ဓာတ်မီးအိမ်လေးကိုင်ပြီး လောင်းကုတ်အနီရောင်ဝတ်ထားတဲ့သူ့အရွယ်ကောင်လေးတစ်ယောက်...

ဘာကြောင့်မှန်းတော့မသိ... အဝေးကနေရင်တောင်သူ့ဆီကချိုမြမြရနံ့လေးကနာဖျားလေးကိုရစ်ပတ်လာသလို...
ရုတ်တရက်ထိုင်ကျသွားတဲ့ကိုယ်လုံးလေးကြောင့် အလျင်အမြန်ပဲ ပြေးထိန်းပြီးပွေ့ထားမိလိုက်သည်။

လှသည်..လှသည်ထက် နူးညံ့မှုတွေက သူတစ်ကိုယ်လုံးကိုထုံကျင်သွားစေသည်အထိ..
"လှလိုက်တာ...မိန်းကလေးလဲမဟုတ်ဘဲ.."
သူမချီပြီးသူနေထိုင်ရာကိုသာခေါ်သွားလိုက်သည်..
မျက်နှာတွေကပင်ပန်းမှုကြောင့် ညှိုးကျနေသလို...
ရေပတ်လေးနဲ့သန့်စင်ပေးပြီး ကုတင်ပေါ်ပြောင်းရွေ့ပေးလိုက်သည်...

"ဘာကိစ္စလူမလာတော့တဲ့သစ်တောထဲကိုရောက်လာပါလိမ့်"
မျက်နှာပေါ်ကျနေတဲ့ဆံနွယ်လေးကိုပင့်တင်ပေးတော့
ကိုယ်လုံးလေးက လှုပ်လာခဲ့သည်...
"မား...သားခြေထောက်တွေသိပ်ညောင်းတာပဲ..."
ယောင်ပြီးအမေဖြစ်သူကိုသတိနေဟန်...
ခြေထောက်က ခြေစွပ်လေးကိုချွတ်ကြည့်လိုက်တော့
ခြေချောင်းလေးတွေမှာပေါက်နေပြီးသွေးခြေအုလေးတွေထနေသည်...

"ဘယ်လောက်တောင်ပြေးထားလို့..သွေးတွေတောင်ထွက်နေရတာလဲ"
အကြောင်းမရှိနာကျင်မှုတွေကိုသက်သာစေချင်တဲ့နေတဲ့သူစိတ်တောင်သူကိုယ်တိုင်နားမလည်တော့..
သူအဲ့လိုသာလုပ်ပေးလိုက်ရင် အချိန်မကြာပဲပျောက်သွားနိုင်တာကို...
ခဏခဏထယောင်နေတဲ့ကောင်လေးကြောင့် သူလုပ်ပေးရန်ဆုံးဖြတ်လိုက်သည်..
ဖြူဖွေးနေတဲ့နဖူးလေးအား ဖွဖွလေးအနမ်းပေးလိုက်သည်...မကြာပါဘူး...​ရွှေဝါရောင်လိပ်ပြာလေးတွေက..နာကျင်နေတဲ့နေရာတိုင်းကိုကပ်နားရင်း...သွေးစို့နေတဲ့နေရာလေးတွေဟာချက်ချင်းပဲပျောက်ကင်းသွားသည်..

အေးအေးဆေးဆေးအိပ်ပျော်သွားတဲ့ကောင်လေးကိုစောင်ပါးလေးလွှားပေးပြီး ရိပေါ်ကတော့ဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားခဲ့သည်...
မနက်မိုးလင်းချိန်သူဆံပင်တွေအားထိတွေ့နေတဲ့လက်တစ်စုံကြောင့်လန့်ပြီးလက်အားဆဲဲပီးအုပ်မိုးလိုက်မိသည်...

အရောင်တောက်နေတဲ့မျက်လုံတွေနဲ့ကြည့်လာပြီး
"ဝါးး...မျက်လုံးအရောင်လေးကလှလိုက်တာ..ကောင်းကင်ကြီးလိုပဲ"
သူအပြောကြောင့်အံသြမိလိုက်သည်..
ဒီအရွယ်ရောက်လာပြီ..မျက်လုံးအရောင်ကြောင့်သိမ်ငယ်ဖူးသည်..
သူကတော့ကြည့်ကောင်းတယ်တဲ့...ဘာမဟုတ်တဲ့စကားက သူနှလုံးသားကိုတုန်လှုပ်စေလိုက်သလို
ဘေးဖယ်ပြီး ဆိုဖာပေါ်ထိုင်လိုက်တာနဲ့သူ့ကိုကြည့်ပြီး
"မနေ့ညက ကူညီပေးခဲ့တာကျေးဇူးပါဘဲနော်..
မင်းနာမည်ဘယ်လိုခေါ်လဲ"

The monster's consort (completed) Where stories live. Discover now