"မား...သားလူပြန်ဖြစ်လာမှာသေချာလို့လားဟင်""စောင့်ကြည့်ရမှာပေါ့သားရယ်...ခုမားပေးထားတဲ့ဆွဲကြိုးလေးကိုသာထပ်မချွတ်မိစေနဲ့...သားပြန်နေနိုင်မှာပါ...ထူးခြားတဲ့လူသားအဖြစ်..."
"ထူးခြားတဲ့လူသား...ဘယ်လိုလဲဟင်...."
"သား...လူသားတွေကအားနည်းတယ်လို့ထင်နေတာ
လား...မဟုတ်ဘူး....သူတို့ဆီမှာရှိနေတဲ့အစွမ်းအစ
တွေကိုထုတ်သုံးရလောက်အောင်ထိ သူတို့နဲ့ကံပါတဲ့
လူတွေနဲ့မတွေ့ခဲ့ကြသေးလို့ပဲ..."
"ပါးရဲ့ညီကလူတွေကိုတအားအထင်သေးလွန်းနေတာပဲ..."
"အင်း...မားကိုတောင်အရူးလုပ်နိုင်တဲ့သူပဲ...မားသိသိချင်းထွက်ပြေးခဲ့လို့သာပေါ့...ငါ့သားလေးကသဘောထားပြည့်ဝတဲ့သူလေးပဲကို"
"မား...ရီယာက ပြန်မကောင်းနိုင်တော့ဘူးလားဟင်"
"စုန်းဖြူမတွေရဲ့အနာဂတ်မဲ့ဖန်ပုလင်းကိုသုံးလိုက်ရင်ဒီလိုဖြစ်လာမှာတော့အမှန်ဆိုပေမဲ့...သူရဲ့ဖူးစာဖက်နဲ့တွေ့ရင်တော့ပြန်ပြီးအသက်ဝင်လာနိုင်မှာ..."
"ညီမလေးပြန်နိုးလာရင်ကောင်းမှာပဲ....ယုန်လေးတွေကိုဂရုစိုက်ပေးဖို့ သူကအရမ်းစိတ်အားထက်သန်နေခဲ့တာ...သူမကြိုက်တဲ့မုန်လာဥတွေကိုတောင်စိုက်ပေးတဲ့အထိ...စိတ်ထားကောင်းတဲ့သူလေးမို့"
"အချိန်ကကုစားသွားပါလိမ့်မယ်သားရယ်....အချိန်တန်ရင်မဖြစ်ပါနဲ့တားရင်တောင်ဖြစ်ကိုဖြစ်လာမှာမို့..."
"မား...monsterတွေမရှိတော့တာကိုလူတွေသိနိုင်လောက်လားဟင်"
"သိတဲ့လူတွေသိကြမှာပါ...တစ်ချို့လူတွေကသိနိုင်ကြတယ်လေ"
"ကျန့်ကော...ခုအဆင်ပြေမယ်လို့ထင်တယ်...သားသူ့ကိုသတိရတယ်မားရယ်"
"သားသတိရနေသလိုသူလည်းသားကိုသတိရနေမှာပါ...အဆင်ပြေပြေတွေ့ဆုံရဖို့သားစိတ်ရှည်ရမယ်နော်"
"သားသိပါတယ်မား..."
"ရိပေါ်...မင်းမျက်လုံးအရောင်တွေအပြာရောင်ပြန်ဖြစ်နေတာသိပြီလား"
YOU ARE READING
The monster's consort (completed)
Fantasyစိတ်ကူးရင်ficလေးပါ #yizhan fanလေးမို့ ခင်ပေးကြပါအုံးရှင့်💚❤ fantasy ficဖြစ်လို့ အမှန်တကယ်အဖြစ်အပျက် လက်တွေမရှိတဲ့နေရာတွေပဲပါမှာပါရှင့်။စိတ်ဝင်စားရင်ဖတ်ပေးကြပါနော်။