part-8

604 32 2
                                    

"ရိပေါ်..."

"ဖယ်စမ်း...."

ပုခုံးကိုလာထိသူကိုတွန်းဖယ်လိုက်သည်...

ကိုယ်တိုင်ဘာတွေပြောင်းလဲသွားသည်ကိုမသိတော့...

မိုးစက်တွေတစ်ဖျောက်ဖျောက်ရွာကျလာသည်...

သူ့ရှေ့ကရေကွက်ဆီကမြင်နေရတဲ့သူပုံစံက
မျက်လုံးအရောင်တွေကအနီရောင်ပြောင်းနေပြီး
ဆံပင်တွေကအဖြူရောင်ပြောင်းလဲနေသည်...

တွန်းဖယ်လိုက်တာဘယ်သူဘယ်ဝါမှန်မသိ...

အသိစိတ်တွေကရောထွေးနေပြီးမြင်ရသမျှကဝေဝေ ဝါးဝါး...

မတ်တပ်ထရပ်ပြီးနောက်ကိုလှည့်ကြည့်မိတော့
မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းတစ်စုံ...
တစ်ကိုယ်လုံးတုန်ရီနေပြီးကြောက်ရွံ့နေတဲ့ပုံစံ...

Monsterတွေရဲ့ဗီဇအရသူတို့ရဲ့ကြင်ယာတော်တွေရဲ့အနံ့ကိုအလိုအလျောက်သိနိုင်ပြီသည်...

မျက်ရည်တွေဝေ့တက်နေတဲ့သူဆီကအနံ့ကိုလုံလုံလောက်လောက်ရရှိလိုက်တဲ့နောက်ထပ်တူချရမဲ့အမှတ်ရှိတဲ့နေရာကိုသူတို့ရဲ့စွမ်းအားတွေနဲ့ရှာဖွေတက်ကြသည်...

"အားး...နာတယ်...!!"

ရှောင်းကျန့်ရဲ့ခါးပေါ်ကအမှတ်ကရုတ်တရက်အလင်းတွေထွက်ပေါ်လာပြီးစူးအောင့်လာခဲ့သည်...

"ရှာတွေ့ပြီ...!!"

အနားကိုတိုးလာလေရှောင်းကျန့်အမှတ်ရှိနေရာကစူးပြီးအောင့်လာလေဖြစ်ပြီးအနီရောင်အပင်မြစ်တွေလိုရှည်ပြီးထွက်လာသည်...

"အားးးနာတယ်!!!..ဟင့်...!!"

ရိပေါ်တိုးလာလေရိပေါ်ဆီကလည်းရှောင်းကျန့်ကဲ့သို့အနီရောင်အမြစ်တွေလည်းထွက်ပေါ်လာသည်...

သူကတော့နာကျင်မှုမရှိသလို...
အသိစိတ်မရှိတဲ့လူတစ်ယောက်လို...

မရှိတဲ့သတ္တိလေးကိုစုပြီးအသိစိတ်မရှိတဲ့လူကိုအော်ခေါ်မိလိုက်သည်...

"ဝမ်ရိပေါ်!!!...မင်းကတိတွေကိုမေ့ပြီလား"

ခေါ်သံကသူနှလုံးသားတစ်လုံးကိုကိုင်လှုပ်လိုက်သလိုဖြစ်သွားပြီး...ခြေလှမ်းတွေကခဏတာမျှရပ်တန့်သွားရသည်...

The monster's consort (completed) Where stories live. Discover now