part-7

659 29 5
                                    


           "ကျန့်ကော ယုန်ပေါက်လေးကိုနာမည်မပေးဘူးလား"

"အာရီယာ ဘယ်လိုလဲ ပေးချင်လားနာမည်"

"အွန်...ရှောင်းကျန့်ကော...ယုန်ပေါက်လေးလို့ပဲခေါ်ချင်တယ်...ရှောင်းကျန့်ကောနဲ့တူလို့..ဟီးဟီး.."

"အရှုတ်ထုပ်မ...ငါ့ကောင်လေးကို ယုန်ပေါက်နဲ့နှိုင်းနေတာလား"

"ဘာလဲ...မတူလို့လား..."

"ဘယ်လိုပြောပါလိမ့်...တူတာပေါ့...စတွေ့ထဲကယုန်လေးလို့ထင်ခဲ့တာ"

"အဟွန်း...အဟွန်း...ရှေ့မှာရီယာရှိသေးတယ် သိပ်ပြီးချိုပြမနေနဲ့..."

"တော်ပြီ... ရီယာရေသွားချိုးတော့လေ...ရိပေါ်လာခဲ့ညစာချက်ရမယ်..."

"ရှောင်းကျန့်ကော...ရှက်သွားပြီ...ဟား..ဟား.."

"အရှုတ်မ...စမနေနဲ့တော့...သွားရေချိုးတော့"
"ဟီး...ဟုတ်ပါပြီ...ရိပေါ်ကော"

*************************************

              ရှောင်းသခင်ကြီးကိုယ်တိုင်အနောက်ဘက်ဥယာဥ်ထဲသွားရောက်ရန်ပြင်ဆင်နေသည်။

"ယောကျာ်း သားကိုးအတင်တော့ဆွဲမခေါ်လာနဲ့နော်..."

"အေးပါ...သူသာအဆင်ပြေပြေရှိနေတယ်ဆိုရင် ထားခဲ့မှာပါ...စိတ်မပူပါနဲ့... ညနေဘက်ပြန်လာခဲ့မယ်"

"ဂရုစိုက်နော်...ယောကျာ်း"
အပြုံးလေးနဲ့နှုတ်ဆက်သွားတဲ့ယောကျာ်းဖြစ်သူကအေးဆေးတည်ငြိမ်နေပေမဲ့ ရှောင်းသခင်မကြီးတော့
စိတ်ပူမိနေသည်...

အနောက်ဘက်ဥယာဥ်ထဲကိုရှောင်းသခင်ကြီးအပါဝင်လူလေးယောက်ဝင်ရောက်လာခဲ့သည်...

ကျန်းချန်ပါ ပါလာခဲ့သည်...
ရှောင်းကျန့်ကိုအသက်၁၀နောက်ပိုင်ကစပြီးမမြင်ဘူးတော့ပေမဲ့လည်း ငယ်"ကသိပ်ခင်ခဲ့ကြသူတွေမို့ တွေ့ချင်သည်...ရှောင်းကျန့်အကြောင်းစသိတုန်းကထိန့်လန့်ခဲ့မိပေမဲ့ သူ့ကံပဲမို့လက်ခံပေးချင်မိသည်..

သူမကယ်နိုင်ပေမဲ့ တက်နိုင်သလောက်တော့ကူညီပေးချင်မိသည်...

နောက်နှစ်ယောက်ကတော့ရှောင်းအိမ်တော်ရဲ့အစောင့်တွေ

ရှောင်းသခင်ကြီးလည်းလွန်ခဲ့တဲ့၁၀ထဲကမရောက်ဖြစ်တာမို့...နည်းနည်းတော့တုန်လှုပ်မိသည်...

The monster's consort (completed) Where stories live. Discover now