"ကျန့်ကျန့်ပျောက်နေတာတစ်လရှိသွားပြီ..ယောကျာ်းရယ်....ရှာလို့လည်းမတွေ့ဘူး...မဟုတ်မှ...သားလေး....ဟင့်..."
အိပ်ယာထဲလဲနေတဲ့ရှောင်းသခင်မကြီးကရှောင်းသခင်ကြီးကိုစိုးရိမ်တကြီးပြောလာသည်။"စိတ်ထိန်းပါအုံး...အိမ်တော်ကလူတွေလည်းလိုက်ရှာနေကြပါတယ်...အနောက်ဘက်ဥယာဥ်ထဲလည်းရှာနေတာမို့...မကြာခင်ပြန်တွေ့မှာပါ..မိန်းမရယ်..."
လက်ကလေးကို ဆုပ်ကိုင်ပြီးအားတင်းဖို့ပြောလာတဲ့ရှောင်သခင်ကြီးလည်းသားဖြစ်သူကိုစိုးရိမ်နေမိတာအမှန်..
အစီအရင်လုပ်မဲ့နေ့မှာ စာတစ်စောင်ထားပြီးထွက်သွားတဲ့သားလေးအား စိတ်ဆိုးချင်ပေမဲ့မဆိုးရက်ပြန်..အဖေတစ်ယောက်လုံးအသက်ကိုယူပြီးဘယ်သူကများအသက်ရှင် ချင်မှာလဲ... သူကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်မိသည်...
Masterကဆုံးသွားပြီး masterရဲ့ညီမဖြစ်သူက ရှာကြည့်ပေမဲ့...အကာအကွယ်ရှိနေတဲ့နေရာမို့လား..
စွမ်းအားက masterထက်ပဲကြီးလွန်းနေလို့လားဝေခွဲမရဘဲ...ပုံရိပ်ယောင်အနေနဲ့သာတွေ့ရသည်...
နေရာကိုအတိအကျပင်မသိရ..."သားကိုပါးရအောင်ရှာပြီးကာကွယ်ပေးပါမယ်...အားကျန့်...လုံခြုံတဲ့နေရာမှာပဲရှိနေပေးပါကွယ်"
**************************************
ရှောင်ကျန့်တစ်ယောက်အိမ်ထဲမှာနေရသည်ကပျင်းလာပုံရသည်...
သူအပြင်လောကကြီးကိုလေ့လာချင်သည်..
တောင်ပေါ်တွေ၊ရေတံခွန်တွေ၊ ပင်လယ်ဆိုတဲ့အရာတွေကိုပိုသိချင်မိသည်...စာတွေ့ပဲရှိတဲ့သူ့အတွက်က အတွေးနဲ့တင်ရင်ခုန်ဖို့ကောင်းနေသည်..ရိပေါ်ကိုပူဆာလိုက်ရင် ခဏလေးနဲ့လိုက်ပို့မယ်ဆိုတာသူသိသည်...
စာတွေသင်ပြီး အထက်တန်းအရွယ်ဖတ်စာတွေအထိသူဖတ်နေပြီဖြစ်သည်၊ ပါးက စာဖတ်ရတာကြိုက်သူဆိုတော့ အိမ်တော်ရဲ့စာဖတ်ခန်းထဲမှာစာအုပ်တွေက
တောင်ပုံရာပုံ...
မလာတာကြာနေပေမဲ့ရိပေါ်ကထိန်းသိမ်းထားသလို..
ရိပေါ်ကပြောတယ်...စာအုပ်တွေထဲက စာလုံးလေးတွေကိုသဘောကျလို့... သိမ်းထားမိတာတဲ့...တစ်နေ့ဖတ်တက်အောင်လုပ်မယ်ဆိုပြီး...
YOU ARE READING
The monster's consort (completed)
Fantasyစိတ်ကူးရင်ficလေးပါ #yizhan fanလေးမို့ ခင်ပေးကြပါအုံးရှင့်💚❤ fantasy ficဖြစ်လို့ အမှန်တကယ်အဖြစ်အပျက် လက်တွေမရှိတဲ့နေရာတွေပဲပါမှာပါရှင့်။စိတ်ဝင်စားရင်ဖတ်ပေးကြပါနော်။