ရက်တွေလတွေသာကြာလာတယ်...
ချစ်ရသူကတော့ပေါ်မလာခဲ့ပါ......
ဘယ်လောက်ပဲမျော်မျော်....
သူဘယ်ရောက်နေလဲမသိဘူး...
သူဘယ်မှာရှိနေလဲ...
ဘာတွေလုပ်နေလဲ....ချစ်ရသူမြတ်နိုးတဲ့ဆံနွယ်တွေလည်းပြန်ရှည်လာခဲ့ပြီ
"ကျန့်ကော....ဆံပင်ရှည်တွေနဲ့လိုက်တယ်"
"ငါ့မှအရှည်ထားရတာမကြိုက်တာ..."
"ကျန့်ကောရဲဲ့အရာအားလုံးကိုကျွန်တော်မြတ်နိုးတယ်""ဟားး...ဟားးး...ယားတယ်!...မနမ်းနဲ့တော့..."
"ကျန့်ကော..."
"တကယ်လို့...ကျွန်တော်တို့သာအကြောင်းတစ်ခုခုကြောင့်ဝေးနေရရင်လေကျွန်တော်ကိုမမေ့တဲ့အနေနဲ့ဆံပင်တွေကိုအရှည်ထားပေးရမယ်""ငါတို့ဝေးမယ်ဆိုတာရှိပါ့မလား...ပေါ်တိရ"
"ဟားး...ဟားးး...ဟုတ်ပါပြီ...မဝေးရပါဘူးနော်...စတာ..."
မနေ့တစ်နေ့ကလိုပဲ...
သူနဲ့ရှိနေခဲ့တဲ့အချိန်တွေက...
၅လနီးပါးသူသတင်းအစအနတောင်မကြားခဲ့ရဘူး....အမှတ်မထင်များတွေမလား...
အနောက်ဘက်ဥယာဥ်ထဲပဲပြန်သွားရတော့မလား...
ဝေခွဲရခက်၊ဖြေရှင်းရခက်တဲ့ပုစ္ဆာလိုပဲ..."ရှောင်းကျန့်..."
"ကျန်းချန်"
"လေတွေတိုက်နေတယ်လေ...ပြတင်းပေါက်နားမှာပဲမနေပါနဲ့"
"ခုမှထိုင်နေတာပါ..."
"မင်းဆွဲတဲ့ပုံတွေဝယ်ချင်သေးလို့...ရောင်းအုံး"
"မင်းဆိုင်မှာငါ့ပန်းချီတွေကိုလှချိတ်တာရောဟုတ်လို့လား...ပြန်ရောင်းစားနေတာလား..."
"ဟာ..မဟုတ်ပါဘူးကွာ...မင်းပုံတွေကအသက်ဝင်တော့ကြိုက်လို့ပါကွ..."
"ဟီး..ဟီး..ဟုတ်ပါပြီ"
စကားပြောရင်ပန်းချီဆွဲတဲ့ခုံဆီထသွားသူရှောင်းကျန့်နောက်ကိုထလိုက်မိသည်...
"မင်းသူ့ပုံတွေဆွဲနေတုန်းလား"
"အွန်း...ငါ့အတွက်အကြိုက်ဆုံးပန်းချီကရိပေါ်ရဲ့ပုံတွေပဲ"
"မင်းဆံပင်အရှည်လွန်နေပြီ...မညှပ်တော့ဘူးလား..."
"ဟင့်အင်း...ရိပေါ်ကိုမမေ့တဲ့အနေနဲ့သူမြတ်နိုးတဲ့ဆံပင်ရှည်ကိုငါညှပ်မှာမဟုတ်ဘူး"
YOU ARE READING
The monster's consort (completed)
Fantasyစိတ်ကူးရင်ficလေးပါ #yizhan fanလေးမို့ ခင်ပေးကြပါအုံးရှင့်💚❤ fantasy ficဖြစ်လို့ အမှန်တကယ်အဖြစ်အပျက် လက်တွေမရှိတဲ့နေရာတွေပဲပါမှာပါရှင့်။စိတ်ဝင်စားရင်ဖတ်ပေးကြပါနော်။