Part.9

379 18 0
                                    


မောင်မင်းကြီးသား သက်ပိုင်ရဲ့ ကျေးဇူးနဲ့ မွေးနေ့ပွဲကအပြန်မှာ အနီ့ကို သက်ပိုင်ရဲ့ကားလေးနဲ့ သူလိုက်ပို့ဖို့ အခွင့်အရေးရခဲ့တယ်...
သက်ပိုင်က သူ့ဆိုင်ကယ်နဲ့ ပြန်သွားခဲ့ပီး ကားသော့ကို သူ့လက်အပ်သွားခဲ့တယ်....

ကျေးဇူးမသိတတ်တာကတော့ သူ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းမနှစ်ယောက်ပါလေ
အနီ့ကို ပြန်ပို့မဲ့ ကားထဲမှာ အနောက်ခန်းကနေထိုင်လိုက်လာပီး သူ့ကို အနီနဲ့စကားပြောခွင့်မပေးပဲ သူမတို့ နှစ်ယောက်က မမနီ မမနီနဲ့ တနီထဲနီပီး ရေပတ်မဝင်အောင် စကားတွေ တောက်ရှောက်များနေတာမို့... သူလည်း
အလိုက်ကန်းဆိုးမသိတဲ့ သူငယ်ချင်းမနှစ်ယောက်ကို စိတ်ကူးနဲ့ နရင်းတွေ အုပ်နေတာ အကြိမ်မနည်းတော့....

(မိစု)....မမနီ ....မမနီလေ ဒီလောက်လှတာ
ကျောင်းတုန်းက Queen ဖြစ်ခဲ့မယ်ထင်တယ်...

(အနီ)....အေးကွယ် တစ်နှစ်တော့ သူငယ်ချင်းတွေ ဇွတ်အတင်းလုပ်လို့ ဝင်အရွေးခံဖြစ်ပေမယ့်... နောက်နှစ်တွေကျ စိတ်ရူပ်လို့ အရွေးမခံတော့ဘူး...

(မိစု)....ဟုတ်လား အဲ့တာဆို မမနီလည်း မိုးZ နဲ့ အတူတူပဲ မိုးZ လည်း ကျောင်းမှာ Queen ရွေးတိုင်း သူဝင်အရွေးမခံဘူး စိတ်ရူပ်လို့တဲ့....

အနီက ဘာမှတော့မပြောပေမယ့် မိုးZ မျက်နာကို ပြုံးပီးကြည့်နေတာမို့ ......

မိုးZ လည်း ဘာပြောရမှန်းမသိတော့ ရှက်ရယ်ပဲ ရယ်ပြမိတယ်....

(ဝတ်ရည်).....မမနီ ဟို ဝတ်ရည်ကို စပ်စုတယ်လို့တော့မထင်ပါနဲ့နော် ဟိုလေ မမနီက အရမ်းလည်းလှတယ် ဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်ကလည်းရှိတော့ ကြိုက်တဲ့သူတွေ အရမ်းများမှာပဲနော် ...

(အနီ)....ရှိပါ့ ဒါပေမယ့် မမနီကတော့ လောလောဆယ် အချစ်ရေးကို စိတ်မဝင်စားနိုင်သေးဘူး ဆေးရုံတစ်ဖတ်နဲ့ နောက်ယူမဲ့ဘွဲ့အတွက်လည်း စာတွေကျက်နေရတုန်းဆိုတော့ မအားဘူးရယ်...

(အနီ) .....ဒါနဲ့ ရှင်တို့လေးတွေက ကျွန်မကိုပဲ အင်တာဗျူးနေကျတာ ရှင်တို့စီမှာရော် ချစ်ရမဲ့သူကြိုက်ရမဲ့သူတွေ ရှိနေကျပီလား...

(မိစု).....အယ် မမနီရယ် မိစုကတော့ အချစ်ရေးကို ဦးစားပေးလို့မရသေးဘူး ကျောင်းကလည်းမပီးသေးတော့... အမ်းးးဒါပေမယ့် တစ်ချို့တစ်ချို့တွေ ကျောင်းမပီးသေးပဲ ဝင်ငွေလေးလည်းကောင်းပီး အလုပ်အကိုင်လေးကလည်းရှိတော့ အချစ်ရေးဘက် ခြေဦးလှည့်နေတဲ့သူတော့ ရှိတယ် မမနီရေ
မိစုက ပြောရင်း မိုးZ ကို မျက်စပစ်ပြနေတာမို့..

အနီရင့်ရောင် မိုးဆက်Where stories live. Discover now