လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၁
အေးစက်လွန်းတဲ့ဆောင်းရာသီရဲ့ ညတစ်ည ဝါကျင်ကျင်နဲ့ခပ်မှိန်မှိန်မီးရောင်အောက်ကလမ်းမကြီးပေါ်မှာ ဖိနပ်မပါခြေဗလာဖြင့် မိန်းကလေးတစ်ယောက် အားသွန်ခွန်စိုက်ပြေးနေလေသည်။
အအေးဓာတ်ကြောင့်ခြေထောက်တွေထုံကျင်နေပေမယ့်လည်း ပြေးနေတာကရပ်မသွားပေ။
ဒီအအေးဓာတ်က သူမရင်ထဲက စိုးရိမ်မှုတွေ အနိုင်မယူနိုင်ပါ။
" ဒုန်း ဒုန်း ဒုန်း"
ပိတ်ထားသော ဆိုင်ခန်းတံခါးကို သူမရှိသမျှအားနဲ့ထုပစ်လိုက်သည်။
" ဂျုန်း" ဆိုသောအသံနှင့်အတူ တံခါးပွင့်သွားပြီး အထဲက အိမ်မှုန်စုပ်ဖွားနဲ့ခပ်ဝိုင်းဝိုင်းမျက်နှာတခုပေါ်လာလေသည်။
" ကြီးမြင့် ဆေးရောင်းပေးပါဦး
မမ အဖျားတက်ပြီးသတိလစ်နေလို့"" ဟဲ့ အချစ်ပန်း၊ နင်ကလေ လုပ်လိုက်ရင်
ရေးကြီးသုပ်ပြာနဲ့ချည်းပဲ"" ဟုတ်တယ် ခုလဲ အရေးကြီးနေလို့
အဖျားကျဆေးမြန်မြန်ပေး ပေးပါ"" အဖျားတက်ပြီး သတိလစ်နေတာဆို အဖျားပျောက်ဆေးနဲ့ဘယ်ရမလဲ။ ဆေးရုံသွားမှပေါ့"
" ဆေးရုံသွားဖို့ ကားခတောင်မရှိတာ ကြီးမြင့်ရာ ၊ ဆေးသာပေးပေးပါ"
" ဟူး"
ကြီးမြင့်ဆိုသော အသက်လေးဆယ်ကျော်အဒေါ်ကြီးကသက်ပျင်းချလိုက်ပြီး ဆေးဘူးတွေကိုစစ်ကြည့်ရင်း အဖျားကျဆေးနဲ့ အားဆေးတချို့၊ဖြည့်စွက်စာ အချို့ကို အချိုးကျခွဲပြီး အိတ်လေးတွေထဲနေရင်း ပိန်လှီဖျော့တော့နေသော မိန်းကလေးကို တချက်ကြည့်လိုက်သည်။
" သတိလစ်နေတာဆို ဆေးနဲ့မရဘူး၊ မြန်မြန် ကားငှားပြီးဆေးရုံတင်၊ နင်ကျေနပ်အောင် ဆေးတော့ထည့်ပေးလိုက်မယ်။ ကားခနဲ့ဆေးရုံစားရိတ်ငါနည်းနည်းချေးပေးလိုက်မယ်။"
ပြောပြောဆိုဆို ငွေသေတ္တာလေးထဲမှ ပိုက်ဆံအချို့ကိုယူပြီး ဆေးထုတ်တွေနဲ့အတူပေးလိုက်သည်။
YOU ARE READING
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း
Fanfictionဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မလေးနဲ့ အသဲနှလုံးမရှိသူ အကျိုးအမြတ်ပဲတွက်သူလို့ အမည်ကျော်တဲ့ The Universe လုပ်ငန်းစုရဲ့ ဒုဥက္ကဌ " အနန္တ" အကျိုးအမြတ်ပဲ ကြည့်တတ်တဲ့ နောက်ခံမတူ...