လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၉
တရစ်ရစ်နဲ့ဗိုက်ထဲကထိုးတက်လာတဲ့လေတွေက နေရခက်လှစွာဖြင့် ပါးစပ်မှ ပြန်ထွက်သည့်တိုင် အောင် နေလို့ကောင်းမနေသေးချေ။ တအောင့်အကြာအန်အပြီးမှာတော့ အန်နေတာတွေရပ်ပြီး သက်သာလာတာကြောင့်ရေအိမ်မှထွက်ပြီး ဘေစင်မှာ လက်ကိုသေချာဆေးကြောရင်း မှန်ထဲမှာ ကိုယ့်ပုံကို ပြန်ကြည့်လိုက်မိသည်။ မျက်နှာကချောင်ကျနေပြီး လူမမာလို ဖြူဖျော့နေလေ၏။
ကိုယ်ဆီမှာဖြစ်နေတဲ့ လက္ခဏာတွေကို ပြန်သုံးသပ်ကြည့်ရင်း ပြားချပ်နေတဲ့ဗိုက်လေးကိုအသာပွတ်ကြည့်လိုက်သည်။ မောင့်ရဲ့ ကလေးလေးရောက်နေပြီထင်ရဲ့။
နှုတ်ခမ်းထောင့်လေးကို အသာပင့်တင်ပြုံးလိုက်ရင်း သေချာအောင် အပြန်မှာ ဆီးစစ်တန်ဝယ်ပြီး စစ်ဖို့အောက်မေ့လိုက်သည်။ အချစ်ပန်းလည်းမျှော်နေမှာစိုးတာကြောင့် ရေအိမ်မှထွက်ခဲ့ပြီး သူမတို့ထိုင်နေတဲ့စားပွဲဆီအသွား မျက်နှာချင်းဆိုင်ဝင်လာတဲ့အတွဲကြောင့် ထိတ်ထိတ်ပြာပြာဖြစ်သွားရပြန်သည်။
သုခအိမ်နဲ့ သူ့ကောင်မလေး။ ကလေးပုံစံမျက်နှာလေးနဲ့ ကောင်မလေးကချစ်ဖို့ကောင်းသည်။ ဒါကြောင့်လည်း မောင်က သူ့ရဲ့အချစ်ဦးဆိုသူရော၊ အချစ်ဦးကိုမမေမ့နိုင်ဘဲ ရုပ်ချင်းဆင်တဲ့သူမကိုပါယူပြီး ကွာရှင်းခဲ့သည်မဟုတ်လား။
သုခအိမ် ချစ်သူလေးက အကင်စားချင်သည်ဆိုလို့ ဆိုင်ကိုခေါ်လာခဲ့သည်။ ရှေ့မှာလျှောက်လာသည့် ဇနီးဟောင်းကိုမြင်တော့ ခြေလှမ်းတွေနှေးသွားရင်း ချောင်ကျနေတဲ့ မျက်နှာလေးကို တခဏတာငေးမိသွားသည်။ ဒါကို သတိထားမိတဲ့ သူ့ရဲ့ဘေဘီက မျက်နှာချင်းဆိုင်က အမျိုးသမီးငယ်ကိုတချက်ကြည့်ပြီး သူ့လက်မောင်းကို ပိုမိုပြီးတင်းတင်းကြပ်ကြပ်ချိတ်ကိုင်လိုက်ရင်း
" ဘေဘီ ဗိုက်ဆာနေပြီ ကိုကို မြန်မြန်သွားရအောင်"
သတိပြန်ဝင်လာတဲ့သူလည်း ခြေလှမ်းတွေကို ခပ်မြန်မြန်ပင်လှမ်းလိုက်ရင်း နေရာကောင်းတဲ့ဝိုင်းတခုကို ရှာလိုက်တော့၏။
YOU ARE READING
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း
Fanfictionဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မလေးနဲ့ အသဲနှလုံးမရှိသူ အကျိုးအမြတ်ပဲတွက်သူလို့ အမည်ကျော်တဲ့ The Universe လုပ်ငန်းစုရဲ့ ဒုဥက္ကဌ " အနန္တ" အကျိုးအမြတ်ပဲ ကြည့်တတ်တဲ့ နောက်ခံမတူ...