လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၆

6.4K 165 7
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၆
    ဆေးရုံရောက်တော့ မမက မအိပ်သေးဘဲ သူမကိုစောင့်နေလေ၏။
" ၁၀ နာရီတောင်ရှိပြီ မမ အိပ်ဖို့လိုနေပြီနော်"
" အချစ်ပန်း ကိုစောင့်နေတာလေ"
" ဟုတ်ပါပြီ မမကအားရှိဖို့လဲလိုတော့ စောင့်မနေနဲ့အိပ်ချင်အိပ်ပစ်နော်"
" ဟုတ်ပါပြီ ညစာစားခဲ့ပီလား"
"အင်း စားခဲ့ပြီ"
" အချစ်ပန်းလည်း ပိန်သွားလိုက်တာ မော်ဒယ်လ်လုပ်ရတာအဲ့လောက်ပင်ပန်းလား"
" ဝိတ်ချနေလို့ပါမမရဲ့ အရမ်းမပင်ပန်းပါဘူး"
" ကျေးဇူးပါ အချစ်ပန်းကြောင့် မမအသက်ရှင်ခွင့်ရတာ"
" အဲ့တာတွေပြောဖို့မှမလိုတာမမရာ ပြေးကြည့်မှ ဒီညီအမနှစ်ယောက်ထဲရှိတာကို"
" ဟုတ်ပါပြီ မမ နေပြန်ကောင်းလာရင်တော့ အချစ်ပန်းက ကျောင်းပြန်တက်နော် အလုပ်ကိုမမလုပ်မယ်"
" အချစ်ပန်းကျောင်းမတက်ချင်ပါဘူးမမရာ၊ ဒီအတိုင်းစီးပွားရေးပဲ  လုပ်ချင်တော့တယ်"
စကားပြောရင်း ရင်ဘတ်ထဲနည်းနည်းနာလာလို့ မိုးသွန်းလည်း အချစ်ပန်းကျောင်းပြန်တက်ဖို့ နောက်မှသေချာဖြောင်းဖြတော့မည်။
မမအိပ်ပျော်တာကိုကြည့်ရင်း ဆေးရုံအောက်ထပ်က ဆေးရောင်းသည့်ဌာနကိုရောက်လာခဲ့သည်။ Ultrasoundရိုက်တုန်းက ကိုယ်ဝန်ဆောင်တွေသောက်ရမည့်ဆေးတွေရေးပေးလိုက်တာမို့ သူမဆေးဝယ်လိုက်ပြီး ဒိုင်ယာရီစာအုပ်လေးပါဝယ်ထားလိုက်သည်။ ပဲပင်ပေါက်လေးရဲ့ဒိုင်ယာရီလုပ်ချင်သည်မို့ အမ်ထရာဆောင်းပုံလေးနဲ့နေ့စွဲလေးကိုရေးပြီး မှတ်ထားလိုက်သည်။ ပဲပင်ပေါက်လေး ကောင်းကောင်းကြီးထွာလာဖို့ ဆိုပြီး ဆေးနာမည်နဲ့ပုံလေးတွေပါဆွဲပြီး မှတ်ထားလိုက်လေ၏။ မှတ်တမ်းလေးကိုသေချာပြန်ကြည့်ပြီး အချစ်ပန်း ရင်ထဲ ပီတိလှိုင်းတို့ဖြာနေလေသည်။
..........................................................
   အနန္တနဲ့မိုးမြေသစ္စာတို့ရဲ့စေ့စပ်ပွဲသတင်းကြောင့် The Universe နဲ့ Royalလုပ်ငန်းစုရဲ့ ရှယ်ယာစတော့ဈေးတွေ တအားတက်နေလေ၏။ မှန်သားပြင်ထက်က ဒေတာတွေကိုကြည့်ရင်း အနန္တ သူ့ဆုံးဖြတ်ချက်အတွက်ကျေနပ်နေသည်။ လွန်ခဲ့တဲ့နေ့တွေက သူနဲ့မိုးမြေ ညစာအတူစားကြရင်း.....................
     " အနန္တ ငါနဲ့စေ့စပ်ရအောင်"
" ငါ အိမ်ထောင်မပြုချင်သေးဘူး"
" စေ့စပ်တာလေ လက်ထပ်တာမှမဟုတ်တာ။ အဲ့လောက်ဖြစ်မနေနဲ့ ငါလည်းအိမ်ထောင်တွင်းထဲခုန်မဆင်းချင်ဘူး။ အခုက ဖေဖေက ငါ့ကို နင်နဲ့စေ့စပ်မလား လုပ်ငန်းတွေဦးစီးဖို့လုပ်မလားတဲ့ရွေးခိုင်းနေတာ နင်လည်းသိတဲ့အတိုင်းပဲ ဖေဖေက အသက်ကြီးတော့ သူ့လုပ်ငန်းတွေငါ့ကိုလုပ်စေချင်နေပီ"
" အဲ့ဒီတော့ လုပ်လိုက်ပေါ့ နင့်ဖေဖေကိုလည်း အားနာဦးလေ"
" ငါသိတယ် ဒါပေမယ့် ငါမှစီးပွားရေးနားမလည်တာ၊ နင်နဲ့ငါသာစေ့စပ်ထားရင် လုပ်ငန်းတွေနင်လည်းကူညီပီးလုပ်တာပေါ့ ဖေဖေ့ကို"
" နင့်အကျိုးအတွက်ကြည့်တတ်တာပဲ"
"ငါ့အကျိုးတခုထဲတင်မကဘူး နင်ပါ အကျိုးရှိမှာနော်။ နင်တို့မိသားစုအရှုပ်အထွေးကိုငါလည်းဖေဖေပြောပြလို့နည်းနည်းသိတယ်။ "
မိုးမြေပြောမှသူလည်းစဉ်းစားမိသည်။ စေ့စပ်ရုံနဲ့တင်လုပ်ငန်းတွေကအင်အားကြီးလာမည့်အပြင် သူရဲ့ရေမွှေးပရောဂျက်အတွက်ပါ ရှယ်ယာရှင်တွေပါဝင်လာနိုင်သေးသည်မဟုတ်လား ပြီးတော့ လုပ်ပိုင်ခွင့်များများရှိရင် ပီတိချိုကိုလည်း အောက်ခြေသိမ်းလုပ်ငန်းကစပြီးလုပ်ဖို့ အမိန့်ပေးနိုင်မည်။ သူလည်း စီးပွားရေးလောကမှာ ဘုရင်တဆူဖြစ်ဖို့ လွယ်ကူတဲ့လမ်းမဟုတ်လား။ နှစ်ယောက်လုံးအတွက် win-win solutionဖြစ်တာမို့ လူကြီးတွေကိုအသိပေးပြီး စေ့စပ်ကြောင်းလမ်းလုပ်ခဲ့သည်။ မိုးမြေကတော့ စေ့စပ်ပြီးတာမို့ နောက်လထဲ မြန်မာပြည်က ချင်းပြည်ဘက်ထွက်မည် ထိုမှတဆင့် တိဘက်တောင်တန်းဘက်ကိုသွားမည်လို့ သူ့ကိုပဲ အသိပေးထားသည်။ လူကြီးတွေက မြန်မြန်လက်ထပ်စေချင်နေပေမယ့် ကျေနပ်အောင်စေ့စပ်ပြီးပဲ နှစ်ယောက်သားအချိန်ဆွဲဖို့တိုင်ပင်ထားကြသည်။
"နောင်ရိုး လာဗန်ဒါနဲ့စာချုပ်ကိစ္စဆွေးနွေးဖို့ မနက်ဖြန်ချိန်းလိုက်ပါ"
"ဟုတ် ဒုဥက္ကဌ"
.......................................................................
စာချုပ်စချုပ်တုန်းက တုန်လှုပ်မှုထက်ပိုတဲ့ခံစားချက်က သူမကိုစိတ်မသက်မသာဖြစ်နေလေ၏။ ထိုလူကတော့ ခပ်လှမ်းလှမ်းမှာ ဖုန်းပြောနေတုန်း။ ပြင်သစ်လိုပြောနေကြတာမို့ သူမလည်းနားမလည်ပေ။ အဲ့တာထက်စိတ်ပူတာက ကိုယ်ဝန်ကိစ္စများသိနေပီလားလို့ စိုးရိမ်စိတ်ဝင်နေမိသည်။ထိုလူသိရင် ပဲပင်ပေါက်လေးကိုသူမဗိုက်ထဲကခွဲထုတ်လိမ့်မည်မှာ သေချာပေါက်ဖြစ်သည်။ စေ့စပ်ထားတဲ့မိန်းကလေးရှိတော့ အရှုပ်အရှင်းတွေဖြစ်ပြီး ကလေးနဲ့သူ့ကိုဆွဲထားမည်စိုးရိမ်ပီး ကလေးကိုဖျက်ချမှာကြောက်နေမိ၏။
ဖုန်းပြောအပြီး ထိုလူက သူမရှိရာလျှောက်လာပြီး ဆိုဖာမှာဝင်ထိုင်လိုက်ပြီးး သူမကိုစေ့စေ့ကြည့်နေတာမို့ သူမလည်းခေါင်းကိုငုံ့နေလိုက်သည်၊
"စာချုပ်ပြည့်ဖို့ ၃ ပတ်လိုသေးပေမယ့် စာချုပ်ထဲကအချက်တွေမှတ်မိသေးလား"
စာချုပ်ထဲကအချက်တွေဆို ဧကန္တ ကလေးရှိတာသိသွားပီလားစိုးရိမ်က ရင်ထဲစိုးတထိတ်ထိတ်ဖြစ်ပြီး
" ဟို ဟို မှတ်မိပါတယ်"
" ဘာတွေလဲပြောကြည့်ပါဦး"
"................................."
" မင်း နဲ့ဒါရိုက်တာကရိုးသားရဲ့လား"
"ဟင်"
သူမကြောင်သွားသည် သူပြောတာရုတ်တရပ်နားမလည်သည်မို့။
" မင်းနဲ့ဒါရိုက်တာနဲ့ဟော်တည်တခုထဲဝင်သွားတာတွေ့လိုက်လို့"
သူထင်သလိုမဟုတ်စေဖို့ တိတ်တခိုးမျှော်လင့်နေမိသည်။
" ဟုတ်ပါတယ်"
သူမကအခုဝန်ခံနေတာလား။ သူခံပြင်းစိတ်တော့နည်းနည်းဝင်သွားသည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now