လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၁၀
အချစ်ပန်းနိုးလာတော့ မမကဘေးမှာထိုင်နေပြီး အချစ်ပန်းမျက်နှာကို တီရှူးအစိုနဲ့သေချာဖွဖွလေးသုပ်ပေးနေလေသည်။
" ညီမလေး နိုးပြီလား"
"ဟုတ်မမ သားလေးရောဟင်"
" သားအမိနှစ်ယောက်ကလိုက်လည်းလိုက်တယ်နော် သားကလည်းအပြင်ရောက်တာနဲ့အိပ်၊ အမေကလည်း သားလေးထွက်လာတာနဲ့အိပ်"
"သားလေးက ခုထိအိပ်နေသေးတာလား"
"ဟုတ်တယ် ခနပဲနိုးလာပီး ခနပဲငိုပြီး ပြန်အိပ်နေတာ။ ကလေးမနိုးခင် ကြက်စွပ်ပြုတ်လေးအရင်သောက်လိုက်နော်"
"ဟုတ်မမ"
သူမ ကြက်စွပ်ပြုတ်သောက်ပြီးတာနဲ့ တခုခုလိုအပ်နေလိုခံစားနေရပေမယ့်ဘာမှန်းမသိ။ နောက်မှသတိရတာက သူမ ပဲပင်ပေါက်လေးရော ဗိုက်ဆာနေပြီလားတွေးပူမိတာမို့
" မမကလေးကိုရော ဘာမှမကျွေးရသေးဘူးလား"
သူမက သူမကိုငေးပြီးတချက်ပြုံးရင်း
"မွေးကင်းစကလေးကို မမကဘာကျွေးလို့ရမှာလဲ။ မိခင်ကပဲနို့တိုက်ရမှာလေ။ ဟုတ်သားပဲ ပဲပင်ပေါက်လေးကို နို့တိုက်ရဦးမှာမလား၊ မမဆရာမကိုသွားခေါ်လိုက်ဦးမယ်နော်"
ထွက်သွားတဲ့မမကိုတလှည့်သားလေးကိုတလှည့်ကြည့်ရင်း တွေးရှက်နေသူက အချစ်ပန်းပါ။ ဘယ်သူမှမရှိခင် သူမရင်သားတွေကိုဖွဖွလေးကိုင်ကြည့်တော့ တင်းပြီး အတော်လေးကြီးနေသည်။ နဂိုထဲက ကိတ်တဲ့သူမို့ မီးဖွားခါစမိခင်လောင်းဖြစ်တာရောဆိုတော့ ပိုပြီးကြီးနေသည်။ ကိုင်ကြည့်ရင်း "မင်းမက်မွန်းသီးတွေကလှတယ်" ဆိုသည့်ဟိုလူပြောသည့်စကားကိုသတိရမိသွားသည်။ ရုတ်တရပ်ကြီးအဲ့တာကို ပြန်အောက်မေ့လာတာမို့ ခေါင်းထဲကထုတ်ဖို့ကြိုးစားလိုက်သည်။ သူလည်းခုဆို ဇနီးအသစ်စက်စက်လေးနဲ့ပျော်နေရော့မယ်။ ပဲပင်ပေါက်လေးရှိရာ ပုခက်ကိုလှမ်းငေးလိုက်ရင်း သန်မာပျော်ရွှင်တဲ့ကလေးလေးဖြစ်စေရမယ်လို့ သူမကိုယ်သူမကတိပေးလိုက်သည်။
မမနဲ့သူနာပြုဆရာမအတူဝင်လာသည်။ ဆရာမအကူအညီနဲ့ပထမဆုံး ကလေးနို့တိုက်ကျွေးတာက အဆင်ပြေပြေပီးသွားသလို စနစ်တကျဘယ်လိုတိုက်ရမလဲဆိုတာပါ သင်ပြပေးပါသည်။ တပြွတ်ပြွတ်နဲ့ မျိက်လုံးလေးမှိတ်ပြီး နို့စို့နေသော ပဲပင်ပေါက်လေးက သူမအပိုင်ဖြစ်သလို သူမကိုတွယ်တာမည့်သူလို့တွေးမိတော့ ပီတိတွေတဟုန်းဟုန်းဖြစ်ရပြန်သည်။ မွေးကာစဆိုပေမယ့်သားလေးရဲ့ မျက်ခုံးမွှေးလေးတွေ မျက်တောင်မွှေးလေးတွေက မဲနက်ပြီးသိသိသာသာထူသည် နှာတင်စင်းစင်းလေးတွေကြောင့်လည်း ပိုပြီးချစ်စရာကောင်းနေသည်။ သူမနဲ့လည်းမတူ ဟိုလူနဲ့လည်းမတူပဲ ကလေးက အချောလေးဖြစ်နေသည်လို့ ကောက်ချက်ချမိသည်။
YOU ARE READING
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း
Fanfictionဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မလေးနဲ့ အသဲနှလုံးမရှိသူ အကျိုးအမြတ်ပဲတွက်သူလို့ အမည်ကျော်တဲ့ The Universe လုပ်ငန်းစုရဲ့ ဒုဥက္ကဌ " အနန္တ" အကျိုးအမြတ်ပဲ ကြည့်တတ်တဲ့ နောက်ခံမတူ...