လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၇
ဖုန်းဆက်တိုက်ခေါ်နေပေမယ့် မကိုင်တာကြောင့် အမဖြစ်သူ မိုးသွန်းပန်း တခုခုဖြစ်နေတာလား စိုးရိမ်မိတာကြောင့် မမဆီ လိုက်သွားဖို့ ဆုံးဖြတ်လိုက်ကာ အပေါ်ထပ်အင်္ကျီလေးယူပြီး အပြင်ထွက်လာခဲ့လိုက်သည်။ တက္ကဆီပေါ်ရောက်မှ နေ့လည်စာစားချိန်ရောက်နေတာမို့ လမ်းမှ အသီးစုံဝယ်လာခဲ့လိုက်ပြီး စူစူလေးဆီဝင်ဖို့ ကားဆရာကို ကျောင်းဘက်မောင်းဖို့ပြောလိုက်လေ၏။
ကားလမ်းတဖက်မှာ ကားဆရာကိုရပ်ခိုင်းလိုက်ပြီး ကျောင်းရှိရာလမ်းကိုကူးဖို့ပြင်လိုက်စဉ် စူစူလေးက ဟိုလူရဲ့အမေ ဒေါ်တုနှိုင်းရတီကိုရဲ့လက်ကိုဆွဲပြီးထွက်လာတာတွေ့လိုက်ရတာမို့ ခြေလှမ်းတို့တုန့်သွားသည်။ ဒါကို တဖက် မျက်နှာချင်းဆိုင်တည့်တည့်မှ စူစူလေးကိုသေချာတွဲပြီး ထွက်လာတဲ့ ဒေါ်တုနှိုင်းရတီကလည်း မြင်လိုက်လေသည်။ အချစ်ပန်း ကိုယ့်ကိုယ်လည်းမြင်သွားတာသိနေတာမို့ လှည့်ပြန်ရမလိုလို ရှေ့ဆက်ပဲသွားရမလိုလို တွေဝေနေစဉ်ပဲ ဒေါ်တုနှိုင်းရတီက သူမရဲ့လူဖြစ်ဟန်တူသော လူလတ်ပိုင်းအရွယ်တယောက်ကိုခေါ်လိုက်ပြီး သူမကိုလည်းသေချာလှမ်းကြည့်ရင်း တခုခုပြောနေတာကို မြင်လိုက်သည်။ ထိုလူကလည်း သူမကိုလှမ်းကြည့်နေတာမို့ သူမနဲ့တခုခုပြောချင်တာမှန်း သဘောပေါက်ကာ စောင့်နေလိုက်သည်။ မကြာပါထိုလူက သူမ အနားကို ရိုရိုကျိူးကျိုးပဲရောက်လာကာ
" မမလေး မမလေးကို အန်တီကစကားပြောချင်လို့ရမလားတဲ့"
စကားပြောတာကလည်း ယဉ်ကျေးပုံနေကာ သူမကို ဒေါ်တုနှိုင်းရတီက တောင်းဆိုသလိုပုံစံမို့ မရိုင်းချင်တာကြောင့် ခေါင်းငြိမ့်လိုက်ပြီး သူမခေါ်လာတဲ့ ကားဆရာကိုတော့ ကျသင့်သလောက်ရှင်းပြီး ပြန်လွှတ်လိုက်တော့၏။ စူစူလေးတို့ရှိရာ ကျောင်းဘက်မှာရပ်ထားတဲ့ကားအနားလျှောက်လာမှ စူစူလေးက သူမကိုမြင်လိုက်ကာ အံဩသွားဟန်
" ဟလို မား "
" စူစူလေး နေ့လည်စာစားပြီးပြီလား"
" ဘွားဘွားနဲ့ခုပဲစားမလို့ဗျ"
ကြည့်စမ်းဘယ်အချိန်ကတည်းက ရင်းနှီးနေခဲ့ပါလိမ့်။ ဒင်းလေး နှုတ်လုံချက်က လက်ဖျားခါလောက်ပါပေတယ်။
YOU ARE READING
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း
Fanfictionဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မလေးနဲ့ အသဲနှလုံးမရှိသူ အကျိုးအမြတ်ပဲတွက်သူလို့ အမည်ကျော်တဲ့ The Universe လုပ်ငန်းစုရဲ့ ဒုဥက္ကဌ " အနန္တ" အကျိုးအမြတ်ပဲ ကြည့်တတ်တဲ့ နောက်ခံမတူ...