လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၁

6.4K 206 7
                                    


လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၁

နံနက်စာဝိုင်းလေးက ခါတိုင်းနဲ့မတူနည်းနည်းတိတ်ဆိတ်နေသည်။

အချစ်ပန်းက နာရီတကြည့်ကြည့် ဖုန်းတကြည့်ကြည့်ဖြစ်နေသလို

အနန္တနဲ့ စူစူလေးကလည်း အချစ်ပန်းရဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ပုံကိုကြည့်ရင်းပဲ တိတ်တိတ်ဆိတ်ဆိတ်ပဲစားနေကြသည်။

အနန္တကတော့ သူ့လုပ်ရပ်က လွန်သွားပြီး အချစ်ပန်းကိုဝမ်းနည်းသွားစေမိပြီလားလို့ ရင်ထဲနည်းနည်းတော့ စိုးထိတ်သွားသည်။ စောင့်ကြည့်ဖို့လွှတ်လိုက်တဲ့သူတွေကလည်း စိတ်ချရပါ့မလားလို့ တွေးပူမိပြန်သည်။

ညကထိတော့ စောင့်ကြည့်ခိုင်းထားတဲ့ကားတွေဆီက အဆက်အသွယ်ရသည်။

ဒီမနက်တော့ဘာမှ အဆက်အသွယ်မရ။ စိတ်ပူနေစဉ်မှာပဲ နောင်ရိုးဆီက မတ်ဆေ့ဝင်လာသည်။

" သုခအိမ်တို့ဆီသွားနေပြီ" ထိုစာကိုမြင်မှပဲ စိတ်ပူတာနည်းနည်းလျော့သွားသည်။

မနက်စာကို တို့ကနန်းဆိတ်ကနန်းစားနေတဲ့ အချစ်ပန်းကိုလည်း လှမ်းကြည့်လိုက်ရင်း

" အချစ် ထည့်စားလေ။ အရမ်းကြီးစိတ်မပူပါနဲ့၊ မိုးသွန်း အဆင်ပြေမှာပါ"

သူ့ကိုလည်းလှမ်းမကြည့်ပဲ ဖုန်းကိုတခေါက်ပြန်ကြည့်နေပြန်သည်။

ထိုစဉ်ဖုန်းဝင်လာတော့ သူမအလောတကြီးကိုင်လိုက်ကာ

" မမ မမဘယ်ရောက်နေတာလဲ စိတ်ပူနေတာ"

"......................"

" ဟုတ်လား အဲ့တာဆို ညီမလေးလာခဲ့ရမလား"

"......................."

" မမတစ်ယောက်ထဲအဆင်ပြေပါ့မလား"

"................."

" ဟုတ်"

သူမဖုန်းချလိုက်တော့ စူစူနဲ့ဟိုလူက သူမကိုစူးစမ်းလိုစိတ်နဲ့ကြည့်နေကြသည်။

" မိုးသွန်းဆီကလား ဘာတဲ့လဲ"

" ကိုသုခအိမ်တို့အိမ်မှာလို့ပြောတယ် ခု ကိုသုခအမေက ယူကြဖို့တိုက်တွန်းနေတာတဲ့ မမကိုလည်း နောက်အပတ်ထဲ ပြန်အိပ်မယ် ခုတော့ အဲ့အိမ်မှာပဲနေရမယ်လို့ပြောတယ်တဲ့ မမတော့ စိတ်ဆင်းရဲနေပြီလားမသိဘူး။ အချစ်ပန်းကြတော့လဲ အုပ်ထိန်းသူအနေနဲ့သွားလို့မရတော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး"

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now