လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၄

6.4K 192 12
                                    


လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၁၄

သူငယ်ချင်းကောင်းကိုမဆုံးရှုံးချင်ဘူးဆိုပြီး အထပ်ထပ်အခါခါတောင်းပန်နေသော မိုးမြေကိုကြည့်ပြီးလည်း အနန္တ သနားရပါသည်။ ငယ်သူငယ်ချင်းတယောက်က ဒီလောက်ထိတောင်းပန်ခယနေတာမြင်တော့လဲ မျက်ကွယ်ပြုမထားနိုင်။ ချစ်သူက သေလားရှင်လားမသိ၊ ဖခင်ကလည်း ဆေးနဲ့သာအသက်ဆက်နေရသူ၊ လုပ်ငန်းတွေလည်းမဦးစီးနိုင်ဖြင့် သူမလည်းစိတ်သောက ရောက်နေမှာအသေအချာပင်။ သူမဘက်ကို ဆက်ပြီးငဲ့ညှာနေရင်း လာဗန်ဒါတို့သားအမိနဲ့ပိုဝေးသွားမှာလည်း စိုးရိမ်မိသည်။ ထိုသားအမိကတော့ သန်မာကြမည်မှန်း သူသိသည်။ လိုအပ်ချက်တွေရှိနေနိုင်သေးပေမယ့်လဲ သူမရှိပဲ ငါးနှစ်တောင် စူစူလေးကို ပြုစုပျိုးထောင်ကြီးပြင်းလာစေပြီမဟုတ်လား။ အသက်ငယ်ငယ်လေးဖြင့် ကျောထောက်နောက်ခံအသိုင်းအဝိုင်းမရှိပဲ ရောဂါသည်အစ်မကို ရှင်သန်အောင်ကုသပေးသည်။ နေစရာအိမ်ကိုရအောင် တည်ဆောက်နိုင်သွားသည့် အပြင် တစ်ကိုယ်တော်အမေတစ်ယောက်အနေဖြင့် လိမ္မာပြီး ချစ်စရာကောင်းသည့် သားလေးကိုလည်း စောင့်ရှောက်လာနိုင်ခဲ့သည်မဟုတ်လား။ ဒီလောက်အံအားသင့်စရာကောင်းသည့် မိန်းမငယ်လေးကိုဖြင့် သူသဘောမကျပဲမနေနိုင်ခဲ့။ သူ့အနားကပ်ခဲ့သည့် မိန်းကလေးများက ပထမ သူမတို့ကို မထားသွားနိုင်ဖို့ အမျိုးမျိုးဆွဲဆောင်ကြမည်၊ ဒုတိယက သူတို့အကျိုးရရှိဖို့ သူ့ပိုက်ဆံတွေသုံးကြမည် ရသလောက်သဲ့ကြမည် ( လာဗန်ဒါလည်း သူမအတွက်ကြည့်တယ်လို့ပြောလို့ရပေမယ့် တကယ်က သူမ အစ်မဆေးကုသဖို့ရန်အတွက် သူမနာမည်ကြော်ကြားဖို့ဆို စပွန်ဆာရှာမည့်မိန်းကလေးမဟုတ်မှန်း သူခန့်မှန်းမိပီးသား)၊ တတိယ ကလေးရဖို့ကြိုးစားကြကာ ကလေးဖြင့်သူ့ကိုဆွဲထားဖို့ကြံကြသည် ( အရင် စပွန်ဆာပေးခဲ့သည့်ကောင်မလေးတွေနဲ့ အိပ်ရင် သူအမြဲကွန်ဒုံးသုံးသည် ဒါကိုမိန်းကလေးတွေက သူမသိဘူးထင်ကာ သူ့မျိုးစေ့ရဖို့ တိတ်တဆိတ် အပေါက်ဖောက်ထားကြသည်၊ လာဗန်ဒါနှင့်တုန်းက သူ သူမကိုယ်ယုံကြည်ပြီး အကာအကွယ်မသုံးခဲ့ခြင်းပင် ၊ မတော်တဆကိုယ်ဝန်သွားတာကိုပင် ဖျက်မချပဲ သူမတယောက်ထဲအားဖြင့် ကလေးလေးကိုမွေးဖွားခဲ့သည်မဟုတ်လား။ အောင်မြင်ခါစ တက်လမ်းတွေအများကြီးနဲ့ မိန်းမငယ်လေးက သူမသွေးသားကိုပဲ ရွေးချယ်ခဲ့သည်၊ စာချုပ်ထဲပါသည့်အတိုင်း ဖျက်ချခိုင်းမှာကြောက်လို့ တိတ်တဆိတ်ပဲ နာမည်ပျက်ခံပြီး မွေးဖွားပေးခဲ့သည်၊ ကလေးငယ်ကိုစွန့်ပစ်တာမျိုးလဲမလုပ်၊ ဘယ်လောက်တောင် မိခင်ဆန်ပြီးလေးစားဖို့ကောင်းလဲ။ ကလေးဗန်းပြပြီး သူ့ဆီကိုခြိမ်းခြောက်ပြီး တောင်းဆိုမှုတွေလုပ်တာလဲမရှိ၊ ဒေါ်ချိုချိုသဲလိုမလုပ်။)

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now