Part 2

197 17 22
                                    

"အန်တီတို့အဆောင်ကသန့်လည်းသန့်တယ်လေ"

"ပြီးတော့ကျယ်လည်းကျယ်တယ်..ရေချိုးခန်းအိမ်သာလည်းအကုန်ပါပြီးသားပေါ့"

ထယ်ယောင်းတစ်ယောက်အခန်းကိုပတ်ကြည့်ရင်းသဘောကျမိသည်။

သို့သော်...

"အန်တီ..အခန်းခက"

"အန်တီကများများစားစားမယူပါဘူးတစ်လကိုဒေါ်လာ300ပဲပေးပါ"

"ဒါတောင်အန်တီအများကြီးလျော့ပေးထားတာနော်"

ထိုအမျိုးသမီးမှာစျေးစစ်လို့မရအောင်ထိုစကားဖြင့်ပိတ်လိုက်လေပြီ။

ထယ်ယောင်းတစ်ယောက်မှာအခန်းကိုသဘောကျပေမဲ့အိတ်ထဲတွင်ပါလာသောပိုက်ဆံမှာမလောက်ငပေ။

သူ၏ရည်းစားဆီကနေအကူအညီတောင်းလို့ရပေမဲ့အထင်သေးသွားမှာစိုးသောကြောင့်အကူညီမတောင်းတော့ပေ။

"ကျွန်တော်ကိုဒီလိုမျိုး​သေချာ လိုက်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"အိုးးမဟုတ်တာရယ်...ဒီလောက်တော့အန်တီလုပ်ပေးသင့်တာပေါ့"

"ဟို...အားနာပေမဲ့...ကျွန်တော့မှာရှိတာနဲ့မလောက်ဘူးအန်တီ"

နားရွက်ထိတက်ချိတ်နေသောအပြုံးမှာမလောက်ဘူးဆိုသည့်စကားကြောင့်ချက်ချင်းဆိုသလိုမဲ့သွားပြီး..

"မရှိရင်လည်း...ဘာလို့လာသေးလဲ"

"ငါ့မှာတော့အာညောင်းခံ ခြေညောင်းခံပြီးလိုက်ပြ..ပင်ပန်းတာပဲအဖက်တင်တယ်"

"တောင်းပန်ပါတယ်...အန်တီကိုအလုပ်ရှုပ်စေမိပြီ"

ထယ်ယောင်းလည်းထိုအမျိုးသမီးအားအရိုအသေပေး၍ထွက်လာလိုက်လေသည်။

အဆောင်မှထွက်လာလိုက်သည်နှင့်နေအပူဒဏ်မှာရှိန်းခနဲ။

မွန်းတည့်ချိန်ဖြစ်တာကြောင့်ပို၍ပင်ပူလေသည်။

"huu....နောက်တစ်ဆောင်ရှာရမှာပေါ့"

ကင်ထယ်လည်းအဆောင်များ၏လိပ်စာများကိုရေးထားသောစာအုပ်အသေးလေးကိုဘောင်းဘီအိတ်ကပ်ထဲမှာထုတ်လိုက်လေသည်။

𝕽𝖔𝖔𝖒𝖒𝖆𝖙𝖊Where stories live. Discover now