Part 10

234 19 9
                                    


'ချာဂီယား~~~ချာဂီးယားhkhk~~ထတော့လေ~~'

ထူးဆန်းတဲ့အသံတွေကြောင့်မှိတ်ထားသောမျက်လုံးများမှာခပ်ဖြည်းဖြည်းဖွင့်လာလေသည်။

တစ်ခန်းလုံးမှောင်မဲနေလေသည်။လင်းတာဆိုလို့ကုတင်ခေါင်းရင်းတွင်ရှိသောပြတင်းပေါက်အပြင်ဘက်က ကျရောက်လာသောအလင်းပင်ရှိလေသည်။

မိုးအေးအေးကြောင့်​ဘယ် အချိန်ထိအိပ်ပျော်သွားမှန်းမသိ။ဘေးနားက စားပွဲသေးသေးလေးပေါ်မှာတင်ထားသည့်နာရီကိုကြည့်လိုက်တော့ညနေ၄နာရီခွဲကိုညွှန်ပြနေလေသည်။

ခေါင်းရင်းတွင်ရှိသည််ပိတ်ထားသောပြတင်းပေါက်ကိုကြည့်လိုက်တော့မိုးများတဖွဲဖွဲကျနေလေသည်။

"ဟင်း..ခုထိမိုးမတိတ်သေးဘူးပဲ"

ကုတင်ပေါ်မှထထိုင်လိုက်ပြီးခေါင်းရင်းတွင်ရှိသောပြတင်းပေါက်ဘက်သို့မျက်နှာမူလိုက်ပြီးပိတ်ထားသောပြတင်းပေါက်တံခါးကိုဆွဲဖွင့်ကြည့်တော့ဖွင့်မရ။

"ကျပ်နေတာများလား.."

အားထပ်သုံးပြီးဖွင့်ကြည့်တော့လည်းပွင့်မလာပေ။ဖွင့်မရတဲ့အဆုံးထပ်အားသုံးမနေတော့ဘဲအိပ်ချင်ပြေအောင်မျက်နှာသစ်ရန်ရေချိုးခန်းဆီသို့စမ်းတဝါးဝါးဖြင့်သွားလိုက်ပြီးဘေးတွင်ရှိသောမီးခလုတ်ကိုဖွင့်လိုက်လေသည်။

မီးဖွင့်လိုက်သည်နှင့်မှောင်နေသောအခန်းလေးမှာလင်းသွားလေသည်။ထူးဆန်းတာကအခန်းတစ်ခုလုံးမှာမှမီးလုံးတစ်ခုသာရှိသည်။

မီးသီးလေးမှာတစ်ခန်းလုံးကိုအလင်းရောင်အပြည့်အဝမပေးနိုင်တာကြောင့်အနည်းငယ်သာလင်းနေလေသည်။

"Jin Hyungကိုပြောပြီးမီးသီးနောက်တစ်ခုတက်ပေးဖို့အကူညီတောင်းရမယ်"

"ခုတော့မျက်နှာသစ်လိုက်ပါအုံးမယ်လေ"

ထိုသို့ဖြင့်ရေချိုးခန်းထဲသို့ဝင်သွားလိုက်လေသည်။ရေချိုးခန်းထဲတွင်လည်းထိုနည်းလည်းကောင်းအပြာရောင်မီးသီးတစ်လုံးသာရှိသည်။

ရေချိုးခန်းထဲမှာမီးသီးတစ်လုံးထဲဆိုတာဘားမှမဖြစ်ပေမဲ့အပြင်မှာတေယ့မီးသီးတစ်လုံးထဲရှိတာတော့မဖြစ်သေးဘူး။ထယ်ယောင်းမှာအမှောင်ကြောက်တက်တာကြောင့်ယနေ့ညမှာပဲဆော့ဂျက်ကိုမီးသီးအသစ်ထက်တက်ပေးရန်ပြောလိုက်မည်ဟုစိတ်ကူးထားလေသည်။

𝕽𝖔𝖔𝖒𝖒𝖆𝖙𝖊Where stories live. Discover now