Part 4

183 14 29
                                    


"ဟိုအဆောင်ခက"

"မင်းအလုပ်ရရင်ပေးပေါ့ခုတော့မပေးနဲ့"

Thတစ်ယောက်အဆောင်ခကပေးလို့ရပေမဲ့အဆောင်ခပေးမည်ဆိုရင်အစားအသောက်၊ဘေ နဲ့အခြားကိစ္စတွေအတွက်သုံးဖို့ငွေကမလောက်ငတော့ပေ။

သို့သော်သဘောကောင်းသောအဆောင်မှူးကြောင့်အကုန်အဆင်ပြေသွားလေသည်။

"hyungအဆောင်မှာစည်းကမ်းတွေတော့ရှိတယ်"

"ဟုတ်"

"စည်းကမ်းနံပါတ်၁..ဘယ်တော့မှမိန်းကလေးအဆောင်ကိုမတက်ပါနဲ့..ဘာအသံပဲကြားကြားလုံးဝမတက်နဲ့.."

"ဟုတ်"

Thလည်းစဥ်းစားတွေးတောခြင်းမပြုဘဲလက်ခံလိုက်လေသည်။

"စည်းကမ်းနံပါတ်၂..ရန်မဖြစ်ရဘူး..အဆောင်နေတဲ့လူတွေကိုလည်းရန်မစရဘူးသူတို့ကရန်လာစရင်hyungကိုလာပြော..ဟုတ်ပြီလား"

"ဟုတ်"

"စည်းကမ်းနံပါတ်၃ကတော့..ထွေထွေထူးထူးမရှိပါဘူး..မင်းကိုပြောစရာမလိုပေမဲ့လည်းပြောလိုက်ပါမယ်..လုံးဝမစက်စုနဲ့အမေးမြန်းမထူပါနဲ့ ..တချို့ဆို စက်စုရင်းဒီကနေပါပျောက်ကွယ်သွားကြတယ်.."

"ဟုတ်"

ဒီစကားကိုThနားမလည်ပေမဲ့လည်းအဆောင်မှာနေ ရဖို့အရေးလက်ခံလိုက်လေသည်။

"မင်းဒီစည်းကမ်းတွေကိုလိုက်နာရင်မင်းဒီအဆောင်မှာကောင်းကောင်းမွန်မွန်နေရမှာပါ။

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်hyung"

"ဘာလို့.."

"ကျွန်တော်လိုလူမျိုးလိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်hyung"

Thတစ်ယောက်အထပ်ထပ်အခါခါဦးညွှန့်ပြီးကျေးဇူးတင်နေလေသည်။

နှစ်ယောက်သားအခန်းတွေကိုကျော်ပြီးလျှောက်လှမ်းလာရင်းတံခါးဖွင့်နေသောအခန်းတစ်ခုအရှေ့အရောက်။

"အ့ ဟ့ ဟ့ မြန်မြန်"

"ဟေ့ကောင်..မင်းကိုတံခါးပိတ်ပြီးကြည့်လို့ပြောထားတယ်လေ"

ကွန်ပြူတာအားသဲကြီးမဲကြီးကြည့်နေသောလူမှာထိုစကားကြောင့်မျက်ခုံးများစုသွားရင်းတံခါးရှေ့သို့လှည့်လာလေသည်။

𝕽𝖔𝖔𝖒𝖒𝖆𝖙𝖊Where stories live. Discover now