busကား၏နောက်ဆုံးခုံပေါ်တွင် ထိုင်စီးရင်းလိုက်ပါလာသောကောင်လေးတစ်ယောက်။"မကြာခင်$*$မှတ်တိုင်ကိုရောက်ရှိပါတော့မယ်"
ဆိုပြီးအမျိုးသမီးတစ်ဦး၏အသံလေးထွက်လာလေသည်။ထိုအသံထွက်လာသည့်အဆုံး၊နောက်ဆုံးထိုင်ခုံတွင်ထိုင်နေသောကောင်လေးမှာထလိုက်ပြီးဘေးကမိမိ၏luggageကိုကိုင်လိုက်ရင်းbusကား၏ထွက်ပေါက်တံခါးနားသို့သွားလိုက်ပြီးဘေးတွင်ရှိသောခလုတ်အနီလေးအားနှိပ်လိုက်လေသည်။
ထိုအခါbusကားလေးမှာမှတ်တိုင်သို့ရောက်သည်နှင့်ရပ်လိုက်ပြီးထွက်ပေါက်တံခါးအားဖွင့်လိုက်လေသည်။
တံခါးဖွင့်လိုက်သည်ကြောင့်ထိုကောင်လေးမှာမိမိ၏luggagaနှင့်အတူကားမှတ်တိုင်သို့ဆင်းသွားလေသည်။
မှတ်တိုင်သို့ရောက်သည်နှင့်ဘောင်းဘီအိတ်ထဲထည့်ထားသောလိတ်စာ စာရွက်လေးအားထုတ်လိုက်လေသည်။
လိပ်စာလေးအားမိမိ၏ph GPSလေးထဲထည့်ရိုက်လိုက်လေသည်။
သို့သော်ထိုလိပ်စာမှာမရှိကြောင်းသာပြသနေလေသည်။
"ဟမ်..ဘာလို့မပေါ်တာလဲ"
"ဒါဆိုလည်းphအားမကိုးပဲလူတွေကိုမေးပြီးလိုက်ရှာယုံပေါ့ကွာ"
လိပ်စာလေးအားကိုင်ရင်းလမ်းလျှောက်လာသည်မှာစျေးတစ်ခုကိုတောင်ရောက်လာလေသည်။စျေးမှာလည်းစရိုက်ပေါင်းစုံလူများစွာနှင့်အတူရှုပ်ရှက်ခပ်နေလေသည်။
စျေးလမ်းအတိုင်းလျှောက်လမ်းလာရင်း
"ဟိုဒီကလူကြီးမင်း"
စျေးသည်အားအတင်းစျေးစစ်နေသောခပ်ချောချောလူတစ်ယောက်Thကိုလှည့်ကြည့်လာသည်။
"စိတ်မရှိပါနဲ့..ကျွန်တော့်ကိုဒီလိပ်စာလေးရဲ့နေရာကိုပြောပြလို့ရမလားဗျ"
Thမှာထိုလိပ်စာအားပြလိုက်လေသည်။
"ဒါကိုယ့်အဆောင်လေ"
"ဗျာ..ဒါဆိုကျွန်တော့ကိုလမ်းပြပေးလို့ရမလား"
"ခနစောင့်..ငါဝယ်စရာနည်းနည်းကျန်သေးလို့"
![](https://img.wattpad.com/cover/355852259-288-k167791.jpg)
YOU ARE READING
𝕽𝖔𝖔𝖒𝖒𝖆𝖙𝖊