မိုးသားတိမ်တိုက်မဲကြီးတွေမှာဆိုးလ်မြို့တစ်ခွင်အားမိုးရေစက်လေးများအသွင်ဖြင့်ဆိုးလ်မြို့တွင်သူ့ထက်ငါအပြိုင် မြေခနေကြလေသည်။မိုးစက်မြောက်မြားစွာရွာနေပေမဲ့လည်းလူသားမျိုးနွယ်တွေမှာထီးများရောင်စုံဖြင့်မိုးစက်များအားမိမိကိုယ်ပေါ်သို့မကျရောက်အောင် အကာကွယ်ယူကာတစ်နေ့တာလုပ်ငန်းများကိုဆောင်ရွက်နေကြလေသည်။
ကောင်းကင်ပေါ်ကကြည့်မယ်ဆိုရင်ထီးများရောင်စုံနှင့်သွားလာလှုပ်ရှားနေသည်ကိုတွေ့ရမည်ဖြစ်သည်။ထိုသို့ထီးများဖြင့်သွားလာနေသည်မှာလည်းမိုးရာသီသည်၏အလှကိုပန်းချီကားအသွင်ပုံပေါ်စေသည်။
ဟော..အနက်ရောင်ထီးတွေကြားမှထင်းထွက်နေသောအပြာရောင်ထီးတစ်ချောင်း..။
ကြည့်ရတာထိုထီးပိုင်ရှင်ကအလျင်လိုနေသလိုပဲ။
ဟော..လူတစ်ယောက်ကိုဝင်တိုက်မိသွားပြီ..။
နောက်ကျနေသည်ကြောင့်ဝင်တိုက်မိခဲ့သောလူအားခပ်မြန်မြန်ပဲတောင်းပန်ပြီးပြေးလာလိုက်သည်။
တိုက်မိခံရတဲ့လူကဘယ်လိုထင်သွားမလဲမသိ။
"ငါ့တော့nonaရဲ့ဆူခံထိတော့မယ်ထင်တယ်"
မိုးစက်များနှင့်အတူအေးစက်စက်လေပြည်တွေမှာသာမန်အရှိန်ထက်ပိုပြင်းပြီးတိုက်ခိုက်လာလေသည်။
အေးစက်စက်လေပြည်တွေကြောင့်ခန္ဓာကိုယ်မှာတုန်သွားလေသည်။
သို့သော်လေပြည်အေးဒဏ်ကိုအံတုပြီးအပြာရောင်ထီးပိုင်ရှင်လေးမှာ ဆိုင်တစ်ဆိုင်ထဲသို့ပြေးဝင်သွားလေသည်။
ဆိုင်တံခါးကိုဖွင့်လိုက်ဖြင့်အပြာရောင်ထီးလေးအားပိတ်လိုက်ပြီးဘေးတွင်ရှိသောထီးထည့်သည့် ခရမ်းရောင်ပုံံးလေးထဲသို့ထည့်လိုက်လေသည်။
ထီးလေးအားထည့်ပြီးနောက်မျက်လုံးတစ်စုံကိုအလုပ်ပေးလိုက်လေသည်။
"တွေ့ပြီ"
ကျောပေးပြီးထိုင်နေသောအမျိုးသမီးတစ်ယောက်။
ရွှေညိုရောင်ဆံနွယ်မှာကျောလည်လောက်ရှိပြီးအဝါနုရောင်စွယ်တာပါးပါးလေးကိုဝတ်ဆင်ထားလေသည်။
YOU ARE READING
𝕽𝖔𝖔𝖒𝖒𝖆𝖙𝖊