Part 7

170 14 32
                                    


tititititi.....

သေးငယ်သောနာရီနိုးစက်သံလေးမှာလက်တံ7သို့ရောက်သည်နှင့်စက်နဲ့အသံနဲ့မလိုက်အောင်ပင်ကျယ်လောင်စွာထွက်ပေါ်လာလေသည်။

ကျယ်လောင်လှသည့်နိုးစက်သံကြောင့်မှိတ်နေသောမျက်ခုံးတစ်စုံမှာကြုံ့သွားရင်းလက်တစ်ဖက်မှာအသံလာရာသို့ရောက်သွားရင်းနိုးစက်လေးအားပိတ်လိုက်လေသည်။

မထချင်ထချင်ဖြင့်အိပ်နေရာမှထ ထိုင်လိုက်လေသည်။ထိုင်လိုက်ပေမဲ့မျက်လုံးများမှာမှိတ်ထားစဲ။ခနလောက်ထိုင်နေပြီးမျက်လုံးတစ်စုံအားလက်ဖြင့်အသာပွတ်လိုက်လေသည်။

မျက်လုံးများကိုပွတ်လိုက်ပြီးတာတဲ့ဦးနှောက်အားအလုပ်ပေးလိုက်လေသည်။

'ဟုတ်သား..ငါအဆောင်ကိုရောက်နေတာပဲ'

စိတ်ထဲကနေပြောလိုက်ရင်းဦးခေါင်းအားညာဖက်သို့လှည့်လိုက်လေသည်။

'သူမရှိဘူးဘဲ'

ကုတင်ခြေရင်းအထိဖင်တရွတ်တိုက်သွားလိုက်ပြီးမတ်တက်ထရပ်လိုက်ပြီးလက်နှစ်ဖက်အားအညောင်းအညာပြေအောင်ဆန့်လိုက်လေသည်။

"ဟူးးအခုမှနေသာထိုင်သာရှိသွားတော့တယ်"

ပြီးသည်နှင့်အိပ်ယာကိုသေသေချာချာသိမ်းလိုက်ပြီးရေချိုးခန်းထဲသို့ဝင်လာလိုက်လေသည်။လူကတော့အိပ်ချင်မူးတူးနှင့်ပေါ့။

ရေချိုးပြီးတော့မှသူ(Th)သတိရလိုက်သည်။

"ချီးးးးငါသပတ်မပါလာဘူးပဲ"

ဝတ်ပြီးသားဘောင်းဘီကိုလည်းပြန်မဝတ်ချင်တော့ပေ။

ရေစလက်နှင့်ရေချိုးခန်းတံခါးကိုအသာလေးဖွင့်ပြီးခေါင်းထုတ်ရင်းကြည့်ကြည့်တော့ မည်သူမှမရှိတာကြောင့်ထယ်ယောင်းတစ်ယောက်စိတ်အေးသွားရလေသည်။

လူရှိရင်ကိုယ်တုံးလုံးကြီးဖြင့်ထွက်လာရမှာအဆင်မပြေဘူးလေ။သပတ်ကိုယူခိုင်းရရင်လည်းအားနာရအုံးမယ်။

ထိုအခါမှအရှေ့ကအောက်ပိုင်းတစ်နေရာလေးကိုလက်တစ်ဖတ်ဖြင့်အုပ်လိုက်ပြီးအနောက်ကိုလည်းအုပ်လိုက်ပြီးသူ(ထယ်ယောင်း) ထွက်လာလိုက်သည်။

𝕽𝖔𝖔𝖒𝖒𝖆𝖙𝖊Where stories live. Discover now