လန်းဆန်းသောခံစားချက်နှင့်အတူမျက်လုံးများပွင့်လာလေသည်။မျက်လုံးများဖွင့်သည့်နှင့်ငုတ်တုပ်ထိုင်လိုက်လေသည်။မျက်လုံးများကိုမနီးမဝေးတွင်ရှိသောကုတင်ကိုအကြည့်ရောက်သွားလေသည်။
ကုတင်ပေါ်ကအိပ်ယာများမှာပုံစံမပျက်ဘဲရှိနေလေသည်။
"နိုးပြီးပဲ"
အသံလာရာကိုကြည့်လိုက်တော့၊
ရေချိုးခန်းထဲမှဘောင်းဘီအနက်ကိုဝတ်ထားပြီးအပေါ်ပိုင်းဗလာဖြင့်ထွက်လာလေသည်။
ထွက်လာသောလူမှာသူ(Th) စကားတစ်ခွန်းပြောရင်းခေတ္တကြည့်လိုက်ပြီး၊
"ကိုယ့်နာမည်Jeon Jung Kook..မင်းရဲ့အခန်းဖော်ပေါ့"
ထိုလူမှာမိမိနာမည်ကိုမိတ်ဆက်ပြီးတာနှင့်အဝတ်ဗီရိုကိုဖွင့်လိုက်ပြီးအဖြူရောင်တပတ်ကိုထုတ်လိုက်ပြီးရေများစိုစွတ်နေသောဆံပင်များကိုသုတ်ရင်းThဆီလာလေသည်။
"ကြည့်ရတာမင်းက ကိုယ့်ထက်ငယ်မဲ့ပုံပဲ"
"ဟုတ်ကဲ့..ကျွန်တော်အထက်တန်းပဲပြီးသေးတာ"
"အော်"
ထိုသို့ဖြင့်စကားပျက်သွားလေသည်။
အတန်ကြာသည်အထိခေါင်းသုတ်ပြီးသည်နှင့်တပတ်ထုတ်သောဗီကိုထဲမှအစီရီထည့်ထားသောအက်ျီများမှအပေါ်ဆုံးကတစ်ထည်ကိုယူရင်း၊
"မျက်နှာသွားသစ်လိုက်အုံး..ပြီးရင်ကိုယ်နဲ့ညစာစားဖို့သွားမယ်"
"ဟုတ်ကဲ့"
Thလည်းအိပ်ယာမှထလိုက်ရင်းရေချိုးခန်းထဲသို့ဝင်သွားလေသည်။
Thရေချိုးခန်းထဲတွင်ဝင်သွားသည်နှင့်၊
"မအူမလည်လေးဘဲhkk"
မကြာခင်မှာဘဲThတစ်ယောက်မျက်နှာသစ်ပြီးရေချိုးခန်းထဲမှထွက်လာလေသည်။
Thရေချိုးခန်းထဲမှထွက်လာသည်နှင့်ထိုအမျိုးသားမှာအဝတ်အစားလဲပြီးသက်ရက်သောပုံစံဖြင့်Thကုတင်ဘေးစောင်းတွင်ထိုင်ရင်းပြုံးပြလာသည်။
"သွားကြရအောင်"
"ဟုတ်"
Jkမှာအရှေ့ကနေသွားပြီးThမှာအနောက်ကလိုက်လာလေသည်။မကြာခင်မှာဘဲသူ(Th)မဖြတ်သွားချင်သောအခန်းရှေ့ကိုတဖြည်းဖြည်းရောက်လာတော့သည်။
YOU ARE READING
𝕽𝖔𝖔𝖒𝖒𝖆𝖙𝖊