💜💜💜💜🖤
ရောင်ခြည်ဖျာ ရွှေရောင်သန်းလို့ ဝါနုနုအသားရောင် နက်မှောင်တဲ့မျက်ခုံး ပန်းနုရောင်နူတ်ခမ်းအစုံတို့ပေါ်၌ ခစားနေကြတဲ့ ပူနွေးနွေးနေနွေး....တောက်ပတဲ့ သူရဲ့အလင်းစူးတွေကြောင့် လခြမ်းပမာ မျက်တောင်လေးတွေက တွန့်ရူတ်ခါ အလိုမကျဟန်ပြုလိုက်တဲ့ နတ်သူငယ်ပမာ လှပသင့်တယ်လွန်းတဲ့ အမျိုးသားငယ်.....
''အင်းးး......''
ပြင်းကြောကို ခနကြာဆန့်ထုပ်ပြီး တစ်နေ့တာအတွက် အလုပ်စလုပ်ရန် အင်အားသစ်တို့ဖြင့် နိုးထလိုက်ပါသည်.....
တကိုယ်ရေ သန့်ရှင်းပြီးလို့ လုပ်လက်စအလုပ်နေရာသို့ coffecခါးခါးတစ်ခွက်နဲ့ ရောက်လာခဲ့တဲ့ နတ်သူငယ်လိုအမျိုးသား....''ဒီနေ့တော့မင်းကိုလက်စသပ်ရမယ်.... မင်းရဲ့ပိုင်ရှင်တွေကမင်းကိုလိုချင်နေကြပြီ...''
သက်ရှိတွေပမာ သူကိုယ်တိုင်လုပ်ထားတဲ့ ကြွေအိုးနဲ့ကြွေခွက်လေးတွေနဲ့ သူဒီလိုဘဲ စကားအမြဲပြောနေတက်ပါသေးသည်.....
''မင်းတို့ရဲ့ပိုင်ရှင်က မင်းတို့ကို ငါထက်ပိုပြီးတော့ တန်ဖိုးထားကြမယ်လို့ငါယုံကြည်တယ်....ဟင်းး''
ထိုသို့ပြောနေပြီး ဘာတွေကိုအတွေးရောက်သွားမှန်းမသိ ထိုကောင်လေး လူနဲ့မလိုက်အောင်လို့ သက်ပြင်းအရှည်ကြီးချခါ ငူငိုင်သွားပြန်ပါသည်....
''ပိုင်ရှင်အစစ်အမှန်နဲ့ နေခွင့်ရရင် မင်းတို့လို ငါလဲ တန်ဖိုးထားခံရမှာ....အဟင့်....''
အတွေးတွေကိုရပ်ပြစ်ခါ ပါးပေါ်ကမျက်ရည်စတို့ကို လက်မောင်းက အကျီစနဲ့သုပ်ပြစ်လိုက်သည်...
.နောက်..
.ပြီးစီးပြီးသော ကြွေးအိုးကြွေခွက်များကို အခြောက်ခံစက်ထဲသို့ထည့်ခါ မီးအားအနည်းဆုံးဖြင့်အခြောက်ခံလိုက်ပါသည်.....နာရီအနည်းငယ်ကြာမည်မို့ နေ့လည်စာစားဖို့ကိုပြင်ရန် မီးဖိုအတွင်းသို့ဝင်ခါ ချက်ပြုတ်နေလိုက်သည်....ထိုအချိန် တံခါးဝမှ လူဝင်လာသည်ကို အသိပေးစက်မှသိရသည်.....ဒါ....ထိုကောင်လေးရဲ့ ခင်ပွန်းဆိုသူ...
''ပြန်ရောက်ပြီလား....နေ့လည်စာကို ချက်ထားလို့ စားပြီးတော့အနားယူပါ....''
YOU ARE READING
EGO💜🖤
Fanfiction''ဟုတ်တယ် ငါအမှားတွေလုပ်မိ့ခဲ့တယ် အဲ့အမှားက မင်းကိုချစ်တဲ့အတ္တကြောက်ဘဲ.......''