Chapter - 11.1[Uni+Zawgyi]

1K 162 1
                                    

ယင်မင်ကျန်း ပြန်ရောက်သည်မှာ သုံးရက်မျှသာရှိသေးသော်လည်း အခြေစိုက်စခန်းထဲက အရပ်သားများအကြားရှိလေထုသည် လုံးဝကွဲပြားနေပြီဖြစ်သည်။

အထင်ရှားဆုံးကတော့ လူတိုင်းရဲ့မျက်နှာပေါ်က အပြုံးတွေပါပဲ အထူးသဖြင့် ရှီချင်း ကစားဖို့ထွက်လာတဲ့အခါမှာပေါ့။ ယင်မင်ကျန်း ပြန်ခေါ်လာတဲ့ကလေးလေးဟာ ကုသနိုင်စွမ်းရှိပြီး သူဟာလမ်းလျှောက်ထွက်ရတာကိုလည်း နှစ်သက်လေသည်။

အခြေစိုက်စခန်း၏ အစွန်အဖျားများတွင် သူတို့၏ ကုန်ပစ္စည်းများကို ပြသနေသူများ အများအပြားရှိကြသည်။ ပစ္စည်းအများစုမှာ အင်းဆက်များကျူးကျော်ဝင်ရောက်ပြီးနောက် ခြေရင်းသို့ပြောင်းရွှေ့လာကြသည့် လက်မှုပညာသည်များ၏ သူတို့၏မိသားစုများကို ထောက်ပံ့ရန်အတွက် ယခင်ကလုပ်ထားခဲ့သော လက်ကျန်တိုလီမုတ်စအရောအနှောများဖြစ်သည်။

သူတို့သည် အားနည်းသော ခန္ဓာကိုယ် သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်ရှိတတ်ကြပြီး အလုပ်ကြမ်းသမား သို့မဟုတ် စစ်သားများအဖြစ် အလုပ်အကိုင်ရှာဖွေရန် ချန်လှပ်ခံရသောကြောင့် ဒီအလုပ်ဖြင့်သာ အသက်ရှင်နေထိုင်ကြရန် တွေးတောနိုင်ကြသည်။

ရှီချင်း ရောက်မလာခင်အထိ ဒီပစ္စည်းတွေကို ဝယ်ဖို့လာသူမှာ သိပ်ကိုရှားပါသည်။

တကယ်ကတော့ ဒီခေတ် ဒီလိုအသုံးမဝင်တာတွေဝယ်ဖို့ ဘယ်သူက အပိုငွေရှိမှာတဲ့လဲ။

ဒါပေမယ့် ရှီချင်းကတော့ သူတို့ကို ရိုးရိုးရှင်းရှင်းပဲ နှစ်သက်တယ်။ သစ်ရွက်နဲ့လုပ်ထားတဲ့ အကောင်ပလောင်လေးတွေ၊ အကိုင်းအခက်တွေကနေ ယက်လုပ်ထားတဲ့ ခြင်းတောင်းလေးတွေ၊ သူ့အတွက်ဆို တောဆန်လောက်သည့် ကမ္ဘာ့ကပ်မတိုင်ခင်က ဗီဒီယိုဂိမ်းစက်တစ်ခုကတောင် သူ့ကိုကျေနပ်စေသည်လေ။

သူ့ပါးစပ်လေးဟာ "ခင်ဗျားတို့က နည်းပညာနဲ့ ပတ်သက်ရင် အရမ်းခေတ်နောက်ကျလွန်းတာပဲ" လို့ မောက်မာစွာ ပြောနေခဲ့ပေမယ့် သူ့ခန္ဓာကိုယ်က‌တော့ အဲဒါကို ဝယ်ဖို့ ကြိုးစားခဲ့သည်။  သူသည် ပစ္စည်းများအား စုပုံကာဖွက်ထားတတ်သည့် ကြွက်ငယ်လေးကဲ့သို့ ထူးဆန်းသော တိုလီမိုလီလေးတွေကို နေ့တိုင်းကြိုးကြိုးစားစားဝယ်လို့နေခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now